.
ငှက်ပျောကြော် ဆိုတာကတော့ မြန်မာတွေအတွက် ဘာမှ မထူးဆန်းတဲ့ ရိုးရာ သရေစာ တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာဓလေ့က ငှက်ပျောကြော်ကို အလုံးလိုက် မုန့်နှစ်ထဲနှစ်ပြီး ကြော်ကြတာပါ။ ဒီဟာက အခြား နိုင်ငံတွေမှာ လုပ်သလို ငှက်ပျောကြော်ကို အားလူးကြော် ပုံစံထွက်အောင် ဆန်းသစ်တီထွင် ထုတ်လုပ်ကြည့်ရင် ရောင်းကောင်းတဲ့ ထုတ်ကုန် တစ်မျိုး ဖြစ်လာနိုင်တဲ့အတွက် အာလူးကြော်ပုံစံ ထွက်တဲ့ အချပ်လိုက် ကြော်နည်းကို တင်ပြလိုက်ပါတယ်။ #LGTmyanmar, #BBKmyanmar
.
ငှက်ပျောကြော် အချပ်လိုက်ရအောင် ပြုလုပ်ပုံ
- ငှက်ပျောသီးကို ရွေးတဲ့ နေရာမှာ မှည့်ပြီး ပျော့သွားတဲ့ အထိ စောင့်လို့ မရပါဘူး။ ခတ်စိမ်းစိမ်းးလေး ဖြစ်တဲ့ အနေအထားမှာ ကြော်ရမှာ ဖြစ်ပါတယ်။
- ကြော်ဖို့ ဒယ်အိုးထဲမှာ ဆီအဆင်သင့် ထည့် ထားရမယ်။ ငှက်ပျောသီးကို အခွံနွှာပြီးတာနဲ့ ဆီပူထဲကို တိုက်ရိုက်လှီးထည့်ရမှာ ဖြစ်လို့ ဆီကို မီးဖိုပေါ်မှာ ကြိုတင် အပူပေးထားပါ။
- ဤငှက်ပျောသီး အစိမ်းများကို အခွံခွာပြီးကိုင်တဲ့အခါမှာ အခါမှာ ကပ်စေးလာတတ် ပါတယ်။ ဒါကြောင့် လက်ထဲမှာ ဆီအနည်းငယ်လိမ်းထား သင့်ပါတယ်။
- ဇလုံတစ်ခုထဲမှာ ရေ ၄ ဇွန်း+ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း + နနွင်းမှုန့် ၁/၄ ဇွန်းတို့ကို ကြိုပြီးဖျော်ထားပါ။ နနွင်းမှုန့်က ငှက်ပျောသီးရောစပ်ထားတဲ့ အရောင်ကို လှစေပါလိမ့်မယ်။
- စျေးကွက်မှာ ရလွယ်တဲ့ အာလူးလှီးဖြတ်စက်ကို အသုံးပြုပြီး ငှက်ပျောသီးတွေကို ပါးပါးလေးတွေ ရအောင် လှီးဖြတ်ရပါမယ်။ ငှက်ပျောသီးတွေကို ဆီပူပူထဲကို တိုက်ရိုက် ပါးပါးလှီးချပါ။ ဖြတ်ပြီးတာနဲ့ ဆီပူထဲ တန်းကျသွားအောင် ဗီဒီယိုထဲမှာ ပြထားသလို လုပ်ပါ။
- တစ်မိနစ်လောက် ဆီသန့်သန့်ထဲမှာ ကြော်ပါ။
- ဆားနဲ့ နနွင်း ရောမွှေထားတဲ့ ရေတစ်ဇွန်းစာလောက်ထည့် မွှေပေးပြီး ဆက်ကြော်ပါ။ နောက်ထပ် တစ်မိနစ်လောက် ကြော်ပြီးရင် အမြှုပ်ထတာတွေ အသံထွက်တာတွေ ငြိမ်သွားပါလိမ့်မယ်။ တစ်ခုနဲ့ တစ်ခုလည်း မကပ်တော့ဘဲ ကွာလာပါလိမ့်မယ်။
- ဒီအချိန်မှာ ဆယ်လိုက်လို့ ရပါပြီ။
.
ကိုရီးယားနည်းရဲ့ လျှို့ဝှက်ချက်
ကိုရီးယားတွေ ငှက်ပျောချပ်ကြော် လုပ်တဲ့နည်းမှာကတော့ နဲနဲ ကွာပါတယ်။ ငှက်ပျောသီးကို မည်းမသွားအောင် သံပုရာသီး ညှစ်ထားတဲ့ အရည်ထဲမှာ ခဏ စိမ်ရတယ်လို့ ဆိုပါတယ်။