နေကြာဆီ ထုတ်လုပ်ပုံအဆင့်ဆင့်

 


နေကြာဆီသည်  စွယ်စုံသုံးဆီတစ်မျိုးဖြစ်ပြီး၊ ပိုလီမာများ၊ ချောဆီများ၊ ဒီဇယ်လောင်စာများ၊ ဆပ်ပြာနှင့် ကြေးချွတ်ရာတွေမှာ အသုံးများပြီးတော့ နေကြာဆီကို ကြော်၊ မုန့်ဖုတ်၊ နှင့် salad dressing အတွက်လည်း အသုံးပြုပါတယ်။ နေကြာဆီသည် မြင့်မားတဲ့ အပူချိန်မှာတောင် ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ဓာတ်တွေကို မထုတ်တဲ့အတွက်  ကျန်းမာရေးအတွက် စိတ်ချရပါတယ်။ #LGTmyanmar , #BBKmyanmar

နေကြာဆီမှာ  linoleic acid၊ (Omega 6) ၊ ဗီတာမင် E နှင့် ဗီတာမင် K တို့လည်း မြင့်မားစွာပါဝင်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ဆီတစ်မျိုးဖြစ်တယ်လို WebMD က အတည်ပြုထားပါတယ်။ မပြည့်ဝဆီ ပါဝင်မှု နည်းပြီး ပြည့်ဝဆီ ပါဝင်မှု မြင့်မားပါတယ်။ 

နေကြာပန်းမျိုးစေ့ကို မြောက်အမေရိကားတိုက်မှစတင်တွေ့ရှိခဲ့ပြီး တခြားနိုင်ငံများကိုပါ မျိုးစေ့များပျံ့နှံ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နေကြာပင်မှ နေကြာဆီကို ထုတ်ယူသုံးဆွဲသည့်နည်း ရှာနိုင်သည်မှာ လွန်စွာအကျိုးမြတ်များ ရှိလာခဲ့သည်။ မျိုးစိတ်နာမည်က Helianthus annuus  ဖြစ်ပြီးတော့ မျိုးခွဲတွေ အများကြီးရှိပါတယ်။တချို့ နေကြာစေ့တွေမှာ oleic acid or linoleic acid ပါဝင်မှုများပြီး တချို့အမျိုးတွေကို နေကြာဆီထုတ်လုပ်နိုင်တဲ့ ဆီထွက် သီးနှံအမျိုးအစားဖြစ်ပါတယ်။

နေကြာစေ့ အမျိုးအစားတွေမှာ ပြည့်ဝဆီ၊ မပြည့်ဝဆီ ပါဝင်မှုနှုန်းနဲ့ အပူချိန်နဲ့တွေ့ရင် ပြောင်းလဲဓာတ်တိုးနိုင်မှု ရှိမရှိ စတဲ့ မတူညီတဲ့ အချိုးအစားတွေများစွာ ရှိပါတယ်။ နေကြာဆီ ကြိတ်ဖတ်တွေကို တိလေးတွေရဲ့ အစားအစာတွေထုတ်လုပ်တဲ့ ဖော်မြူလာမှာ ထည့်သွင်း အသုံးပြုသလို ရာသီဥတုနဲ့  နေ့တာ တို / ရှည်ပေါ်မှာလည်း မှီခိုမှု နည်းတဲ့အတွက်  စိုက်ပျိုးမှုများပါတယ်။ နေကြာဆီသည် လူကြိုက်အများဆုံး ဟင်းသီးဟင်းရွက်ဆီများထဲမှ တစ်ခုဖြစ်သည်။

အခုခါ နေကြာပင်များကို အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးများတွင် စိုက်ပျိုးနေကြသည်။ နေကြာပင်သည် အခြားသီးနှံများကဲ့သို့ မျိုးစေ့မှ တိုက်ရိုက်ပေါက်သည်။ ခေတ်မီမျိုးစေ့ချစက်များသည် အချောင်းပေါင်း ၂၀ အထိ ကိုင်တွယ်နိုင်ပြီး ထိရောက်မှုကို တိုးမြှင့်ပေးသည်။ 

နေကြာ အစေ့များကို ကျန်းမာရေးနှင့် ညီညွတ်သော သရေစာအဖြစ် စားသုံးလာကြသည်။ နေကြာအစေ့တွင် အိုလီအစ် အက်ဆစ် သို့မဟုတ် လင်နိုင်လစ် အက်စစ်  ပါဝင်မှု မြင့်မားသည်။ အခြားအမျိုးအစားများကို ထုတ်ယူအသုံးပြုသည်။ နေကြာဆီသည် ပရိုတင်းဓာတ်ကြွယ်ဝသော  ဟင်းချက်ရာသာမက ကိတ်မုန့် သို့မဟုတ် တိရစ္ဆာန်အစာပြုလုပ်ရာတွင်လဲ အသုံးပြုသည်။ 

နေကြာပန်းများကို ပြင်သစ်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ စပိန်၊ အီတလီ၊ ယူကရိန်းနှင့် ရုရှားတို့ အပါအဝင် ဥရောပ၏ နွေးထွေးသော ဒေသများတွင် နှစ်စဉ် စိုက်ပျိုးကြသည်။ နေကြာသည် အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးသူများ အထူးသဖြင့် ဒါကိုတာလွင်ပြင်နှင့် တက္ကဆက်ပြည်နယ် ပန်ကိုင်ဒေသတို့တွင် အရေးပါသောသီးနှံဖြစ်သည်။

ကြီးထွားလာသော နေကြာအပင်များသည် အလင်းဓာတ်ပိုမိုရရှိရန် နေ့ဘက်တွင် နေရောင်ရှိရာ မျက်နှာချင်းဆိုင် စောင်းကြသည်။ နေကြာပင်ရဲ့ နေအလင်းရောင်ပေါ် မူတည်ပြီး မျက်နှာမူနေတဲ့ ထူးခြားတဲ့ သဘာဝတရားကို ' heliotropism ' လို့ ခေါ်ပါတယ်။

.

နေကြာတွင် ပါဝင်သော ဓါတ်များ 

နေကြာစေ့တွေကို ဆီအဖြစ် ပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာ အကြမ်းဖျင်းအားဖြင့် ဆီ ၃၈ မှ ၅၀ ရာခိုင်နှုန်း နှင့် ပရိုတင်းဓာတ် ၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ 

နေကြာစေ့ ၁.၃၉၈ ကီလိုဂရမ်ဟာ ဆီ ၁ လီတာ ထွက်ပါတယ်။ နေကြာဆီ ဆီထွက်ရှိမှုနှုန်းတွေက မြေဆီလွှာနှင့် ရာသီဥတု၊ မျိုးစေ့အရည်အသွေး၊ ထုတ်ယူသည့်နည်းလမ်းများနှင့် ပါဝင်တဲ့ အရည်အသွေး တွေပေါ်မှာ မူတည်ပါတယ်။ နေကြာအစေ့ ၁၀၀ ဂရမ်ကို နေကြာဆီ ၄၂ ဂရမ်ခန့် ထွက်ရှိသည်။ နေကြာစေ့များတွင် ၅၀ % ကျန်မာရေးကောင်းစေသောအဆီ နှင့် ပရိုတင်း ၂၀ % အထိပါရှိသည်။ ဗီတာမင်၊ သတ္တုဓာတ်နှင့် တိုကိုဖီရောလ် (ဗီတာမင် E) ဓာတ်များကြွယ်ဝစွာပါဝင်သည်။ နေကြာစေ့များတွင် မဂ္ဂနီဆီယမ်၊ ကြေးနီ၊ သံ၊ ကယ်လ်စီယမ်၊ ဇင့်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ ဆီလီနီယမ်နှင့် မန်းဂနိစ်တို့ ပါဝင်သည်။ နေကြာဆီတွင် အိုမီဂါ-၆ ဖက်တီးအက်ဆစ်လည်း ပါဝင်သည်။

ပုံမှန်နေကြာဆီတွင်

linoleic  acid 69% ၊ 

oleic acid 20% 

stearic acid 6%

palmitic acid

saturated fatty acids 11% 

linoleic acid နှင့် palmitic acid တို့ ပါဝင်ပါတယ်။

နေကြာဆီတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ မပြည့်ဝအဆီတွေဖြစ်တဲ့  oleic acid, stearic acid, linoleic acid, and palmitic acid တွေကို  အဆင့်မြင့် နည်းလမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်ပါတယ်။


နေကြာဆီ ထုပ်လုပ်ပုံအဆင့်ဆင့်


နေကြာစေ့များကို ကြိတ်ချေခြင်းဖြစ် နေကြာဆီရရှိပါသည်။ နေကြာဆီထုတ်လုပ်ပုံ အဆင့်ဆင့်မှာ အရောင်ချွတ်ခြင်းမှစတင်ပြီး အနံ့ဆိုး နှင့်  သန့်စင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် ရှိပါသည်။ဒါဆို နေကြာဆီ ဘယ်လိုထုတ်ယူမလဲ။ ရိတ်သိမ်းပြီးနောက်  နေကြာစေ့မှ နေကြာအဆီ ပြုလုပ်ပုံမှာ သာမန်ကြိတ်ချေရုံဖြင့်မရရှိနိုင်ပါ။  

အရည်အသွေးမြင့်သော နေကြာအစေ့များဖြစ်စေရန် နေကြာစေ့များကို ဂရုတစိုက် ရွေးချယ်ရမည်။ ရွေးချယ်ထားသော အစေ့များကို ဆေးကြောပြီး အခြောက်ခံကာ အခွံများကိုဖယ်ရှားခြင်းကို လုပ်ဆောင်ရသည်။ နေကြာဆီအတွက် နေကြာစေ့အခွံများမှာ ပါးလွှာနေလျင် ပါဝင်သောအစေ့ ကောင်းမွန်ပြီး ဆီထုတ်လုပ်ရာတွင် ပိုမိုထွက်ရှိသည်ဟု ပညာရှင်များဆိုကြသည်။ အကောင်းစား နေကြာစေ့များကို  အစေ့ခွဲစက်ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။  တချို့စက်ရုံများတွင် ဝါဂွမ်းနှင့် နေကြာစေ့များအတွက် အထူးထုတ်လုပ်ထား စက်များရှိနေပြီဖြစ်သည်။ 


ဆီကို ထုတ်ယူသော နည်းလမ်းနှစ်မျိုးရှိပါတယ်

Expeller pressing: Pressing လုပ်မယ်ဆိုရင် နေကြာဆီမှာ ပါဝင်တဲ့ အာဟာရဓာတ်ရရှိမှု များပြီး ဆီထွက် နည်းပါတယ် Expeller pressing စက်တွေကို အသုံးပြုပြီးဆီထုတ်ယူတဲ့ အခါ အစေ့တွေရဲ့ တဝက် သို ့ လေးပုံသုံးပုံလောက် ပဲ ထွက်လာပါတယ်။ အရောအနှော မပါဝင်တဲ့ အရည်အသွေးမြင့်မားတဲ့ high dense oil နဲ့ ဆီကျန်နေသေးတဲ့ နေကြာကြိတ်ဖတ် ထွက်လာပါတယ်။ အရည်အသွေးမြင့်မား virgin oil ကို လိုချင်တယ်ဆိုရင်တော့ ဒီအဆင့်မှာ ရပ်လိုက်လို့ ရပေမယ့် ရှားပါးပြီး ဈေးကွက်လိုအပ်ချက်မြင့်မားတဲ့ နေကြာဆီ ဝယ်လိုအားကြောင့်  Solvent extraction အဆင့်ကို ထပ်မံဆောင်ရွက်ပေးရပါတယ်။

.

Solvent extraction: Solvent နည်းကို သုံးမယ်ဆိုရင် hexane လို့ ခေါ်တဲ့ ဓာတ်တစ်ခုကို သုံးပေးရပြီး နေကြာဆီမှာ ပါဝင်တဲ့ အာဟာရဓာတ်ရရှိမှု နည်းပြီး ဆီထွက် များပါတယ်။ Pressing အဆင့်ကနေ ထွက်လာတဲ့ နေကြာကြိတ်ဖတ်ဆီတွေကို hexane ကို သုံးပြီး ဆီထွက်လာအောင် ပြုလုပ်ပါတယ်။ ဒီအဆင်ကနေ  နေကြာဆီနဲ့ ဆီလုံးဝမကျန်တော့တဲ့ နေကြာကြိတ်ဖက် ရလာပါတယ်။   နောက်ဆုံးအဆင့်မှာ  hexane ကို ပြန်လည် ဖယ်ရှားပေးဖို့လိုပါတယ် ။ ဖယ်ရှားလိုက်တဲ့ hexane တွေကို ပြန်သုံးခြင်းဖြင့် ကုန်ကျစရိတ် နဲ့ စွန်ပစ်ပစ္စည်းများကို လျော့ချနိုင်ပါတယ်။

ကျန်းမာရေးနှင့် ကိုက်ညီစွာ စားသုံးနိုင်ဖို့အတွက် နောက်ဆုံးအကြိမ် သန်စင်ပေးခြင်းအဆင့်ကို လုပ်ပေးရပါတယ်။ သန့်စင်ခြင်းမှာ အဆင့်(  ၆ ) ရှိပါတယ်။

  1. degumming
  2. alkali neutralization
  3. bleaching
  4. dewaxing
  5. deodorization,
  6. winterization process.


1. Degumming

နေကြာဆီထုတ်လုပ်တဲ့အခါ နေကြာစေ့မှာ ပါဝင်တက်တဲ့ အပူနဲ့ တွေ့ရင် ဓာတ်ပြုစေတက်သော အဆိပ်အတောက် ဖြစ်စေတက်တဲ့ မလိုအပ်သော အရာများကို ပထမအဆင့်မှာ ဖယ်ထုတ်ပေးရပါတယ်။


2. Alkali Neutralization

ဆီ ရဲ့ အနံ့ အရသာကို ဆိုးရွားစေတဲ့ acid တစ်မျိုးဖြစ်တဲ့ FFA (Free Fatty Acids) ကို Alkali (caustic soda) ကို ထည့်ပြီးတော့ သန့်စင်တဲ့အခါ alkali နဲ့ ဆီထဲမှာ ရှိတဲ့ FFA ပေါင်းသွားတဲ့အခါ ရေမှာ နှစ်မြုပ်နိုင်တဲ့ အလေးချိန်ရှိတာကြောင့် အောက်ဆုံးမှာ အနည်ထိုင်စေတဲ့ နည်းလမ်းကို သုံးပြီး ဖယ်ထုတ်ပါတယ်။


3. Bleaching

ဆီရဲ့ အရောင် သန့်စင်ပြီး ကြည်လင်နေစေဖို့အတွက် clay adsorbent ကိုသုံးပြုပါတယ်။ ဒီအဆင့်မှာ ဆီရဲ့ မကောင်းတဲ့အနံ့အသက်တွေကို သန့်စင်ခြင်း အဆင့်ပါဝင်ပါတယ်။


4. Dewaxing

ဆီထဲမှာ ကျန်နေသေးတဲ့ နေကြာကြိတ်ဖတ်တွေကို အအေးခံခြင်းစနစ်နဲ့ ကျန်ရှိနေတဲ့ နေကြာကြိတ်ဖက်တွေကို အေးခဲစေခြင်းဖြင့် ဖယ်ထုတ်ပါတယ်။

5. Deodorization 

အဆင့်မှာ ပထမအဆင့်မှာ မဖယ်ရှားနိုင်ခဲ့တဲ့ မကောင်းတဲ့အနံ့နဲ့ အရသာတွေကို  မြင့်မားတဲ့ အပူချိန် ကို အသုံးပြုပြီး ဖယ်ရှားပေးရပါတယ်။


6. Winterization

နေကြာဆီ က အပူချိန် 5 degree Celsius အောက်သွားတဲ့အခါ အရောင်ကြည်လင်မှုမရှိပဲ နောက်လာတက်တာက ဆီထဲမှာ ဖယ်ရှားဖို့ကျန်နေသေးတာကြောင့် နောက်ဆုံး အဆင့်နေနဲ့ စစ်ထုတ်ပါတယ်။


အသုံးပြုတဲ့ ကုန်ကြမ်းများ ဝန်ထမ်းလုပ်သားတွေရဲ့ ကျွမ်းကျင်မှုနဲ့ အသုံးပြုတဲ့ စက်တွေရဲ့ အရည်အသွေးတွေပေါ်မူတည်ပြီး နေကြာဆီရဲ့ အရည်အသွေးတွေက ကွာခြားသွားနိုင်ပါတယ်။









Previous Post Next Post