ဒီအပိုင်းမှာတော့ ပင်လယ်ညှိအမျိုးအစား ဘယ်လောက်ရှိလဲ ဆိုတာကို ရှာဖွေမှာဖြစ်ပါတယ်။ သဘာဝအတိုင်းပေါက်ရောက်နေတဲ့ ပင်လယ်ရေညှိတွေကိုစားလို့ရလား။ ဘယ်လို အပူချိန်နဲ့ စားသုံးနိုင်မလဲ ဘယ်နေရာတွေမှာအသုံးဝင်လဲဆိုကို လေ့လာမှာဖြစ်ပါတယ်။ ပင်လယ်ရေညှိအမျိုးအစားအကုန်လုံး နီးပါးစားလို့ရပေမယ့် အနည်းငယ်သော မျိုးကွဲပင်လယ်ရေညှိ တွေက စားတဲ့သူရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုပေါ်မူတည်ပြီး အဆိပ်အတောက် ဖြစ်နိုင်ပါတယ်။ #LGTmyanmar, #BBKmyanmar
.
1 . Sea Lettuce
ပင်လယ်ရေညှိထဲမှာ ပထမဆုံးရှာတွေ့တာက အကုန်လုံးနီးပါး ရင်နှီးပြီးသားဖြစ်တဲ့ sea lettuce ပဲဖြစ်ပါတယ်။ sea lettuce က အရမ်းစားလို့ကောင်းတယ် အစိမ်းလိုက်၊ ပြုတ်ထား၊ သို့မဟုတ် ကြော်စားလို့လဲရပါတယ်။ ကမ်းစပ်နားများ၊ ကျောက်ဆောင်များတွင် ပေါက်တတ်သောကြောင့် ရှာရတာ အရမ်းလွယ်ကူပါတယ်။ နောက်ထပ် ထပ်ပွားစေချင်တာကြောင့် အမြစ်တွေကနေတော့ ဆွဲနှုတ်တာမျိုးမလုပ်ရပါဘူး။ ဓားအစား ကတ်ကြေးအသေးစားကိုပဲ အသုံးပြုပါတော့မယ်။ ကတ်ကြေး ဖြတ်တောက်ရတာ လွယ်ကူသောကြောင့်ဖြစ်ပါတယ်။
.
ခူးယူခွင့် ပိတ်ထားတဲ့ ရေညှိနှစ်မျိုး
ပင်လယ်ကမ်းခြေမှာ အပင်တွေကို ခူးဆွတ်မယ်ဆိုရင် ငါးဖမ်းလိုင်စင် လိုအပ်ပါသည်။ ပင်လယ်ရေမှော်များအားလုံးကို စားသုံးနိုင်သော်လည်း အချို့မှာ ပင်လယ်ရေမှော်တွေက ကိုယ်နဲ့ မတည့်တဲ့ အမျိုးအစားလဲ ရှိနိုင်ပါတာမို့ မစားသုံးဖို့အကြံပေးချင်ပါတယ်။ အရွက်ချင်းတူနေပေမယ့် ပေါက်တဲ့နေရာက ရွံ့နွံ့ ထူထပ်နေတာမျိုးဆိုရင်လည်း အဆိပ်အတောက် ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ခူးခွင့်ပိတ်ထားတဲ့ surf grass နဲ့ sea palm ပင်လယ် ရေညှိ နှစ်မျိုးရှိပါတယ်။
surf grass တွေကတော့ ရှည်လျားတဲ့ မြက်ပင်တွေနဲ့တူတယ်။ ပင်လယ်မြက်တွေက ပင်လယ်ရေအောက်မှာပေါက်ရောက်ပြီး ငါများနှင့် ခရုများအတွက် နေရာများကို ဖန်တီးပေးပါတယ်။
sea palm လေးတွေရဲ့ ပုံပန်းသွင်ပြင်က ထန်းပင်လေးနဲ့ တော်တော်တူပါတယ်။ ကျောက်တုံးတွေပေါ်မှာ ထိုးထွက်လာပြီး ပေါက်ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေက အလွန်အကျွံ နှုတ်ယူမှုကြောင့် အခုနှစ်များတွင် တရားမဝင် ရိတ်သိမ်းမပြုတော့တာပဲ ဖြစ်ပါတယ်။
.
2 . Red Algea (turkish washcloth)
နောက်ထပ် ပင်လယ်ရေညှိမျိူးကွဲများကတော့ နီညိရောင် ဖြစ်နေတဲ့ ရေညှိပဲဖြစ်ပါတယ်။ အနီရောင် ရေညှိက ရော်ဘာသားလေးလို အိအိတုံတုံ ဆွဲဆန့်လို့လဲ ရပါတယ်။ ဒါလေးနဲ့ ကျွန်းတစ်ကျွန်းမှာ ပိတ်မိနေတယ်ဆိုရင် ကိုယ်တိုက် ရေမြုပ်အဖြစ်သုံးလို့ရတာပေါ့။ အရင်က သူ့ရဲ့အရသာကို ကြိုက်မယ်လို့ မထင်လို့ တစ်ခါမှ စားဖို့ မကြိုးစားခဲ့ဖူးဘူး။ အနီရောင် ရေညှိကို နမူနာအနေနဲ့ အနည်းငယ် အိမ်ကို သယ်သွားပါတော့မယ်။ ဒီတစ်ခေါက်တော့ စားကြည့်ရအောင်။
.
3. Feather boa kelp
ဒီပင်လယ်ရေညို မျိုးကွဲကတော့ feather boa kelp လို့လဲခေါ်ပါတယ်။ ပင်လယ်ရေညှိ အရှည်မှာ 20 feet လောက်ထိရှည်ပါတယ်။ သူရဲအပင်ရှင်သန်ပုံက အရှည်လိုက် ကြိုးတစ်ချောင်းလိုမျိုးပါ။ အဆိပ်အတောက်လဲမဖြစ်စေပါဘူး။ နမူနာအနေနဲ့ အနည်းငယ်တော့ ယူပါမယ်။ ကယ်လီဖိုးနီးယားမှာ ပင်လယ်ရေညှိတွေကို ခူးတာကအကန့်အသတ်ရှိပါတယ်။ လူတစ်ယောက်ကို တစ်ရက်လျှင် အမျိုးအစား စုစုပေါင်းအားလုံး ၁၀ ပေါင်အထိသာ ခူးယူနိုင်ပါတယ်။
.
4. Rainbow leaf
rainbow leaf အရသာက ဂျပန် ရေညှိနဲ့တူတယ်။ သက်တန့်အရောင်တွေက အရွက်ပေါ်မှာ အရောင်စုံ လင်းလက်တောက်ပနေတယ်။ ရေညှိအရောင်က အညိုရောင်၊ အစိမ်းရောင် နှင့် အနီရောင်တို့ ရှိပေမယ့် အနီရောင်က ပိုများပါတယ်။
.
5. Nori (lavar)
နိုရီကတော့ ဆူရှီထဲပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ရေညိုအမျိုးအစားပဲဖြစ်ပါတယ်။ နိုရီတွေက အရသာရှိတယ် စားလို့လဲကောင်းတယ်။ အခုဆိုရင် ပင်လယ်ညို ၅ မျိုးလုံး ရရှိသွားပြီဆိုတော့ ချက်ပြုတ်မဲ့ အစီစဥ်လေးကိုစလိုက်ကြရအောင်။
.
အခုဆိုရင် ပင်လယ်ရေညှိအမျိုးအစားလေ့လာပြီးပြီးဆိုတော့ ပင်လယ်ရေညှိတွေကို ဘာလိုမျိုး ချက်ပြုတ်မလဲဆိုတာ ဆက်လက် ကြည့်ရအောင်။
ပင်လယ်ရေညှိတွေကို ရေရှည်ခံစေဖို့ dehydrator မရှိစေမယ် oven နဲ့ အနိမ့်ဆုံး အပူချိန် ၁၇၀ degree Fahrenheit မှာ မထားခင် သဲနဲ့ ရေထဲကနေ ပါလာတက်တဲ့ ပိုးမွှားတွေကို သန့်စင်အောင်ရေဆေးပေးရပါမယ်။ လေအခြောက်မခံခင် တဘတ်နဲ့ အနည်းငယ် ရေစုပ်ပေးပါတယ်။ ပြီးမှ ၁၇၀ ဒီဂရီ နဲ့ sea lettuce ကိုအပူပေးပြီး လုံးဝခြောက်သွားစေဖို့ ၄ နာရီလောက် ကြာပါတယ်။ feather boa အတွက် အပူချိန်ထပ်တိုးရပါတယ် ။ turkish washcloth က အပူချိန် ၃၅၀ မှာ တစ်မျိုး ၁၇၀ မှာ တစ်မျိုး ထားပြီး စမ်းသပ်ချက်ကြည့်ပါမယ်။
.
အခြောက်ခံထားတဲ့ ပင်လယ်ရေညှိအမျိုးအစား ငါးမျိုးစားပြမှာဖြစ်ပြီး ဘယ်ပင်လယ်ရေညှိက အရသာအကောင်းဆုံးလဲဆိုတာ မှတ်ချက်ပေးသွားမှာဖြစ်ပါတယ်။
- Feather boa kelp ဒီအရသာကတော့ အတော်လေးငန်တယ်။ ဂျပန်ရေညှိ Kombu လို အရသာနဲ့ တော်တော်ဆင်ပါတယ်။
- Turkish washcloth အရသာကတော့ ငန်ပြီး အတော်လေး ချဥ်ပါတယ်။ သံပုရာသီးလိုပဲ ဒီတစ်ခုကတော့တော်တော်လေးဆိုးတယ်။
- Rainbow leaf အရသာလေးကတော့ အပေါ့ရော အငန်အရော ခပ်ပေါ့ပေါ့ အရသာလေးပါပဲ။
- Sea lettuces အရသာကတော့ စားနေကျပုံစံ ရေညှိအရသာလေးပါပဲ။ အချိုဓာတ်လေး နည်းနည်းပါတာမို့ ဆူရှီလိပ်တဲ့အခါ သုံးလို့ရပါတယ်။
- Nori ကိုတော့ တော်တော်များများကြိုက်ကြတယ်လို့ပြောကြတယ်။ စားကြည့်လိုက်တော့ သူ့အရသာလေးက ကောင်းတယ်။ nori ကိုတော့ အကြိုက်ဆုံးပဲ။ နိုရီရေညှိအရသာက ဆူရှီမှာသုံးတဲ့က ရေညှိအရသာနဲ့တူသေးတယ် ပိုလဲချိုတယ်။
.- Nori
- Feather boa kelp
- Sea lettuces
- Rainbow leaf
- Turkish washcloth