နူးညံ့ပြီး အရသာရှိတဲ့ အူဒုံ ဂျပန်ခေါက်ဆွဲကို ဂျုံမှုန့်၊ ရေနှင့် ဆားတို့ဖြင့် ပြုလုပ်ရပါသည်။ #LGTmyanmar, #BBKmyanmar
အိမ်မှာ ပြုလုပ်နိုင်တဲ့ အူဒုံ ဂျပန်ခေါက်ဆွဲ
- ရေ ၁၈၀ ဂရမ်တွင် ဆား ၂၀ ဂရမ်ကိုထည့်ပြီး ရောသမ မွှေပေးပါ။ ဆား ပမာဏ များနေသော်လည်း ရေတွင်ပျော်ဝင်အောင်ရောပေးပါ။ ဂျုံမှုန့် ၄၀၀ ဂရမ်ကိုထဲသို့ ဆားရည်များ ဖြည်းဖြည်းချင်း ထည့်ပေးပြီး လက်ဖြင့် ဂျုံလုံးများဖြစ်သွားသည် အထိ ဖိနယ်ပေးပါ။
- ဂျုံလုံးများကို ၁၀ မိနစ်ခန့် ထပ်ခါထပ်ခါ လက်ဖြင့်နယ်ပေးပါ။
- ထို့နောက် ဂျုံလုံးများကို Food Bag ကြီးတစ်ခုထဲ ထဲသို့ထည့်ပါ။ Food Bag ထဲသို့လေမခိုအောင်ကိုစေပဲအိတ်ထဲမှာ မိနစ် ၃၀ လောက် လေမပါစေပဲ ထားပေးပါ။
- လေမရှိတော့တဲ့အခါ တဘတ် နှစ်ခုကြား food bag ကို ထည့်ထား ပြီး တစ်ခါနင်းရင် တစ်မိနစ် ၁၀မိနစ်ကြာအောင် ၁၀ကြိမ် နင်းခြေပေးပါ၊
- အဲဒီနောက် နှစ်နာရီထားပြီးပြီးဆိုရင် ဂျုံလုံးကို ဒလိမ့်တုန်းဖြင့် လှိမ့်ပေးပါ။ ဒလိမ့်တုံးကို မုန့်ပတ်ပြီး လှိမ့်ပါ။ လှိမ့်ပေးတဲ့အချိန်မှာ ကိုယ့်ဘက်ကနေ အရှေ့ဘက်ကို တွန်းဖိ လှိမ့်ပေးရပါမယ်။
- မကပ်စေဖို့အတွက် ပြောင်းဖူးမှုန့် ဒါမှမဟုတ် ပလောပီနံမှုန့် ကို ဖြူးပေးပါ။
- ဂျုံလုံးကို ပြားသွားအောင် လှိမ့်ပြီး 4 mm အထူ ရအောင်လှိမ့် ပေးပါ။
- ဒီအထူကို ရပြီဆိုရင် စာရွက်ခေါက်သလိုမျိုး အရှေ့ဘက်ကို ၃ပုံတစ်ပုံ ကျန်အောင် ခေါက်ပြီးနောက်အနောက်ဘက်ကို ပြန်ခေါက်လိုက်ပြီး အောက်အဆင့်နဲ့ အရွယ်တူ နောက်တစ်ခေါ ခေါက်ပါ ။ နောက်ဆုံးမှာ အရွယ်တူသွားတဲ့ထိ ၃ ကြိမ်ခေါက်ပါမယ်။
- ခေါက်ထားတဲ့ ဂျုံတွေကို 5 mm အရွယ်အစား လှီးပေးပြီးတော့ ခေါက်ရာလေးတွေကို ဖြည်လိုက်ပါ။ ခေါက်ဆွဲစိမ်းများကို ရေခဲသေတ္တာထဲတွင် နှစ်ရက် သို့မဟုတ် ထိုထက်ပိုကြာအောင် ထားနိုင်သည်။
- ခေါက်ဆွဲစိမ်းများကို ပွက်ပွက်ဆူနေသော အိုးကြီးထဲသို့ထည့်ပြီး ညင်ညင်သာသာ မွှေပေးရမည်ဖြစ်သည်။ ၇ မိနစ်ခန့် ချက်ပြုတ်ထားရပါမည်။ ထို့နောက် အူဒုံ ခေါက်ဆွဲ စားသုံးနိုင်မည်ဖြစ်သည်။