အပိုင်း (၁) မှာ မေးခွန်း - ၁ က နေ ၅ အထိ ဖြေပြပေးထားပါတယ်။
- သင့်ရဲ့ အကြောင်းကို ပြောပြပါ။
- ဘာကြောင့် ဒီအလုပ်ကို လာလျှောက်တာလဲ။
- ကိုယ့်ရဲ့ အားသာချက်တွေကိုပြောပြပေးပါ။
- ကိုယ့်ရဲ့ အားနည်းချက် တွေကိုပြောပြပေးပါ။
- ဘာကြောင့် အရင်အလုပ်ကနေ ထွက်ခဲ့တာလဲ။
#LGTmyanmar #BBKmyanmar
မေးခွန်းတွေကို မှန်မှန်ကန်ကန် ပြန်ဖြေရမယ့် နည်းလမ်း နဲ့ အကောင်းဆုံး နမူနာ အဖြေတွေကို ပြောပြပေးထားပါတယ်။ နမူနာအဖြေတွေ ဖြစ်ပြီး ကိုယ့်ရဲ့ အကြောင်းနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ပြောင်းလဲ ဖြေဆိုပါ။
မေးခွန်း ၁ - သင့်ရဲ့ အကြောင်းကို ပြောပြပါ။
ပါဝင်သင့်တဲ့ အရေးကြီး အချက်အလက်များ
SEAT နည်းလမ်းကို သုံးပြီး ပြန်လည်ဖြေဆိုပါ။
- Skill (ကိုယ်ကျွမ်းကျင်တဲ့ အရာများ)
- Education (ဘွဲ့ နှင့် အခြားလက်မှတ်များ နှင့် လုပ်ငန်းအတွေ့အကြုံများ)
- Achievements (ထူးထူးခြားခြား အသိမှတ်ပြုရရှိခဲ့တဲ့ ဆောင်ရွက်မှုများ)
- Type of the person you are. (ကိုယ်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး တန်ဖိုးထားမှု စိတ်အားထက်သန်မှု)
ကိုယ့်ကို ကိုယ်ယုံကြည်မှု အပြည့်နဲ့ ဖြေနိုင်ပြီးတော့ first impression ရရှိစေဖို့ အင်တာဗျူး မဝင်ခင် အကြိမ်များစွာ လေ့ကျင့်ထားဖို့ လိုပါတယ်။
နမူနာ အဖြေများ
- Skill (ကိုယ်ကျွမ်းကျင်တဲ့ အရာများ)
" ကျွန်တော့်ကို ဒီလိုဖြေခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီအလုပ်ရဲ့ လိုအပ်ချက်တွေနဲ့ ကျွန်တော့်ရဲ့ အရည်အချင်းတွေက တော်တော်များများ ကိုက်ညီမှုရှိနေပါတယ်။ အလုပ်ပြီးမြောက်ဖို့ တက်ကြွပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးကြိုးစားစား လုပ်နိုင်ပါတယ်။ ပြီးတော့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီး လုပ်ငန်းရဲ့ သဘောသဘာဝကို အလွယ်တကူ သင်ယူ နားလည်နိုင်ပြီး အလုပ်ရဲ့ လိုအပ်ချက်တွေကို စိတ်အားထက်သန်စွာနဲ့ အလုပ်လုပ်နိုင်ပါတယ်။ "
- Education (ဘွဲ့ နှင့် အခြားလက်မှတ်များ နှင့် လုပ်ငန်းအတွေ့အကြုံများ)
" ဒီလုပ်ငန်းနဲ့ ကိုက်ညီတဲ့ ဘွဲ့ ရရှိထားပြီးတော့ အရင်အလုပ်တွေမှာ လူနည်းနည်း များများ ဘယ်လို team နဲ့မဆို အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိပြီးတော့ customer တွေ စိတ်ကျေနပ်သည်ထိ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ အချိန်မီ ပေးရမယ့် အလုပ်တွေကို ပြီးဆုံးအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ "
- Achievements (ထူးထူးခြားခြား အသိမှတ်ပြုရရှိခဲ့တဲ့ ဆောင်ရွက်မှုများ)
"အရင် အလုပ်တွေမှာ ရောင်းအားတိုးစေဖို့ အကောင်းဆုံး အကြံဉာဏ်တွေ ပေးနိုင်ခဲ့ပြီးတော့ ကိုယ့်ရဲ့ အရည်အချင်းကို မန်နေဂျာတွေရဲ့ အသိမှတ်ပြုချီးကျူးတာတွေ ရှိခဲ့ပါတယ်။ အလုပ် အပေါ် တာဝန်ယူတက်ပြီးတော့ လစာ နဲ့ တူညီသော အကျိုးရလဒ် များစွာ ရရှိစေဖို့ ကြိုးစားနိုင်ပါတယ်။
- Type of the person you are. (ကိုယ်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး တန်ဖိုးထားမှု စိတ်အားထက်သန်မှု)
" အမြဲတမ်း ကိုယ့်ကို တိုးတက်စေဖို့ အသစ်အသစ်တွေကို အမြဲတမ်းလေ့လာနေရတာ ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဖြစ်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေကိုလက်ခံပါတယ်။ အလုပ်တွေကို အချိန်မီပြီးအောင် လုပ်နိုင်စွမ်းရှိပြီးတော့ မျှော်လင့်ထားတဲ့ ရလဒ်တွေ ပေးနိုင်ပါတယ်။ "
မေးခွန်း ၂ - ဘာလို့ ဒီအလုပ်ကို လျှောက်ထားရတာလဲ
ဒီမေးခွန်းကို မဖြေခင် ကိုယ်လျှောက်ထားတဲ့ company အကြောင်း research လုပ်ထားဖို့လိုပါတယ်။
ပါဝင်သင့်တဲ့ အရေးကြီး အချက်အလက်များ
- အင်တာဗျူးတဲ့သူတွေက အလုပ်လျှောက်ထားသူတွေကို ရေရှည်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
- ဒီအလုပ်ကို ရဖို့ လိုလို လားလား ရှိနေကြောင်း ပြန်ဖြေတဲ့အခါ ပါဝင်ဖို့လိုပါတယ်။
နမူနာ အဖြေများ
" ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းအမျိုးအစားမှာ ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ တူညီနေတဲ့ သူတွေနဲ့ အလုပ်အတူ တွဲလုပ်ချင်တာကြောင့်ပါ။ လုပ်ငန်းရဲ့ လက်ရှိ သွားနေတဲ့ ပုံစံနဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးထားမှုတွေက မြင်နေကျ ပုံစံကနေ ခွဲထွက်ပြီးတော့ ဆန်းသစ်ပြောင်းလဲနေတဲ့ အတွေးခေါ်တွေနဲ့ တက်ကြွနေတဲ့ အနေအထားတွေကြောင့် ဒီမှာ အလုပ်လုပ်ချင်တာပါ။ "
မေးခွန်း ၃ - ကိုယ့်ရဲ့ အားသာချက်တွေကိုပြောပြပေးပါ။
ပါဝင်သင့်တဲ့ အရေးကြီး အချက်အလက်များ
- အလုပ်ခေါ်စာမှာ ဖော်ပြထားတဲ့ အချက်တွေကို စာရင်းပြုစုထားပြီးဖို့ သင့်လျော်သလို ပြန်လည် ထည့်သွင်းဖြေသွားဖို့ လိုပါတယ်။
နမူနာ အဖြေများ
"ပြဿနာ ရှိလာတဲ့အခါ ဖြေရှင်းမယ်နည်းလမ်း နဲ့ ဆုံးဖြတ်ချက် မြန်တဲ့သူတစ်ယောက်ပါ။ လုပ်ငန်းအကြောင်း နဲ့ လက်ရှိယူရမယ် အလုပ်တာဝန်တွေကို အလွယ်တကူ သင်ယူနားလည်နိုင်ပြီး အမြန်ဆုံး လက်လွဲယူပေးနိုင်ပါတယ်။ Team ရဲ့ ရည်မှန်းချက်ကို ပြည့်မှီစေဖို့ လုပ်ဖော်ကိုင်ဖက်တွေ ကူညီပေးနိုင်ပါတယ်။ "
မေးခွန်း ၄ - ကိုယ့်ရဲ့ အားနည်းချက်တွေကိုပြောပြပေးပါ။
ပါဝင်သင့်တဲ့ အရေးကြီး အချက်အလက်များ
ဘာအားနည်းချက်မှ မရှိပါဘူးလို့ မပြောသင့်သလို ပြည့်စုံပြီ စေ့စပ်သေချာတဲ့သူတစ်ယောက် ဖြစ်နေတာပါလို့ မပြောဖို့ လိုပါတယ်။
အင်တာဗျူးတဲ့ သူတွေ လက်ခံနိုင် လောက်တဲ့ အားနည်းချက် တွေက အလုပ်ခွဲဝေပေးတဲ့ နေရာမှာ အားနည်းတာ၊ လူအများရှေ့မှာ စကားပြောမပြောတက်တာတွေနဲ့ စိတ်မရှည် တာမျိုးပါ။ ကိုယ် လျှောက်ထားတဲ့ အလုပ်နဲ့လည်း သက်ဆိုင်ပါတယ်။
နမူနာ အဖြေများ
" ကျွန်တော်က အလုပ်လုပ်ရင် မြန်မြန်ဆန်ဆန်လုပ်တက်ပြီးတော့ အခြားသူတွေကိုလဲ ကိုယ်လိုပဲဖြစ်စေချင်တဲ့အခါ အနည်းငယ် အခက်အခဲရှိပါတယ်။ တခါတလေ အလုပ်လုပ်ရတာ တခြား ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်သူက စိတ်အားတက်ကြွမှုမရှိတာမျိုး တာဝန်ယူဖို့ ပျက်ကွက်တဲ့သူတွေကြောင့် အလုပ်တစ်ခုပြီးမြောက်ဖို့ အနှောက့်အယှက် ဖြစ်ပါတယ်။ အခြားသူတွေကိုစိတ်ဓာတ်ခွန်အားပေးနိုင်ဖို့ တခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်း တိုးတက်လာစေဖို့ အမြဲ ကြိုးစားနေပေမယ့် အဲ့ဒီနေရာမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ "
မေးခွန်း ၅ - ဘာကြောင့် အရင်အလုပ်ကနေ ထွက်ခဲ့တာလဲ။
ပါဝင်သင့်တဲ့ အရေးကြီး အချက်အလက်များ
- အရင်အလုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင် နဲ့ အလုပ်ပေါ်မှာ မကောင်းတဲ့ ပုံစံနဲ့ အပြစ်တင်ဝေဖန်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။
- ရေရှည်ရပ်တည် နေပြီး စိန်ခေါ်မှု၊ အခွင့်အလမ်း၊ အနာဂါတ်အစီအစဉ်တွေ ရှိတဲ့ companyအသစ်နဲ့ လက်တွဲလုပ်ချင်တဲ့အကြောင်း ပါဝင်သင့်ပါတယ်။
နမူနာ အဖြေများ
" ကိုယ်ရဲ့ လက်ရှိအလုပ်မှာ ကိုယ်ရောက်နေတဲ့ နေရာကနေ ကိုယ့်ရဲ့ အရည်အချင်း လုပ်နိုင်စွမ်းတွေကိုအပြည့်အဝအသုံးချနိုင်ပေမယ့် နောက်ထပ် company အသစ်မှာ ကြုံရမယ့် စိန်ခေါ်မှု အသစ်တွေ ပရောဂျက်အသစ်တွေကို မတူညီတဲ့ အိုင်ဒီယာနဲ့ အရည်အချင်းတွေ ပြည့်ဝနေတဲ့ သူတွေနဲ့အတူ တိုးတက်ပြောင်းလဲမှုတွေကို တွေ့ကြုံ ဖြေရှင်းချင်တဲ့ အတွက် အရင်အလုပ်ကနေ ထွက်ချင်တာပါ။"