အုန်းသီးသည် စွယ်စုံရအပင်မျိုးဖြစ်ပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းအချိန်အထိ ပြုစုပျိုးထောင်ပုံ နှင့် အရည်သွေးကောင်းသော အုန်းသီးများကို ကြည့်ရှုရပါမည်။ အင်ဒိုနီးရှားနိုင်ငံတွင် အုန်းသီးများကိုနှစ်စဉ် တန်ချိန် ၁၇.၁၉ သန်း ထုတ်လုပ်နေသည်။ #LGTmyanmar , #BBKmyanmar
.
အုန်းပင်စိုက်ပျိုးခြင်း
အုန်းပင်သည် အပူပိုင်းဒေသသစ်သီးပင်ဖြစ်သည်။ ထို့ကြောင့် အုန်းပင်များကို အပူပိုင်းဒေသများတွင်အောင်မြင်စွာ စိုက်ပျိုးနိုင်ကြသည်။ အုန်းပင်များသည် ပူနွေးသော ကမ်းရိုးတန်းများတွင် ကြီးထွားမြန်သည်။
အုန်းပင်များသည် ၂၇ ဒီဂရီစင်တီဂရိတ် သို့ ၈၀ ဒီဂရီဖာရင်ဟိုက်ဝန်းကျင် အထိ ခံနိုင်ရည်ရှိသည်။ အမျိုးအစားပေါ်မူတည်ပြီး ပေ ၈၀ မှာ ကြီးထွားမှု ရပ်သွား နိုင်ပါတယ်။ အသီးတွေက ၆ လက်မ ကနေ ၈ လက်မထိ ရှိနိုင်ပါယ်။ pH 5 to 8 ကြားရှိ မြေဆီလွှာကိုနှစ်သက်သည်။ မိုးများတာက အုန်းပင်တွေကြီးထွားပြီး အုန်းသီးထုတ်လုပ်မှု ပိုများဖို့အတွက် အရေးကြီးပါတယ်။
အုန်းရေပါဝင်မှုကို စစ်ဆေးရပြီး အုန်းသီးခြောက်တွေကို ပြန်လည်စိုက်ပျိုးဖို့အတွက် ရွေးချယ်ပြီးတော့ ပြန်လည်စိုက်ပျိုးပြီး ၄ လ ကနေ ၁၀လ အတွင်း အပင်ငယ်လေးတွေထွက်လာသည်။ အပင်အညှောင့်ပေါက်တာကို ပျိုးပင်လို့ခေါပြီးတော့ အိတ်နဲ့ စိုက်ပျိုးပါတယ်။ တချိုစိုက်ပျိုးသူတွေက တစ်နှစ်လောက်နေမှ ပြောင်းရွေးစိုက်ပျိုးပြီး တချို့ကတော့ အပင် ၄ လက်မ လောက်ရောက်လာပြီဆိုရင် ပြောင်းရွေ့စိုက်ပျိုးပါတယ်။ မိုးရာသီမရောက်ခင် မေ လ လောက်မှာ စတင်စိုက်ပျိုးသည်။
Humus (ဆွေးမြေ့နေသော မြေဆွေးဓာတ်) မှာဆိုရင် ၁မီတာ ပတ်လည် အနက် ၁မီတာ ကျင်းတူးပြီးတော့ soil topping ၁ ပေခွဲ လောက် ထားပေးပါသည်။ အုန်းပင်ရဲ့ အမြစ်စနစ်က ကြီးမားတာကြောင့် အပင်တစ်ခုနဲ့ တစ်ခုကြားမှာ ကျယ်ပြန့်တဲ့ အနေအထား ကို လိုအပ်ပါတယ်။ စံအကွာအဝေးကတော ၇.၅ မီတာ ဒါမှမဟုတ် ၂၅ ပေ ထားရှိပါ။ ၁ ဟတ်တာမှာ အပင်ပေါင်း ၁၇၈ ပင် စိုက်ပျိုးနိုင်ပြီး တစ်ဧကမှာ အပင် ၇၀ စိုက်ပျိုးပါသည်
ခြောက်သွေ့သောနွေရာသီလများတွင် အုန်းပင်တစ်ပင်ကို တစ်ပတ်လျှင် ရေပမာဏ ၄၀ မှ ၅၀ လီတာအထိ သို့မဟုတ် ၁၀.၆ မှ ၁၃.၂ ဂါလံအထိ ရေပမာဏ လိုအပ်ပါသည်။ အုန်ပင်များသည် ကြီးမားသော ရေပမာဏ လိုအပ်သောကြောင့် ရေများကိုထိန်းသိမ်းရန်အတွက် ရေမြောင်းများကို ကြိုတင်တူးထားကြသည်။
ကိုင်းဖြတ်ခြင်းကလဲ အရေးကြီးပါတယ် ရောဂါပိုး၊ ပျက်စီးနေတဲ့ ကိုင်းတွေကို ဖြတ်ပစ်ပြီး ပင်စည်နဲ့ အပြိုင်အာဟာရ မျှဝေ သုံးနေတဲ့ ကိုင်းတွေကို ဖြတ်တောက်ပစ်ဖို့က အရေးကြီးပါတယ်
အုန်းပင်တွေကို ၅ နှစ်မှ ၆ နှစ်အကြာ ပြုစုပျိုးထောင်ရပြီး အုန်းသီးများ စတင်သီးသည်။ ၁၅ နှစ်အကြာမှာ အသီး များစွာ သီးနိုင်နေပြီဖြစ်ပြီးတော့ နှစ် ၂၀ ကျော်ကြာ အကျိုးခံစားနိုင်ပါတယ်။ အပြည့်အဝ အုန်းသီးတစ်လုံးအတွက် ရင့်ကျက်မှုတစ်နှစ်ခန့်ကြာမြင့်သည်။ အုန်းပင်တစ်ပင်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် အုန်းသီး ၈၀ မှ ၁၀၀ ဝန်းကျင်ခန့် ထွက်ရှိသည်။ အချို့သော အထွက်နှုန်းကောင်းသောအုန်းသီးမျိုးကွဲများသည် အသီး ၁၃၀ အထိ အသီးများထွက်လေ့ရှိသည်။ စိုက်ပျိုးမြေ တစ်ဟက်တာမှာ အုန်းရေ လီတာ ၉ သန်းလောက်ထွက်ရှိပါတယ်။ ဖိလစ်ပိုင်သည် ကမ္ဘာ့ထိပ်တန်း အုန်းသီးတင်ပို့သောနိုင်ငံအဖြစ် ရပ်တည်နေပြီး ကမ္ဘာ့အုန်းသီးပို့ကုန်ဈေးကွက်၏ ၂၀% ကျော်ကိုတင်ပို့လျှက်ရှိသည်။
.
အုန်းသီးခူးဆွတ်ခြင်း
အုန်းသီးခူးဆွတ်ခြင်းသည် နည်းပညာနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ ပေါင်းစပ်ထားသော အလုပ်တစ်ခုဖြစ်သည်။ အုန်းသီးများကို လက်ဖြင့်ခူးဆွတ်ရာတွင် ကျွမ်းကျင်မှုရှိဖို့ လိုအပ်သည်။ အုန်းသီးများ ခူးဆွတ်ချိန်ရောက်သောအခါ ကျွမ်းကျင်သော အလုပ်သမားများသည် ဖြတ်တောက်ပြီး အုန်းသီးများသည် မြေပေါ်သို့ကျသွားသည်။ အချို့သော အုန်းခြံများတွင် ဘေးကင်းစွာ ရိတ်သိမ်းနိုင်ရန် အုန်းသီးရိတ်တံများ အသုံးပြုသင့်သည်။ ထိုင်းနိုင်ငံရှိ အုန်းခြံများသည် ရေမြောင်းထဲသို့ အုန်းသီးများပစ်ချပြီး ရိတ်သိမ်းကြသည်။ ဗီယက်နမ် နိုင်ငံရှိ အုန်းခြံများတွင် အုန်းသီးများကိုရိတ်သိမ်းရာတွင် လှေကားများနှင့် ကြိုးများကို အသုံးပြုကြသည်။ နောက်ရာသီအတွက် အုန်းသီးနှံအထွက်နှုန်းတိုးစေရန် အပင်များမှ မလိုအပ်သော အရွက်များကို ဖယ်ရှားပေးပါ။ အုန်းရွက်များကို အမိုးမိုးရန်အတွက်အသုံးပြုနိုင်သည်။ အုန်းသီးကို ရာသီဉတုပေါ်မူတည်ပြီး လပေါင်းများစွာ သဘာဝအတိုင်းအခြောက်ခံပါသည်။
.
အုန်းသီးမှ ရရှိလာသော သဘာဝထုတ်ကုန်များ
2023 နှင့် 2024 ခုနှစ်တွင် ကမ္ဘာ့အုန်းဆီထုတ်လုပ်မှုပမာဏမှာ မက်ထရစ်တန် ၃.၇၆ သန်းရှိမည်ဟု ခန့်မှန်းထားသည်။
အုန်းဆီ အမျိုးအစား ၃ မျိုးရှိသည်။
- ပထမအမျိုးအစားမှာ ဆပ်ပြာနှင့် တိရစ္ဆာန်အစာအတွက် အဓိကအသုံးပြုသော ဆီကြမ်းဖြစ်သည်။
- ဒုတိယအမျိုးအစားမှာ လတ်ဆတ်သော အုန်းသီးမှ ထုတ်ယူထားသော အုန်းဆီဖြစ်သည်။ ဒေသပေါ်မူတည်၍ ၂၇ မှ ၈၀ ဒီဂရီစင်တီဂရိတ်အထိ နိမ့်သောအပူချိန်တွင် အအေးခံသည်။ အုန်းဆီတွင် သဘာဝအမွှေးအကြိုင်၊ အရသာနှင့် ၄၅ မှ ၅၂ % လော်ရစ်အက်ဆစ်၊ ရှားပါးသောသဘာဝ ဖက်တီးအက်ဆစ်တွင်ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးနိုင်ပါသည်။ တတိယအမျိုးအစား သန့်စင်ပြီး အုန်းဆီဖြစ်သည်။ ထို့နောက် အညစ်အကြေးများကို ဖယ်ရှားပြီး သန့်စင်သော အဆင့်များကို ဆက်တိုက်လုပ်ဆောင်ပေးရသည်။ သန့်စင်ပြီး အုန်းဆီ ကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ပရီမီယံအဆင့်သည် အရောင်မဲ့၊ အနံ့မရှိသောကြောင့် အလှကုန်နှင့် အစားအစာအသုံးချမှုများအတွက် အကောင်းဆုံးဖြစ်သည်။ အဝါရောင်ဖျော့ဖျော့အရောင်နှင့် အနံ့မွှေးကြိုင်မှုတို့ကြောင့် အမျိုးအစား ၂ သန့်စင်ထားသော အုန်းဆီအား အစားအစာပြင်ဆင်ခြင်းနှင့် စက်မှုလုပ်ငန်းသုံးများတွင် အသုံးများသည်။
- သန့်စင်ပြီး အုန်းဆီ၏ အနိမ့်ဆုံးအဆင့် အမျိုးအစားသည် ပိုနက်သော အဝါရောင်ရှိပြီး အနံ့ပိုထွက်သည်။ မြင့်မားတဲ့ အပူချိန်အသုံးပြုရတဲ့ ကြက်ကြော် သို့မဟုတ် အာလူးများကဲ့သို့ ချက်ပြုတ်ရန်အတွက် အဓိကအသုံးပြုသည်။
- ဖျာပြုလုပ်ဖို့အတွက် အုန်းဆံမျှင်ဖြင့် ပြန်လည်အသုံးပြုနိုင်သည်။
- အုန်းစိမ်းအရည်သည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်သော လန်းဆန်းစေသောဖျော်ရည်ဖြစ်သည်။
- အုန်းသားကို အခြောက်လှန်းထားပြီး ခြစ်ထားတဲ့အန်းသားကို မုန့်ဖုတ်တဲ့အချိန်မှာ ထည့်သွင်းအသုံးပြုခြင်း အချိုပွဲအလှဆင်ခြင်းများနှင့် နံနက်စာ ဆီရီယယ် များပေါ်တွင် ပုံစံ အမျိုးမျိုးနဲ့ အလှဆင် အသုံးပြုကြပါတယ်
- အထူးသဖြင့် အရှေ့တောင်အာရှနှင့် ကာရေဘီယံတို့တွင် အုန်းနို့ကို ဟင်းချက်ပြုတ်ခြင်း၊ ဟင်းချိုများနှင့် အရသာရှိသော ဟင်းလျာများတွင် အသုံးများအသုံးပြုကြသည်။
- အုန်းနို့ကျောက်ကျော၊ အုန်းနို့မုန့်များ၊ အုန်းသီးရေခဲမုန့်များသည် ချိုမြိန်မှုကို ပေးစွမ်းသည်။
အုန်းသီးအခွံများကို ဖယ်ရှားပြီးချိန်တွင် အုန်းသီးအသားများရရှိမည်ဖြစ်သည်။ စက်ဖြင့်လုပ်ဆောင်နိုင်သော်လည်း ကျွမ်းကျင်လုပ်သားများသည် အုန်းသီး ၈၀,၀၀၀ အထိ ခုတ်နိုင်သည်။ အုန်းသားကို စက်ဖြင့်သော်လည်းကောင်း လက်ဖြင့်သော်လည်းကော်း ၃ ရက်ကြာ ဆေးကြောပြီး အခြောက်ခံပေးပါ။ ဒီလိုလုပ်ပေးတာက ဆီထုတ်ယူရန်အတွက် အစိုဓာတ်ပါဝင်မှုကို လျှော့ချပေးမည်ဖြစ်သည်။ အုန်းသီးများ ခြောက်သွားချိန်တွင် အတုံးသေးသေးလေးတွေတုံးထားပါ။ လှီးဖြတ်ထားသော အုန်းသီးတုံးများကို စက်မီးဖိုတွင် ၄၅ မိနစ်ခန့် လှော်ပါ။ ထို့နောက် အပူပေးထားသော အုန်းသီးများကိုအရောအနှောကို အဆင့် ၂ ဆင့်လုံးလုပ်ပြီးချိန် အုန်းသီးများကိုစက်ဖြင့် ဖိထားပါသည်။ တစ်နေ့လျှင် အုန်းဆီ ( ၅ ) တန် ထုတ်လုပ်နိုင်သည်။
အုန်းဆီထုတ်လုပ်ခြင်းကနေရလာတဲ့ စွန့်ပစ် အဖတ်တွေကို တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်ပါသည် ။ အုန်းပျိုဆီအတွက်၊ ထုတ်ယူထားသောအုန်းဆီများသည် ပုံမှန်အားဖြင့် အညစ်အကြေးများကို ဖယ်ရှားရန် စစ်ထုတ်ပြီးနောက် တိုက်ရိုက်ထုပ်ပိုးထားသည်။ စားသောက်ကုန်အတွက် ထုတ်လုပ်ထားသော ပြန်လည်သန့်စင်ထားသော အုန်းဆီများသည် သန့်စင်သွားစေဖို့ de-gumming အဆင့်နှင့် အရသာပိုမိုကောင်းမွန်စေဖို့ de-acidifying အဆင့်ကို ဆောင်ရွက်ရပါတယ်။အုန်းဆီများကို အရောင်ချွတ်ခြင်းသည် အရောင်ကျစေသောဆိုးဆေးများ နှင့် အနံ့ဆိုးများကို ဖယ်ရှားပေးပါသည်။
.
ဥရောပနှင့် မြောက်အမေရိကတို့တွင် အုန်းနို့ကို ဝယ်လိုအား ကြီးထွားလာသဖြင့် ကမ္ဘာ့ဈေးကွက်သည် သိသိသာသာ ထင်ရှားပါသည်။ အုန်းသီးကို စစ်ထုတ်ပြီး အုန်းအသားမှ နို့ထုတ်ယူခြင်း ပါ၀င်သည့် ရိုးရာနည်းများဖြင့် ထုတ်လုပ်မှုနည်းလမ်းများ ကွဲပြားသည်။ တနည်းအားဖြင့် စီးပွားဖြစ်ထုတ်လုပ်ထားသော အုန်းနို့သည် နို့အခဲများကို ပြုလုပ်ရန် စက်များကို အသုံးပြုလေ့ရှိသည်။