ငှက်ပျောပင် စိုက်ပျိုးခြင်း
- လယ်သမားများသည် ပျိုးပင်များကို ထွန်ယက်ပြီးသော မြေဆီလွှာပေါ်တွင် စက်များဖြင့် တညီတညာတည်း စိုက်ပျိုးသည်။ #LGTmyanmar , #BBKmyanmar
- မြေဆီလွှာကို အဆက်မပြတ် စိုစွတ်မှုရှိနေစေဖို့ ရေဖြန်းစနစ်ကို အသုံးပြုပါတယ်။
- ငှက်ပျောပင်သည် ရေလုံလောက်စွာ ရရှိနိုင်ဖို့ အထူးလိုအပ်သည်။
- စိုက်ပျိုးသည့် အချိန်မှစ၍ ရိတ်သိမ်းချိန်သည်အထိ စိုက်ပျိုးတဲ့ မျိုးပေါ်မူတည်ပြီး ၉ လမှ လ ၂၀ အထိ ကြာမြင့်သည်။ အချို့သော ငှက်ပျောပင် မျိုးစိတ်ကွဲများသည် ရင်မှည့်မြန်ဆန်သည်။
- ငှက်ပျောဖူးများကို လျင်မြန်စွာ ကြီးထွားစေရန် ငှက်ပျော အဖူး၊အပွင့်၊အဖျားများကို ဖြတ်တောက်ပေးရသည်။ ငှက်ပျောခိုင်များ ကြီးထွားလာသောအခါ လယ်သမားများသည် ခူးဖို့အချိန်တန်တဲ့ ငှက်ပျောသီးတွေကို ရိတ်သိမ်းကြပါသည်။
.
ပိုးမွှားများကို ကာကွယ်ခြင်း
- ငှက်ပျောပင်တွင် ခေါင်းပိုး၊ လှေးပိုး တို့ အများဆုံးဖြစ်တတ်ပြီး ငှက်ပျောပင်အတွက် အန္တရာယ်အပေးဆုံးရောဂါများမှာ ခေါင်းကွဲရောဂါ ၊အသီးပုပ် နှင့် ထိပ်ပုပ်ရောဂါတို့ဖြစ်သည်။
- ငှက်ပျောရွက်များ၏ အဓိကရောဂါပိုးမွှား အန္တရာယ်လက္ခဏာမှာ ငှက်ပျောရွက်များတွင် အဝါရောင် နှင့် အမဲရောင် ဖြစ်နေတက်ပါတယ်။
- ရောဂါပိုးကျရောက်နေသော ငှက်ပျောရွက်များကို ပိုးသတ်ဆေးများဖြန်ပေးရမည်။
- အရည်သွေးကောင်း ပိုးသတ်ဆေးများအသုံးပြုခြင်းသည် ငှက်ပျောပင်များတွင် မကြာခဏ ကျရောက်လေ့ရှိသော ရောဂါပိုးမွှားများကို ထိန်းချုပ်ရာတွင် လွန်စွာထိရောက်မှုရှိသည်။
ရိတ်သိမ်းခြင်း
- ငှက်ပျောပင်များကို ရိတ်သိမ်းရာတွင် ကျွမ်းကျင်မှု ရှိဖို့လိုအပ်ပါသည်။
- ငှက်ပျောသီးအရွယ်အစားများကို အမြဲတိုင်းတာပြီး ငှက်ပျောသီးရင့်မှည့်မှုအချိန်ကို အတည်ပြုနိုင်ပါသည်။
- ကြီးထွားမှုနှုန်း အမြင့်ဆုံးရောက်လာတဲ့ ငှက်ပျောပင်မှာ မျိုးပွားနိုင်တဲ့ သားတက်ပေါက်လာပြီးတော့ အဲ့ဒီ သားတက်ကို ပြန်လည်စိုက်ပျိုးမယ်ဆိုရင် အမြစ်ထွက်ပြီးသား ပင်ပျိုဖြစ်လို့ အပင်သစ်အဖြစ် စိုက်ပျိုးတဲ့အခါ ကြီးထွားမှုနှုန်း အမြန်ဆုံး ဖြစ်စေပါတယ်။
.
ပို့ဆောင်ခြင်း နှင့် ထုပ်ပိုးမှုပုံစံ
- ရိတ်သိမ်းထားသော ငှက်ပျောသီးများကို စက်များဖြင့်ချိတ်ပြီး စက်ရုံသို့ ချက်ချင်း သယ်ယူပို့ဆောင်ပါသည်။
- ကပ်နေတဲ့ ပိုးမွှားများနှင့် အညစ်အကြေးများကို ဖယ်ရှားဖို့ ငှက်ပျောသီးများကို ရေများဖြင့် ဆေးကြောသန့်စင်ပါသည်။
- ငှက်ပျောသီးများကို စက်ရုံပို့ဆောင်ရာတွင် ထိခိုက်မှုနည်းစေဖို့ အိတ်တွေနဲ့ စွပ်ပြီး တစ်ဖီးစီတိုင်းမှာ ကော်တွန်စက္ကူများ ထည့်ပြီး ပို့ပေးရပါသည်။
- စက်ရုံသို့ရောက်ရှိလာသော ငှက်ပျောသီးများကို အရွယ်အစားများ တိုင်းတာခြင်း၊ ရေဆေးကြောခြင်းများကို စတင်လုပ်ဆောင်သည်။
- ထို့နောက် ငှက်ပျောသီးများကို အရည်အသွေးစစ်ဆေးသည့်အဆင့်ကို လုပ်ဆောင်သည်။
- နောက်တစ်ဆင့်တွင် ငှက်ပျောခိုင်များကို စနစ်တကျ ဖြတ်ခုတ်ပြီး ရေကန်ထဲသို့ ထည့်ထားပါ။
- ငှက်ပျောဖီးများကို ၂ပိုင်း ၃ပိုင်း ပိုင်းပြီးတာနဲ့ အလေးချိန် စစ်ဆေး အတည်ပြုပြီး ထုတ်ပိုးမှု အဆင့်ကိုစတင်လုပ်ဆောင်ပေးပါ ။
ငှက်ပျော်ကြော်ထုတ်လုပ်ပုံ
ငှက်ပျောသီး အခွံ့များကို လက်ဖြင့်ခွာပြီး စက်များဖြင့်ကြိတ်ပါ။ ကြိတ်ထားသော ငှက်ပျောသီးအသားများကို ဆီပူပူဖြင့်ကြော်ပြီးနောက် ဆီများ ခြောက်သွေ့သွားသည်အထိ အခြောက်ခံပါတယ်။ အဲ့ဒီနောက်မှာ ထုပ်ပိုးပြီး စျေးကွက်သို့ ရောင်းချရန် တင်ပို့ပေးပါ။