အခုလို ရေကြီးတဲ့အခါမျိုးမှာ မြောင်းပုပ်/မိလ္လာထဲက ရေဆိုးနဲ့ ရေတွင်းထဲက ရေအကောင်း ရောသွားတဲ့ အချိန်မှာ သောက်ရေက အရှားပါးဆုံး ဖြစ်နေတတ်ပါတယ်။ Water water eveywhere, but not a drop to drink. လို့ တင်စား ခေါ်ကြတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရေရှိပြီး #သောက်ရေသန့် မရှိတဲ့ အခက်အခဲတွေ အမြန် ကျော်ဖြတ်နိုင်မယ့် နည်းလမ်းလေးတွေကို မျှလိုက်ပါတယ်။ #LGTmyanmar, #BBKmyanmar
.
_________________________________
.
ရေသန့်လုပ်နည်း-၁
.
- ဖန်ပုလင်း တစ်ခု၊ ပလပ်စတစ်ပုလင်း တစ်ခု ရအောင်ရှာပါ။
- ဖန်ပုလင်းထဲကို ရတဲ့ မြစ်ရေ ချောင်းရေ ထည့်ပါ။
- တစ်ခါသုံး သောက်ရေသန့် ပလပ်စတစ်ပုလင်းကို ဖန်ပုလင်း အဝ ဆန့်လောက်အောင် အပေါက်ဖောက်ပါ။
- ဗီဒီယိုထဲမှာ ပြထားသလို အနိမ့်အမြင့် အနေအထားလေး အဆင်ပြေအောင် စီစဉ်ပါ။
- ဖန်ပုလင်းကို အောက်က အပူပေးပါ။
- အငွေ့ပျံပြီး ပေါင်းခံရည်အဖြစ် ကျလာတဲ့ ရေသန့်ကို ခွက်အသန့်တစ်ခုနဲ့ ခံပြီးရင်၊ ချက်ချင်း သောက်လို့ ရပါပြီ။
- ဒီနည်းက ပိုးသတ်ပြီးသားလည်း ဖြစ်သွားတဲ့အတွက် စိတ်ချလက်ချ သောက်လို့ ရပါတယ်။ ဝမ်းပျက် ဝမ်းလျောမှာ စိတ်ပူစရာ မလိုတော့ပါဘူး။
- သောက်ရေသန့် တစ်ခွက်ရဘို့ ၃၀ မိနစ်လောက်တော့ ကြာပါလိမ့်မယ်။
.
ရေသန့်လုပ်နည်း-၂
.
- သောက်ရေ မရှိလို့ မဖြစ်မနေ မြစ်ရေ ချောင်းရေကို သောက်ရတောမယ် ဆိုရင် နောက်ကျိ နေတဲ့ ရေကို အတော်အသင့် ကြည်လာအောင် သန့်သွားအောင် အခုလို လွယ်လွယ်လုပ်လို့ ရပါတယ်။
- ခွက် ၃ ခွက် သို့မဟုတ် ပုလင်း ၃ ပုလင်းရှာပါ။ သန့်ပြန့်တဲ့ အဝတ်စ ၂ ခု ရှာပါ။
- ပုံထဲမှာ ပြထားသလို ရေတံခွန်လို့ အဆင့် ၂ ဆင့်ခံပြီး အစက်ချခံပြီး စစ်ယူလိုက်ရင် အဝတ်နဲ့ ရေစစ်ပြီး၊ လောင်းချတာထက် အများကြီး ပိုကြည်တဲ့ ရေသန့်ကို ရရှိပါလိမ့်မယ်။
- နောက်တစ်နည်းကတော့ အစက်ချခံတဲ့ အဝတ်စ နေရာမှာ သဘာဝ အပင်တစ်ခုခုက နွယ်ကြိုးကို အစားထိုး သုံးတာ ဖြစ်ပါတယ်။ သတိပြုစရာ အချက်က နွယ်ကြိုးက အရင်းဘက်မှာ ရှိတဲ့ ရေကို အဖျားဘက်ကို ပို့ပေးတယ်ဆိုတာ သတိထားဘို့ ဖြစ်ပါတယ်။ ပြောင်းပြန် ဖြစ်လို့ မရပါဘူး။ ဒီနည်းကို သုံးရင် အများကြီး ထိရောက်တဲ့ အချက်က ဒီလို နွယ်ကြိုးကို သုံးမယ်ဆိုရင် ဘက်တီးရီးယား ပိုးမွှားတွေကိုပါ စစ်ပေးသွားမှာ ဖြစ်တဲ့အတွက် မကြိုချက်ဘဲ သောက်နိုင်မှာ ဖြစ်ပါတယ်။
- ရေပိုကြည်လာပေမဲ့ ပိုးသတ်တဲ့ အဆင့် မပါတဲ့အတွက် ဝမ်းပျက် ဝမ်းလျော အန္တရာယ် ရှိနိုင်ပါသေးတယ်။
- ဒီရေကိုမှ ဖြစ်နိုင်ရင် ကြိုချက်ပြီးမှ သောက်ပါ။
- သောက်ရေသန့် တစ်ခွက်ရဘို့ ၁ နာရီလောက်တော့ ကြာပါလိမ့်မယ်။
_________________________________
.
ရေသန့်လုပ်နည်း-၃
ငှက်ပျောပင် မှ သောက်ရေသန့် ထုတ်လုပ်နည်း
.
- ငှက်ပျောပင်တွေ ပေါပေါ များများ ရှိတဲ့ ဒေသမှာမှ အသုံးဝင်မယ့် နည်းဖြစ်ပါတယ်။
- ခုတ်ပစ်လို့ ရမယ့် ငှက်ပျောပင်၊ ဓားတစ်ချောင်း၊ ခွက်တစ်ခွက် လိုပါမယ်။
- ငှက်ပျောပင် တုတ်တုတ်ကို ခုတ်ဖြတ်လိုက်ပါ။
- ငှက်ပျောပင် အူတိုင်ကို ခွက်လို ချိုင့်သွားအောင် ဓားနဲ့ ထွင်းယူပါ။
- ငှက်ပျောပင်စည်မှ အရည်များ ထွက်လာပါမယ်။
- ဗီဒီယို ထဲမှာ ပြထားတဲ့အတိုင်း အဝတ်စ အသန့်တစ်ခုနဲ့ ရေတံခွန်လို စစ်ပြီး အစက်ချယူပါ။
- ကျလာတဲ့ ငှက်ပျောပင်စည်က အရည်က အတော်သင့် ပိုးမွှားသန့်စင်ပြီး အရည် ဖြစ်ပါတယ်။
- သောက်ရေသန့် တစ်ခွက်ရဘို့ ၃ နာရီလောက် ကြာနိုင်ပါတယ်။
_________________________________
.
ရေသန့်လုပ်နည်း-၄
ရေမရှိခဲ့ရင် ရွှံ့ထဲမှ သောက်ရေသန့် ထုတ်လုပ်နည်း
.
- ဗီဒီယိုထဲမှာ ပြထားသလို အင်္ကျီတစ်ထည် လိုပါမယ်။
- ရရာအင်္ကျီပေါ်မှာ စုလို့ရတဲ့ ရွှံ့တွေ ထည့်ထုပ်ပါ။
- ကျစ်လာအောင် စည်းပြီး၊ ရနိုင်သမျှရေကို ညှစ်ထုတ်ပါ။ ခွက်တစ်ခုခုဖြင့် ခံထားပါ။
- ရလာတဲ့ ရေကို အထက်မှာ ပြထားတဲ့ ရေသန့်စင်နည်း တစ်ခုခုနဲ့ သန့်စင်ကြိုချက်ပြီး သောက်ပါ။
_________________________________
.
ရေသန့်လုပ်နည်း-၅
ဆားငံရေမှ ရေသန့် ထုတ်လုပ်နည်း
.
- ဖန်ပုလင်း အလွတ် ၂ လုံး လိုပါမယ်။
- ပုလင်းတစ်ခုထဲမှာ ဆားငံရေ ထည့်ပါ။
- ခံစရာ အိုး ၂ လုံးရှိရင် (ဗီဒီယိုထဲမှာ မြင်ရသလို) အိုးထဲ သဲထည့်ပြီး အပူပေးဘို့ အသင့်ပြင်ပါ။
- ပုလင်းအလွတ်ကို ဆားငံရေ ထည့်ထားတဲ့ ပုလင်းနဲ့ (ဗီဒီယိုထဲမှာ မြင်ရသလို) တေ့ဆက် ဆက်ထားပါ။
- ဆားငံရေ ထည့်ထားတဲ့ ပုလင်းအောက်က မီးအပူပေးပါ။
- ပုလင်းအလွတ်ထဲမှာ ပေါင်းခံရည်အဖြစ်နဲ့ သောက်ရေသန့် ရရှိပါလိမ့်မယ်။
- သောက်ရေသန့် တစ်ခွက်ရဘို့ ၁ နာရီလောက် ကြာနိုင်ပါတယ်။
_________________________________