.
ပိုးထည်ယက်လုပ်ဘို့အတွက် ပိုးကောင်လေးတွေ ကနေ ပိုးချည်မျှင်တွေ အရင် ထုတ်လုပ်ရပါတယ်။ ဘယ်လို မွေးသလဲ ဆိုတဲ့ အဆင့်ကနေ ယက်လုပ်ခါနီး ဗိုင်းငင်တဲ့အထိ တင်ပြသွားပါမယ်။ #LGTmyanmar, #BBKmyanmar
- ပိုးကောင်လေးတွေ ပေါက်လာဖို့ ၁ -၃ ရက် ကြာပြီး ပေါက်လာရင် အဆင့်သင့်စားနိုင်ဖို့ ပိုးဥပေါ်မှာ အာဟာရ ကျွေးပေးရပါတယ်။ အကောင်ပေါက်တဲ့အခါ အများကြီးစားရင် မြန်မြန်ကြီးထွားပါတယ်။
- အကောင်လေးတွေ စတင်လှုပ်ရှားလာပြီဆိုရင် တစ်ရက်ကို ၃ကြိမ်ကျွေးရပါတယ်။
- နောက်တစ်ဆင့်မှာ ပိုးကောင်လေးတွေကို စိုက်ခင်းရှိတဲ့ စက်ရုံကိုပို့ပေးရပြီး နိုင်လွန်တွေနဲ့ ပြုလုပ်ထားတဲ့ စင်တွေရှိတဲ့ ပိုးကောင်မွေးတဲ့ နေရာမှာထားပါတယ်။ ပိုးကောင်လေးတွေ စင်ပေါ်ကနေ ပြုတ်ကျမသွားစေဖို့ အပေါ်ကနေ အလွှာပါးလေးတစ်ခုနဲ့ အုပ်ထားရပါတယ်။
- အဓိက အစားအစာဖြစ်တဲ့ ပိုးစာပင်တွေရဲ့ အရွက် တစ်နေ့ကို ၆ နာရီ ကြား တစ်ရက် ၄ ကြိမ်ကျွေးရပါတယ် ။
- ပိုပြီးကြီးထွားလာစေဖို့ အရေခွံလဲပါတယ်။ အသက် ၄ - ၅ ရက်မှာ ပိုးအိမ် ပြုလုပ်ပါတယ်။
- ဒီအဆင့်မှာ ပိုးအိမ်များများ ထွက်လာဖို့ ပိုးစာပင်ရွက်များများထုတ်ဖို့ လိုအပ်ပါတယ် ။ ပိုးကောင် ၃၀၀၀၀ အတွက် ပိုးစာပင် 1500 kg လိုအပ်ပါတယ်။
- ၅ ရက်မြောက်တဲ့ နေ့မှာ ပိုးချည်မျှင်ထုတ်လုပ်ဖို့ အကိုင်းတစ်ကိုင်းလုံးကို စားနိုင်နေပါပြီ ။ တရက်ကို ၁၅ နာရီကြာအောင် စားနိုင်ပါတယ်။
- ၆-၈ ရက်ကြာတဲ့ အခါ စားတာ နှေးလာပါတယ် ပိုးအိမ်ပြုလုပ်ဖို့ အစပျိုးတော့မယ့် လက္ခဏာ ဖြစ်ပါတယ်။
- ပိုးအိမ်ရရှိဖို့ ပိုးကောင်လေးတွေကို စုဆောင်းပါတယ်။ သစ်သားပျားဘောင် အဆင့်ဆင့်ထဲမှာ မွေးပြီး ဘောင်တပတ်လည်နိုင်စေဖို့ တပ်ဆင်ထားရပါတယ်။
- အပူချိန် ၃၀ -၃၂ ဒီဂရီ ဆဲလ်စီးယပ်စ် ထားရှိရပါမယ်။ ၄-၅ ရက်ကြာတဲ့အခါ ပိုးအိမ် ပြုလုပ်ပြီးပါပြီ။
- ပျားအိမ်ဘောင်ထဲက ပိုးအိမ်လေးတွေကို စက်နဲ့ အပြင်ထွက်လာအောင် ထုတ်ပါတယ်။
- နောက်တစ်ဆင့်မှာ အရွယ်အစားစီပါတယ်။အရည်အသွေးနိမ့်တာတွေကို ဖယ်ထုတ်ပြီးတဲ့နောက် ပိုးထည်စက်ရုံဆီကို ပို့ပါတယ်။
- ပိုးအိမ်တွေကို ပျော့သွားစေဖို့ ရေပူပူမှာ စိမ်ပေးရပါတယ်။
- ပိုးချည်မျှင်ဖြစ်လာစေဖို့ စက်ကြီးတွေနဲ့ အဆင့်ဆင့်ဆောင်ရွက်ပေးရပါတယ်။ ရေပူပူထဲမှာ ပြုတ်ထားတဲ့ ပိုးဥအိမ်တွေကနေ ပိုးချည်မျှင်အဖြစ် ဗိုင်းငင်ပုံကို အောက်က ဗီဒီယို တစ်ခုမှာ ဆက်လက် ကြည့်ရှု လေ့လာနိုင်ပါတယ်။