အလုပ်မှာ ညှိနှိုင်းဆောင်ရွက်တက်ဖို့ လူမှုဆက်ဆံရေးနည်းလမ်း (၇) သွယ်



ညှိနှိုင်းဆောင်ရွက်တက်တဲ့စွမ်းရည်ကို လေ့ကျင့်ထားမယ်ဆိုရင် ကိုယ်ရဲ့ စွမ်းရည်ကို အသိအမှတ်ပြုတာခံရမှာပါ။ ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်တာက လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်အဖြစ်ကို အထင်ရောက်စေပါတယ်။ #LGTmyanmar , #BBKmyanmar

လူမှုဆက်ဆံရေးနည်းလမ်း ပရိယာယ်ဆိုတာ အမှန်မကန် ပြောဆိုပြုမှုတာ မဟုတ်သလို လူတစ်ယောက်ကို ကြိုးကိုင်ချယ်လှယ်နိုင်မယ့် ပညာရပ်မဟုတ်ပါဘူး ။ ကိုယ်လိုချင်တဲ့ အခြေအနေရောက်ဖို့ နားဝင်ချိုအောင် ပြောနိုင်ပြီးတော့ တစ်ဖက်သားယုံကြည်လက်ခံလာစေဖို့ လိမ္မာပါးနပ်စွာနဲ့ ညှိနှိုင်းတက်တဲ့ စွမ်းရည်တစ်ခုပါ။

တခြားသူတွေအပေါ် စိတ်ပျက်တာ စိတ်အနှောင့်အယှက်မဖြစ်ပဲနဲ့ ကိုယ့်ရဲ့ အမြင်တွေကို ရိုးရိုးသားသား ဖော်ပြနိုင်ပြီတော့ တုန့်ပြန်မှုတွေကို လက်ခံနိုင်ရမယ်။ ကိုယ်လိုချင်တာကို ညှိညှိနှိုင်းနိုင်းဆောင်ရွက်ချင်စိတ်ရှိဖို့ လေ့ကျင်နေတယ်ဆိုတာက ကိုယ့်ရဲ့ ရွေးချယ်မှု တစ်ခုပါ။

ရာထူးတိုးချင်တဲ့ မန်နေဂျာ တော်တော်များများနဲ့ စကားပြောဖူးတယ် သူတို့မှာ စိတ်အနှောင့်အယှက် မဖြစ်ပဲနဲ့ အေးအေးဆေးဆေး ညှိနှိုင်းပြီး ရာထူးတိုးပေးဖို့ ပြောနိုင်တာမျိုး သိပ်မတွေ့ရဘူး ။ ဘယ်သူနဲ့မဆို အဆင်ပြေပြေဖြစ်နေစေဖို့ ကိုင်တွယ်နိုင်တာကလဲ ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုပါပဲ။

  • ကိုယ့်ရဲအလုပ်ကို တန်ဖိုးထားပြီးတော့ အလုပ်မှာ ပျော်ရွင်ချင်တဲ့သူတိုင်းမှာ တစ်ရုံးတည်းသားတွေနဲ့ အလုပ်ခွင်ဆက်သွယ်ရေးက အရေးကြီးပါတယ်။ အလုပ်မှာ တစ်ယောက်နဲ့တစ်ယောက် စိတ်အနှောင့်အယှက်မဖြစ်စေတဲ့ သံတမန်နည်းလမ်းတွေနဲ့ ညှိနိုင်းဆောင်ရွက်နိုင်ဖို့ နည်းလမ်း (၇) ခု ကို အသုံးပြုနိုင်ဖို့ မျှဝေပေးပါမယ်။
  • တစ်ခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ စကားလုံးတွေ မသုံးပဲ ကိုယ်ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြနိုင်တာက စီမံခန့်ခွဲရေးက တန်ဖိုးထားတဲ့ အရည်အချင်းတစ်ခုပါ။
  • လုပ်ငန်းခွင်မှာ ဒီအပြုအမူတွေကို ရှောင်နိုင်တာက company မှာရှိတဲ့ အဆင့်ဆင့်သော ဝန်ထမ်းတွေအားလုံးနဲ့ ကျယ်ပြန့်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် စကားပြောတဲ့ အခါ တည်ငြိမ်စွာနဲ့ ပြောဆိုဆက်ဆံတက်ပြီးတော့ တဖက်သားကို မနှစ်သက်တဲ့ အမူအရာတွေကိုရှောင်ပြီးတော့ စိတ်သက်ရာရစေတဲ့ နေရာမှာ ခံစားချက်တွေနဲ့ အပြစ်တင်တဲ့လေသံတွေ မပါဝင်ပဲ အချက်အလက်တွေကို အခြေခံပြီး ပြောဆိုတက်မယ်ဆိုရင် ကောင်းမွန်တဲ့ တုန့်ပြန်မှု မှတ်ချက်မဟုတ်ဘူးဆိုရင်တောင် တဖက်သူက လက်ခံနိုင်မှာပါ။
  • ညှိနှိုင်းဆောင်ရွက်နိုင်တဲ့သူတွေက အလုပ်မှာ ဆက်သွယ်ပြောဆိုရတာ ပိုလွယ်ကူပြီးတော့ အဲ့လိူလူမျိုးက ပြောတာဆိုရင် သူပြောတာကို ပိုပြီးတော့ မှတ်ထားချင်တယ်။ သူပြောချင်တဲ့ အကြောင်းအရာကို နားလည်ဖို့ အားထုတ်ကြတယ်။ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ အကြောင်းတရားတစ်ဝက်လောက်က ညှိနိုင်းဆောင်ရွက်နိုင်ခြင်းပါ။  ညှိနိုင်းပြောဆိုနိုင်တဲ့ အားသာချက်က ကိုယ့်ရဲ့ လမ်းကြောင်းမှာ အားကောင်းတဲ့ network တစ်ခု တည်ဆောက်နိုင်ခြင်းပါ။
  • လူနှစ်ယောက်နဲ့ နမူနာပေးရမယ်ဆိုရင် ပထမလူ က နှစ်လိုဖွယ်ကောင်းတယ် အလုပ်လုပ်တာတော်ပြီးတော့ ရိုးသားတယ် ဒါပေမယ့်.သူနဲ့ အကြောင်းအရာတစ်ခု ဆွေးနွေးပြောဆိုတဲ့အခါနဲ့ သူဆီကနေ တုံ့ပြန်မှုတွေရတဲ့အခါတိုင်းမှာ စိတ်ပင်ပန်းရတယ်။
  • ဒုတိယလူကလဲ နှစ်လိုဖွယ်ကောင်းတယ် အလုပ်လုပ်တာတော်ပြီးတော့ ရိုးသားတယ်  သူနဲ့ အကြောင်းအရာတစ်ခု ဆွေးနွေးပြောဆိုတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေအပေါ် အလေးထားပြီးတော့ ညှိနှိုင်း ပြောဆိုတက်တဲ့သူဆိုရင် ဒုတိယတစ်ယောက်နဲ့ ဆက်သွယ်ညှိနှိုင်းရတာ ပိုလွယ်ကူပြီးတော့ စိတ်ရှုပ်ရတာလဲ နည်းပါတယ်။ ပိုသက်တောင့်သက်သာဖြစ်ပြီး ကိုယ်လုပ်ထားတဲ့ အလုပ်ပေါ် အသိမှတ်ပြုခံရတယ်လို ခံစားရစေတယ်။ တခြားသူတွေကိုလဲ သူတို့ကိုယ်သူတို့ ဘယ်လိုခံစားရတယ်ဆိုတာ ထုတ်ဖော်ပြောဖို့ တွန်းအားပေးမှသာ သူတို့ရဲ့ အတွေးတွေ မျော်လင့်ချက်တွေ အိမ်မက်တွေကို သိမှသာ အဲဒီသူတွေကို ပိုပြီးတော့ နားလည်နိုင်မယ်။

  • တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု တည်ဆောက်နိုင်ပြီးတော့ တန်ဖိုးရှိတဲ့ နေ့စဉ် လူမှုဘဝနဲ့ ကျွမ်းကျင်တဲ့  လူမှုဆက်ဆံရေးကို လုပ်ဆောင်နိုင်မယ်ဆိုရင် အလုပ်လုပ်ရတာပိုလွယ်ကူလာမယ်။ အလုပ်တစ်ခုပြီးမြောက်ဖိုအတွက် တစ်ခြားသူတွေက အထောက်အကူပေးနိုင်တာမို့ အသိမိတ်ဆွေတိုးပွားလာခြင်းက ပိုကောင်းတဲ့ အလုပ်ကို ရနေတာပါပဲ 
  • ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း ခင်မင်စရာကောင်းတာနဲ့ ယုံကြည်ရခြင်း ဆိုတဲ့ အရည်အချင်း၃ခုလုံးသာ ရှိနိုင်အောင်ကြိုးစားမယ်ဆိုရင် ကျွမ်းကျင်တဲ့ လူမှုဆက်ဆံရေးရှိတဲ့ သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

  • ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ နည်းလမ်း (၇) ခု

  • ကိုယ်ကိုယ်ကို မန်နေဂျာတစ်ယောက်ဖြစ်လာမယ့်သူလိုမျိုး သဘောထားပြီးတော့ လေ့ကျင့်ပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ customer တွေ supplier တွေက စပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ရှင်တွေအားလုံးနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေး ကို တည်ဆောက်နိုင်ရသလို မကောင်းတဲ့ တုံ့ပြန်မှုတွေ လိုအပ်ချက်ရှိတဲ့ လုပ်ဆောင်ချက် တွေအပေါ် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိရပါမယ်။ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီးတော့ တဖက်သားအပေါ် အလေးအနက်ထား ဆက်ဆံမယ်ဆိုရင် ကိုယ်နဲ့ အလုပ်လုပ်ရတာ အဆင်ပြေ ပျော်ရွင်ကြမှာပါ။

  • နည်းလမ်း (၁) မပြောခင် အကြောင်းအကျိုး စဉ်းစားတက်တဲ့ အကျင့်ကောင်းရှိပါ

  • ဘာပြောရမလဲကြိုတင်ပြင်ဆင်ပြီးတော့ ကိုယ်ပြောတာကို တခြားသူက ဘယ်လိုယူဆနိုင်သလဲ တွေးပေးပါ။ကိုယ်ပြောချင်တာကို ရှင်းလင်းတိကျတဲ့ စကားလုံးရွေးချယ်ပြီတော့ ကိုယ်ပြောချင်တာကို တဖက်သူ  နားလည်မှု လွဲနိုင်တာမျိုးကို မရှိအောင် ကြိုတင်ပြင်ဆင်နိုင်တဲ့ပေါ်မူတည်ပြီးတော့ ထိရောက်မှု အများကြီးကွာသွားနိုင်ပါတယ်။

  • နည်းလမ်း (၂) တဖက်သားကို စိတ်ဝင်စားပါ။
  • တစ်ဖက်သူ အကျင့်စရိုက်တွေကိုလေ့လာနိုင်ဖို့ သူပြောတာကို နားထောင်တက်တဲ့ အကျင့်ကလဲ သူ့အကြောင်း သိစေဖို့လွယ်ပါလိမ့်မယ်။  ဘယ်အရာတွေက သူ့ကိုစိတ်လှုပ်ရှားစေလဲ ဘယ်အရာတွေကို လုပ်ရမှာ ဝန်လေးနေလဲ ဘယ်အရာတွေက သူကိုစိတ်ဆိုးစေလဲ စသည်ဖြင့် လေ့လာနိုင်ပါတယ်။
  • သူ့ကို ကိုယ်ချင်းစာပေးပြီးတော့ သူတို့တွေရဲ့ လိုချင်လိုအပ်နေတဲ့အရာတွေကို တွေးပေးပါ။ ရည်မှန်းချက် မျှော်လင့်ချက်တွေ အိမ်မက်တွေနဲ့ စိတ်ခံစားချက်တွေ ကိုလေ့လာကြည့်ပါ။ သူတို့အကြောင်းမသိသေးသ၍ ပုံမှန်အတိုင်းပဲ ပြောဆိုဆက်ဆံပါ သူတို့အကြောင်းပိုပိုသိလာတာနဲ့အမျှ သူတိုတွေရဲ့ စိတ်ထိခိုက်စေမယ် အပြုအမူ အပြောအဆိုမျိုးကိုရှောင်ပြီးတော့ ဘယ်လို ပြောဆိုဆက်ဆံမယ်ဆိုရင် ထိရောက်မှုရှိမယ်ဆိုတာ ကောင်းကောင်းသိလာမှာပါ

  • နည်းလမ်း (၃) ကိုယ်ရဲ့ ခံစားချက်တွေကို သတိထားပါ

  • ကိုယ်ရဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ ပုံစံကို သတိထားပါ။ ဘယ်အရာတွေက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေလဲ စိတ်ဆိုးစေလဲ စိတ်မရှည်ဖြစ်စေလဲ ဆိုတာ သိရှိနားလည်အောင် ကြိုးစားပြီးတော့ ကိုယ့်ကို တစ်ယောက်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စေမယ်စကားတွေ ပြောနေပြီဆိုရင် ပြန်လည်တုံ့ပြန်တဲ့အခါ အသံအနိမ့်အမြင့် သတိထားပြီး တည်ညိမ်စွာ ညှိနှိုင်းဆောင်ရွက်ပါ။

  • နည်းလမ်း (၄) ကိုယ်ရဲ့ အမူအယာတွေကို သတိထားပါ။

  • တစ်ယောက်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စေမယ့်စကားတွေ ပြောဆိုနေတယ်ဆိုရင် ပြန်လည်တုံ့ပြန်ပြောဆိုတဲ့အခါ ထိုင်နေတဲ့ အနေအထားနဲ့ မျက်နှာ အမူအရာတွေကို သတိထားပြီး ညှိနှိုင်းဆောင်ရွက်ပါ။


    နည်းလမ်း (၅) အခြေအနေကို သုံးသပ်ပါ။

  • ဘယ်အချိန်မှာ အလုပ်အတွက် အကူအညီတောင်းသင့်လဲ မေးခွန်းတွေမေးသင့်လဲဆိုတာကတော့ အရိပ်အခြေကို ကြည့်ပြီးမှ အကူအညီတောင်းတာမျိုး နောက်ထပ် အလုပ်တွေထပ်ပေးတာမျိုးက သင့်တော်ပါတယ်။ အလုပ်အတွက်အကူအညီလိုအပ်တာပဲဖြစ်ဖြစ် နောက်ထပ်အလုပ်တာဝန်တွေ ပေးတော့မယ်ဆိုရင် အလုပ်ပိနေတာမျိုး မဖြစ်စေပဲ အဆင်ပြေနိုင်မယ့် အချိန်မျိုးဖြစ်ဖို့ ကြည့်ပေးရပါမယ်။ တကယ်လို့ အရေးကြီးကိစ္စဖြစ်နေတာကြောင့် အရိပ်အခြေကြည့်ပြီးပြောရမယ့်အခြေအနေ မဟုတ်ခဲ့ဘူးဆိုရင် သေချာနားလည်လက်ခံနိုင်အောင် ပြောပြပေးဖို့လိုပါတယ်။

    • နည်းလမ်း (၆) စကားလုံးရွေးချယ်မှု 
  • စကားလုံးရွေးချယ်မှုကလဲ အရေးကြီးပါတယ်။ တဖက်လူနားလည်နိုင်မယ့် စကားအသုံးအနှုန်းကို ရွေးချယ်ဖို့က အဓိကကျပြီး တဖက်လူကို အပြစ်တင်တဲ့ စကားအသုံးအနှုန်းမျိုး စိတ်မသက်မသာဖြစ်စေမယ့် စကားလုံးမျိုးရှောင်ပေးရပါမယ်။ သူတို့ရဲ့ အပြုအမူနဲ့ အသံတွေက သူတို့ရဲ့ခံစားချက်ကို ဖော်ပြနေတက်ပါတယ်။ 
    သူတို့ရဲ့ အကြံဉာဏ်တွေက အလုပ်မဖြစ်ဘူးဆိုရင်တောင် တိုက်ရိုက်ပြောမယ့်အစား ဒီအကြံဉာဏ်က အကောင်းဆုံး ဖြစ်ပါမလား မသေချာဘူးလို့ သုံးနိုင်ပါတယ်။
      • နည်းလမ်း (၇) မတူညီတဲ့ နိုင်ငံအသီးသီးရဲ့ ထုံးတမ်းဓလေ့တွေကို လေ့လာပါ။
    နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်တွေက နေထိုင်မွေးဖွားရာ နိုင်ငံပေါ်မူတည်ပြီး အပြုအမူ အပြောအဆို ယူဆချက်‌တွေ မတူဘူးဆိုတာ သိထားရပါမယ်။ 
Previous Post Next Post