အိမ်မှာ စိုက်နိုင်ပြီး ခရမ်းသီးအထွက်နှုန်း များစေတဲ့ လျိုဝှက်ချက်



 #LGTmyanmar, #BBKmyanmar

အပင်မစိုက်ခင် မြေထည့်ဖို့  6 လီတာ ပလတ်စတစ် ရေဘူးကို ထိပ်ပိုင်းဖြတ်ပြီး ဘေးဘက်မှာ အပေါက်ဖောက်ပေးပါ။ ခရမ်းသီးအပင်က မြေမရွေးပေမယ့် ရေသွင်း ရေထုတ်လွယ်ကူတဲ့ မြေဩဇာကောင်းမွန်သော သဲနုန်းမြေမှာ စိုက်တာပိုကောင်းပါတယ်။  အာဟာရဓာတ် အလွန်စားသုံးသောသီးနှံဖြစ်ခြင်းကြောင့် မြေဆီဩဇာထက်သန်သောမြေကို နှစ်သက်ပါတယ်။  မြေကြီး၊ မြေသြဇာ၊  စပါးခွံ၊ အုန်းဆံမျှင် ရောစပ်တာက မြေဆီလွှာ အစိုဓာတ်ကို ထိန်းထားပေးထားနိုင်ပါတယ်။  6 လီတာ ပလတ်စတစ်ဘူးထဲ ရောထားတဲ့မြေထည့်ပြီး ပလတ်စတစ်ဘေးလက်က ဖောက်ထားတဲ့ အပေါက်သေးလေးထဲကနေ ပျိုးထားတဲ့ ခရမ်းသီး အပင်ပေါက်လေးကို အလျားလိုက် ထုတ်ပေးထားပါ။


ကြိုတင်ပြင်ထားရမယ့် ငါးနှင့် ပြုလုပ်ထားတဲ့ မြေသြဇာ

ငါးသားပေါက် ၊ လှီးထားတဲ့ ကြက်သွန်နီ ၊ Trichoderma ၊  Vitamin C တို့ကို ရေအနည်းငယ် နဲ့ ရောထားပြီး 2 ပတ် ထားပေးပါ။ ငါးပရိုတင်း မြေသြဇာက မြေသားကောင်းမွန်စေခြင်း အသီးအနှံတွေ ကြီးထွားစေပြီး အပင် ရောဂါပိုးတွေ အန္တရာယ်ကို ခုခံအားကောင်းမွန်ပါတယ်။


စိုက်ပျိုးပုံအဆင့်ဆင့်

  • ၁ ပတ်အကြာမှာ အပေါက်တွေ ဖောက်ထားတဲ့ ထိပ်ပိုင်းဖြတ် ရေသန့်ဘူးအသေးကို အသုံးပြုပြီး အပင်စိုက်ထားတဲ့ ဘူးအလယ်ခေါင်မှာ မြုပ်ပေးပါ။ ရေသန့်ဘူးအသေးထဲ မီးဖိုချောင်ကနေ ထွက်လာတဲ့ စွန့်ပစ်အစားအစာ သို့ ခရမ်းချဉ်သီး လှီးထားတာတွေ ထည့်ပေးပါ။
  • ၂ ပတ်ရှိလာတဲ့အခါ ထိပ်ဆုံးအညွှန့်ကို ဖြတ်လိုက်ပြီး healing glue သုတ်ပေးပါ။ ပြီးရင်တော့ ငါးနဲ့ ပြုလုပ်ထားတဲ့ မြေဩဇာကို ထည့်ပေးပါ။
  • ၃ ပတ်မြောက်မှာ ပထမဆုံးပွင့်တဲ့ ပန်းကို ဖြတ်လိုက်ပြီး အရွက်အဟောင်းတွေကို ဖြတ်ထုတ်ပါ။
  • ၄ ပတ်မြောက်မှာ ပန်းတွေ အများကြီးပွင့်လာပြီး အသီးသီးဖို့ အဆင့်သင့်ဖြစ်နေပါပြီ ။
  • ၅ ပတ်မြောက်မှာ ဘီယာတစ်ဘူး နဲ့ နိုက်ထရိုဂျင် ရေအနည်းငယ်တို့ ရောလိုက်ပြီး အပင်တွေကို လောင်းပေးပါ။  
  • ၆ ပတ်မြောက်မှာ အသီးစသီးပြီး ၉ ပတ်မြောက်မှာ အသီးသီးပြီး ခူးဆွတ် နိုင်ပါပြီ။




Previous Post Next Post