.
သလဲသီးစိုက်ပျိုးမှုလုပ်ငန်းရဲ့ အခက်အခဲများ
သြစတြေးလျနိုင်ငံ Adelaideမြို့ ၏ အရှေ့ဘက်ရှိ Ponga ပြည်နယ်တွင် ပြီးခဲ့ရာသီက သလဲသီးစိုက်ပျိုးခဲ့ပေမယ် ဝင်ငွေရရှိဖို့တော့ ဦးစားပေးမလုပ်ခဲ့ပါဘူး။ အစတုန်းကတော့ ဒီမြေကို ဆည်မြောင်ရေပေးဝေရေးစနစ်ကို စမ်းသပ်ဖို့အတွက် စီစဉ်ထားခဲ့တာပါ။ နောက်တော့မှ သလဲလီးစိုက်ဖို့ဖြစ်လာခဲ့ပြီးတော့ Australia ရာသီဥတုနဲ့ ဘယ်လိုစိုက်ပျိုးရင် ရမလဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။ #LGTmyanmar, #BBKmyanmar
အရင်တုန်းကတော့ ခြံအနောက်ဘက်မှာ သလဲသီးပင်တွေ စိုက်ထားဖူးတော့ လွယ်ကူမယ်လို့ ထင်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာ စတင်စိုက်ပျိုးတဲ့ အခါမှာတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိုက်ပျိုးရမယ်ဆိုတာ သိလာခဲ့တယ်။ သလဲသီးကို ဝင်ငွေကောင်းအောင် စိုက်ပျိုးရောင်းချတဲ့ နည်းလမ်းကို သြစတြေးလျမှာ သိတဲ့လူသိပ် မရှိခဲ့ပါဘူး။ သလဲသီးတွေ ရင့်မှည့်လာသည့် အချိန်မှာ နိုင်ငံရပ်ခြားမှာ သူတို့တွေ ဘယ်လိုတွေ ရောင်းချနေတယ် ဆိုတာသွားရောက်လေ့လာခဲ့တယ်။ သြစတြေးလျမှာ သလဲသီး ဈေးကွက်က အစပျိုးနေဆဲ လုပ်ငန်းတစ်ခုလို့ ထင်ကြတယ်။
ဘယ်လို လုပ်ရမှန်းမသိသေးခင် စိုက်ပြီး ၃ နှစ်လောက်မှာ တန် ၇၀ လောက်ထွက်နေတာကို အနီးနားက လယ်သမားတွေ ကို ပေးလိုက်ကြတယ်။ စားချက်အစီအစဉ်တွေမှာ သလဲသီးပါဝင်လာကတည်းက ထုတ်ပိုးရောင်းချတဲ့ အစီအစဉ်ကို စတင်နေပြီ။ သလဲသီးသက်တမ်းက အရမ်းတိုတာကြောင့် မြန်မြန်မရောင်းနိုင်ရင် ကြာရှည်သိမ်းထားဖို့က မလွယ်ကူဘူး။
မရောင်းရပဲကျန်နေတဲ့ အသီးတွေနဲ့ ဒုတိယ အဆင့်ရှိတဲ့ အသီးတွေကို လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည် ပြုလုပ်တာက အေးခဲနေတာက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပေမယ့် သြစတြေးလျ မှာ ရေခဲသေတ္တာထဲ ထည့်ရောင်းဖို့က အဆင်မပြေပါဘူး။
ရေရှည်ခံမယ့်နည်းလမ်းဖြစ်တဲ့ pasteurized juice တွေ စလုပ်ဖြစ်ပြီးတော့ ရေဓာတ်လျော့ချတဲ့ နည်းလမ်းနဲ့ တာရှည်ခံအောင် ပြုလုပ်ပါတယ်။ ဒီလိုလုပ်တာက ထုတ်ကုန်တန်ဖိုးကို မြှင့်တာဖြစ်ပြီးတော့ ခုလိုလုပ်ရတာ ကုန်ကျစရိတ် များပါတယ်။
သူ့ရာသီနဲ့ သူ သီးတာဖြစ်လို့ နှစ်စဉ်တိုင်း သူ့ရဲ့သက်တမ်း ရှည်စေဖို မတူညီတဲ့ မျိုးကွဲတွေကို စမ်းသပ်စိုက်ပျိုးရုံမက နေဒဏ်ကိုခံနိုင်တဲ့ မျိုးကို ရှာရပါတယ် ။ ဒီနည်းလမ်းက အကုန်အကျတော့ များပါတယ်။
Xylella ဘတ်တီးရီးယား ပါလာတဲ့ ကိုင်းကူးစိုက်ပျိုးမယ်အပင် ၇၀၀ ကျော်ကို Israel ကနေ ဝယ်လာပြီးတော့ စိုက်ပျိုးရေးဌာနရဲ့ hot water treatment အစီအစဉ် နဲ့ တသီးတသန့် ခွဲထားလိုက်တဲ့အချိန်မှာ အပင် ၁၃ ပင်ကပဲ ရှင်ခဲ့တာကြောင့် ဆုံးရှုံးမှုများခဲ့ရတယ်။
သလဲသီးတွေကို လက်လီ တစ်ကီလို 80$နဲ့ ရောင်းနေပြီး အလုပ်သမား စားရိတ်များတာကြောင့် တစ်ရက်ကိုကီလိုအများကြီး မထုတ်နိုင်ပေမယ့် စက်တွေနဲ့ ထုတ်တဲ့အခါ ထုတ်နိုင်တဲ့ အရည်အတွက်များလာတယ်။
သလဲသီးရဲ့ အနာဂါတ်အလားအလာ
သလဲသီးကနေ ထွက်လာတဲ့ စွန့်ပစ်ခွံတွေကို အသားအရည်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေမှာ သုံးဖို့ Melbourne University တွေရဲ့ ကျောင်းသားတွေက စမ်းသပ်ခဲ့ကြတယ် ။ အသားရည်ကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေ အများကြီး ပါဝင်နေပြီးတော့ အလှကုန်တွေမှာ သုံးဖို့အတွက် စမ်းသပ်နေဆဲပဲ ဖြစ်ပါတယ်။
၂၀၂၁ မှတ်တမ်းတွေအရ သလဲသီးလုပ်ငန်းက ၁၀.၅ မီလီယမ် တန်ဖိုးရှိလာပြီးတော့ တခြားစိုက်ပျိုးသူတွေလဲ ရှိလာခဲ့တယ်။ အပြစ်အနာအဆာ မရှိတဲ့ အသီးဖြစ်ဖို့က အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီးတော့ အမြင်လှဖို့ လိုသလို အထဲမှာ ပါတဲ့ သလဲသီးစေ့တွေက အရသာ ကောင်းဖို့ လို့ပါတယ်။ အပြင်အခွံမှာ အပြစ်အနာအဆာ ရှိနေတယ်ဆိုရင် သလဲသီးစေ့တွေက မကောင်းပါဘူး။
အဆင့်မြင့်စာဖိုမှုးတွေက သလဲသီးအရသာက သဘာဝအချိုဓာတ်ဖြစ်လို့ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ တခြားနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက အဓိကကျပြီးတော့ နိုင်ငံတွင်းဈေးကွက်က ခိုင်မာလာပြီး Europe မှာလဲ ဈေးကွက် ကျယ်ပြန့်လာပါပြီ။
အနာဂတ် အလားအလာအနေနဲ့ကတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီးတော့ ရေရှည်သွားရတဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်နေတာကြောင့် နောက်ဆုံးမှာ အောင်မြင်မှုရရှိလာမယ်လို့ ယုံကြည်နေပါတယ်။