1 Kg ကို US$15 တန်တဲ့ ဆားလွတ် ငါးခြောက်


Lagos, Nigeria မှာ ပရိုတင်းဓာတ်မျာစွာပါနေတဲ့ ဆားလွတ်ငါးခြောက်ကို တစ်ကီလို ၆၅ ဒေါ်လာနဲ့ ရောင်းတယ်။ ဆားလွတ်ငါးခြောက်တွေက မိုင်ထောင်ချီဝေးတဲ့ နော်ဝေးကနေ Nigeria ရဲ့ ငါးဈေးကွက်လိုအပ်ချက်ကို ထောက်ပံ့ပေးပါတယ်။ #LGTmyanmar , #BBKmyanmar

ကြီးမားတဲ့ ငါးခြောက်လှမ်းတဲ့ စင်က ဒေါ်လာ ၅သိန်းတန်ဖိုးရှိပါတယ်။ နော်ဝေးရဲ့ ငါးခြောက်တင်ပို့မှုက လိုသလောက်မရနိုင်တာကြောင့် ငါးခြောက်ဈေးကွက်က မတည်ငြိမ်ပါဘူး။ ဘယ်ဈေးနှုန်းက အသင့်တော်ဆုံးလဲဆိုတာ ရောင်းချသူတွေ အနေနဲ့ ခေါင်းစားရပါတယ်။ ဆားလွတ်ငါးခြောက်တွေက နိုင်ငံနှစ်နိုင်ငံ ကြား ဘယ်လိုတွေများ ရောင်းဝယ်ဖောက်ကား ဖြစ်ခဲ့ကြတာလဲ ဘာကြောင့်ဈေးကြီးနေရလဲဆိုတာ ပြောပြပေးသွားမှာပါ။

နိုက်ဂျေးရီးယားရဲ့ အစားအစာတွေမှာ ငါးခြောက်က အဓိကအစားအစာ ဖြစ်နေတာပါ။ Norway မှာရှိတဲ့ Lofoten က တံငါရွာက ဆားလွတ်ငါးခြောက် တွေရနိုင်တဲ့ အဓိက နေရာတစ်ခုပါ။ ပင်လယ်ငါးကြီးတွေကို အရွယ်အစားအလိုက် ခွဲခြားပြီးတော့ ခေါင်းနဲ့ ခန္ဓာကိုယ်ကို သက်သက်စီခွဲပြီး လှမ်းပါတယ်။ ရာသီဥတုက  အရမ်း အေးပြီးတော့ အနုတ် ဒီဂရီ ၁၀ ကနေ ၁၅ ကြားထဲမှာ ရှိတဲ့အတွက် ငါးတွေမှာ ပိုးမွားတွေကပ်မနေလို့ စားရတာအန္တရာယ်မရှိပါဘူး။ သီတင်းပတ်အနည်းငယ်လောက်ဆိုရင်တော်တော်ခြောက်နေပြီးတော့ ငှက်တွေကလဲ လာစားတာမျိုးမရှိပါဘူး။

ရှိနေတဲ့ လှမ်းစင်တွေက တန်ချိန် ၄၀၀၀ ထိ လှမ်းလို့ရပါတယ်။ လုံးဝခြောက်သွေ့သွားတဲ့ ငါးခြောက်မဖြစ်ခင် ငါးရဲ့ အလေးချိန်က ၂၃ ရာခိုင်နှုန်းပဲရှိပြီးတော့ ကျန်တာက ရေတွေပါ ဒီလိုနည်းလမ်းနဲ့ ပရိုတင်းပါဝင်မှုကို ထိန်းထားနိုင်ပါတယ်။ ရေမကျန်တော့တဲ့ထိ ခြောက်သွားစေဖို့ ၃လလောက်ကြာပြီးတော့ ၃ နှစ်ထိ အထားခံပါတယ်။

ဒီနည်းလမ်းက တခြားအခြောက်ခံတဲ့နည်းတွေထက် ရေရှည်ခံပါတယ် ။ ငါးတစ်ကီလိုကို 5 $ တောင်မရှိတဲ့ 52 kroner နဲ့ ဝယ်ပြီးတော့ ငါးခြောက်တစ်ကီလိုကိုတော့ 150 kroner နဲ့ ပြန်ရောင်းပါတယ်။ Norway ကနေ ၃၀ ကီလိုဂရမ်အိတ်တွေနဲ့ ထုတ်ပြီးတော့ ပေ ၄၀ ကွန်တိန်နာတွေနဲ့ Nigeria  ကို ပို့ပါတယ် ။

Nigerian civil war ကြောင့် ကပ်ဘေးကနေ ကယ်တင်နိုင်ဖို့ တခြားနိုင်ငံကနေ အစားအစာတွေ ပို့ကြတဲ့ထဲကမှ  Norway က ဆားလွတ်ငါးခြောက် ပို့ခဲ့ရကနေ စတင်ခဲ့တာပါ။ ၂၀၁၅ မှာ နော်ဝေးကနေ နိုင်ဂျေးရီးယားက $8.94 million တန်ဖိုးရှိတဲ့ ငါးခြောက်တွေကို တင်သွင်းခဲ့ပါတယ်။

နိုင်ဂျေးရီးယားရဲ့ ရာသီဥတုက ပူပြီးတော့ စိုထိုင်းဆမြင့်တာကြောင့် ဒီမှာ ငါးခြောက်လုပ်ဖို့ မဖြစ်နိုင်တာကြောင့်
နော်ဝေးကနေ တင်သွင်းတဲ့ နည်းလမ်းပဲ ရှိပါသေးတယ်။ နော်ဝေးကနေ ဒီကို ရောက်ဖို့ ၆ ပတ်လောက်ကြာပါတယ်။ ဈေးနှုန်းတွေက ဒီနေ့ နဲ့ မနက်ဖြန်က မတူပါဘူး ဈေးနှုန်းမငြိမ်မှုတွေက သူ့ရာသီနဲ့လဲ ဆိုင်သလို ငွေကြေးလဲလှယ်မှု တန်ဖိုးတွေကြောင့်လဲ ပါပါတယ်။ 


2021 မှာ နိုက်ဂျေးရီးယား အစိုးရက ပြည်တွင်းမှာပဲ ငါးခြောက် အမျိုး ၄၀ ကျော် ထုတ်လုပ်ဖို့ လုပ်ခဲ့ပေမယ့်
မအောင်မြင်ပါဘူး။ ငွေကြေးလဲလှယ်နှုန်းတွေကြောင့် တချို့လုပ်ငန်းတွေ ကို ရပ်ခဲ့ရပါတယ်။ စားသုံးသူတွေကလဲ မြင့်မားတဲ့ ဈေးနဲ့ ဝယ်ယူနေရတာကြောင့် မတက်နိုင်တဲ့သူတွေအတွက် ခွဲရောင်းတဲ့ နည်းလမ်းကို သုံးပေးရပါတယ်။





Previous Post Next Post