နာနတ်သီးစားပြီးတိုင်း တဝက်လောက်က အမှိုက်ဖြစ်ပြီးဆွေးမြေ့သွားပေမယ့် နာနတ်သီးခွံကနေ ဆပ်ပြာဆီ ထုတ်လုပ်နေတဲ့ company လဲ ရှိပါတယ် ။ သဘာဝအတိုင်း အချဉ်ဖောက်ထားတဲ့ အသီးခွံက ချဉ်ပေမယ့် သဘာဝ အက်ဆစ်နဲ့ ဗီတာမင်တွေ အများကြီး ပါဝင်နေပါတယ်။ #LGTmyanmar, #BBKmyanmar
ဆပ်ပြာပြုလုပ်ဖို့ တိရိစ္ဆာန်အဆီကနေ လူသားတွေရဲ့ စွန့်ပစ်အညစ်ကြေးထိ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုကြတယ်။ ၂၀ ရာစုနှစ်လောက်က လောင်စာကနေ ဆပ်ပြာထုတ်နိုင်တဲ့ နည်းလမ်းကို ဖော်ထုတ်ပြီးတဲ့နောက်ပိုင်း ဆပ်ပြာမှုန့် ၊ ဆပ်ပြာဆီ၊ ကြေးချွတ်ဆေးရည် အစရှိတဲ့ ကြေးချွတ်နိုင်တဲ့ ဆပ်ပြာတွေထုတ်လုပ်နိုင်ဖို့ လမ်းကြောင်းတွေ့လာခဲ့ပါတယ်။
- ပြဿနာရှိတာတစ်ခုက chemical တွေ ရေထဲစွန့်ပစ်တဲ့အခါ ရေထဲမှာ ရေညှိတွေ တိုးလာပြီးတော့ ထူထဲတဲ့ အညစ်အကြေးတစ်လွာ ဖြစ်တည်လာပြီးတော့ သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်ပါတယ်။ chemical တွေ စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းခဲ့ရပြီး ၁၉၆၀ လောက်မှာ Lake Erie ဟာ လုံးဝပျက်စီးသွားခဲ့ရပါတယ်။ မြစ်ထဲက ရေနဲ့ ထိတွေ့လို့ မရလောက်တဲ့အထိ လူသားတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလဲ ကြေးချွတ်နိုင်တဲ့ ဆပ်ပြာတွေရဲ့ စွန်ပစ်ဓာတုပစ္စည်းတွေဆိုးကျိုးတွေက ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေပါတယ်။
- နာနတ်သီး ဆပ်ပြာဆီထုတ်လုပ်ပုံ
- Fuwa Biotech ကနေ နာနတ်သီး စက်ရုံကနေ စွန့်ပစ်အခွံတွေကို ဝယ်ပါတယ်။ သစ်သီးစက်ရုံကအလုပ်သမားတွေက နေ့တိုင်း အခွံထောင်ချီ ကို ခွာပေးရပါတယ်။ ဒီအလုပ်က နေ့တစ်ဝက်လောက်လောက်တော့ ကြာပါတယ်။ ဒီအခွံတွေက ပုတ်သွားရင် မကောင်းတဲ့ဂတ်စ်တွေ ဖြစ်လာပါတယ်။ သစ်သီးစက်ရုံကနေ Fuwa Biotech ဆပ်ပြာစက်ရုံကိုရောက်ဖို့ ၂မိုင်လောက်သွားရပြီးတော့ စက်ရုံရောက်တာနဲ့ အခွံတွေကို အချိန်ယူပြီး ရေဆေးပါတယ်။
- ဆပ်ပြာဆီပြုလုပ်ဖို့ အရေးကြီးတဲ့ အင်ဇိုင်း
- သကြားက အစားအစာတွေကို အချဉ်ဖောက်ပေးနိုင်တာကြောင့် သကြားနဲ့ ရေနဲ့ ရောထားပြီးတဲ့နောက် နာနတ်သီးခွံတွေ ထပ်ထည့်ပါတယ်။ သကြားကနေ အရက်လိုမျိုး အကျိုးပြု ဘတ်တီးရီးယားနဲ့ တဆေးဖောက်လာတဲ့အခါ စွန့်ပစ်အခွံကနေ ဆေးကြောနိုင်တဲ့ အရည်ဖြစ်လာပါတယ်။
- သူ့ရဲ့လျိုဝှက်ချက်က နာနတ်သီးကနေ အင်ဇိုင်းနဲ့ အက်ဆစ်ထုတ်ပေးတာဖြစ်ပါတယ်။ အင်ဇိုင်းက လူ့ခန္ဓာကိုယ်ရဲ့ အစာချေစနစ် လိုမျိုး ဓာတ်ပြုမှုမြန်စေပါတယ် အင်ဇိုင်းက ဆဲလ်အတွင်းပိုင်းထိ ဝင်ရောက်နိုင်ပြီး ရောဂါပိုးမွှားတွေကို ပြိုကွဲသွားစေပြီးတော့ ဘတ်တီးရီးယားတွေကို သေစေနိုင်တာ လုပ်ဆောင်ချက်တွေ နှေးကွေးသွားအောင်လုပ်ပေးနိုင်ပါတယ်။
- ဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်
- အသီးကို ကစော်ဖောက်တာ နည်းစနစ်အသစ်ဖြစ်ပြီးတော့ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။နာနတ်ခွံကနေ ရရှိလာတဲ့ အင်ဇိုင်းကို အရောင်ချွတ်ဆေးနဲ့ ရေ ရောပြီး စစ်းသပ်ကြတဲ့အခါ ဘတ်တီးရီးယားတစ်မျိုးကို သေစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိလာပြီးတော့ ရေဆိုးရေညစ်တွေကိုတောင် သန့်စင်ပေးနိုင်လိမ်မယ်လို့ ယူဆကြပါတယ်။
- ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်
- အရောင်ချွတ်ဆေးက ပိုးမွှားတွေ သေစေနိုင်ပေမယ့် ဆိုးကျိုးအများကြီးရှိပါတယ်။ အသားအရည်အက်ကွဲခြောက်သွေ့တာ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေက ဓာတုပစ္စည်းတွေကို အသုံးပြုလို့ ဆိုတာ သတိထားမိလာတဲ့နောက် သဘာဝပစ္စည်းတွေနဲ့ အစားထိုးထုတ်လုပ်နိုင်ဖို့ ဖြစ်နိုင်မလား စဉ်းစားလာကြပြီးတော့ နာနတ်သီးခွံတွေက ဖြစ်နိုင်ခြေများတဲ့ အရာဆိုတာ ရှာဖွေတွေ့ရှိလာပါတယ်။ နောက်ထပ် စူးစမ်းလေ့လာမှုတွေ အများကြီးတော့ လိုအပ်ပါသေးတယ်။
- အင်ဇိုင်းတွေရဲ့ အဓိက အားနည်းချက်က ရေရှည်ခံနိုင်ဖို့ပါ။ တချို့ အပူချိန်နဲ့ဆို အလုပ်မလုပ်တာတွေရှိပါတယ်။နာနတ်သီး ဆပ်ပြာဆီက ၂နှစ်အတွင်း သုံးနိုင်ရင် သက်တမ်းမလွန်ပဲ စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဒီ အကြောင်းအရာက အင်ဇိုင်းရဲ့ အကျိုးကျေးဇူးကို သိရှိစေပြီးတော့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ရှိနိုင်တာကို သတိပြုမိစေဖို့ မျှဝေလိုက်ပါတယ်။