အမျိုးသမီးလေးတွေရဲ့ စွမ်းအား

 



တစ်စုံတစ်ယောက်က မင်းက လူကောင်းတစ်ယောက်ဆိုတာ အသိအမှတ်ပြုတာကြုံခဲ့ရဖူးလား။ မင်းက ဘယ်လောက်ထိ ကောင်းမွန်တဲ့ သူတစ်ယောက်လဲဆိုတာ ကိုယ်တိုင်ရော သိရှိလက်ခံပြီး တွေးမိဖူးတာရှိလား။

#LGTmyanmar , #BBKmyanmar

အတွေအကြုံတွေကို ပြန်လည်မျှဝေရမယ်ဆိုရင် -

ကိုယ်ကိုယ်တိုင် ဒီလိုဖြစ်ရတဲ့ အခြေအနေတွေ ဘာကြောင့်ဖြစ်နေတယ်ဆိုတာ အဖြေရှာမရခင်မှာပဲ လူတွေက ကိုယ့်အပေါ်  အပေါ်ယံ အမြင်တွေနဲ့ ဆိုးသွမ်းတယ် လိုအပ်ချက်တွေ အများကြီးရှိနေသေးတဲ့ သူတစ်ယောက်လို့ အထင်ခံနေရပြီးတော့ ကိုယ်ရဲ့ မကောင်းတဲ့ ဘက်အခြမ်းကိုပဲ မြင်နေကြတဲ့အခိုက်အတန့်တွေ ရှိခဲ့ဖူးတယ်။ လူတွေကတော့ အဲ့လိုမြင်နေပေမယ့် ကိုယ်တိုင်ကတော့ ဒီလိုမခံစားမိဘူး။

ဒီအခြေအနေနဲ့ ကြုံလာတဲ့ အခါ ကိုယ်တိုင်ဘာဆက်လုပ်မလဲ။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ ကံကောင်းမှုတွေကို မေ့ထားပြီး အတိတ်က ဆုံးရှုံးမှုတွေ အမှားတွေ ဖြစ်ရပ်တွေကိုပဲ တွေးနေပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းတဲ့ စိတ်ခံစားချက်တွေကနေ ရုန်းမထွက်နိုင်ဘူးဆိုရင် ကိုယ်တိုင် ပျော်ရွင်မှုတွေနဲ့ ထိုက်တန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ယုံကြည်လား ဆိုတာကို ပြန်ပြီး မေးခွန်းထုတ်ရလိမ့်မယ်။

ကိုယ့်ဘဝအတွက် ကိုယ်တိုင်ကပဲ တာဝန်ရှိတဲ့သူဖြစ်ပြီးတော့ တခြားတစ်ယောက်ရဲ့ အကူအညီတွေ ကိုထိုင်စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲရှိမယ်။ ဘာဖြစ်လိုလဲဆိုတော့ ကိုယ်ဘဝကို ကိုယ်တိုင် တာဝန်ယူနိုင်တဲ့ စွမ်းအားတွေ မင်းဆီမှာ အပြည့်ရှိနေလို့ပဲ။

အိမ်ထောင်ကွဲတယ် အလုပ်မရှိဘူး အိမ်မရှိဘူးဆိုတဲ့ အဲ့ဒီကြောက်စိတ်တွေကို ကိုယ်အတွက် ကိုယ်ရှိတယ် မိဘတွေအတွကိ ကိုယ်ရှိတယ်ဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ခဲ့ပြီးတော့ ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခုကို ကြုံတွေ့ခဲရပေမယ် အခုအချိန်မှာ ဒီနေရာမှာရပ်ပြီး အဲ့ဒီ အရှုံးတွေကို ရယ်စရာတစ်ခုအနေနဲ့ ပြောနိုင်နေပြီးတော့ ကာလရှည်ကြာ မှောင်မိုက်နေတဲ့ ဘဝအတွက် နောက်ဆုံးမှာ အလင်းရောင်လေးတစ်ခုက မျော်လင့်ချက်တစ်ခု ဖြစ်လာခဲ့တယ်။ 

.

ဆုံးရှုံးမှုတွေက လူတိုင်းကြုံတွေ့ရတဲ့ သဘာဝတရားပါ

အရှုံးတွေက ကိုယ်အတွက် တကယ်လိုအပ်တယ်ဆိုတဲ့အရာတွေကို သတိပြုမိစေပြီးတော့ ကိုယ်လိုအပ်တယ်လို့ ထင်နေမိခဲ့ပေမယ့် ကိုယ်တကယ်လိုအပ်နေတာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားစေနိုင်တဲ့ အကျိုးကျေးဇူးတွေရှိတယ် ။

ကိုယ်ရဲ့ energy တစ်ခုလုံးကို ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ ပန်းတိုင်တစ်ခုထဲအပေါ်မှာ အာရုံစူးစိုက်ထားတယ်။အခြားဖြစ်နိုင်တဲ့လမ်းကြောင်းတွေ ဘယ်လောက်ပဲရှိရှိ ကိုယ်ရွေးချယ်ထားတဲ့ လမ်းအပေါ်မှာ စိတ်အပြောင်းအလဲ မများပဲနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိခဲ့လို့ နယ်ပယ်တစ်ခုမှာ  အောင်မြင်မှု ရရှိခဲ့တယ်။

အမှားတွေ ဆုံးရှုံးမှုတွေက ဘဝမှာ မဖြစ်မနေ ကြုံတွေ့ရမယ် အစိတ်အပိုင်းတွေ ဖြစ်ပြီးတော့ အဲ့ဒီအရာက သဘာဝပဲဆိုတာလက်ခံတက်တဲ့စိတ်ရှိဖို့နဲ့  အဲ့ဒီအမှားတွေကနေ သင်ယူမယ် ပျော်ရွင်မှုတွေကို သင်ယူနိုင်မယ်ဆိုရင် အကြောက်တရားတွေကနေ လွန်မြောက်ပြီးတော့ အမှားတွေကို သင်ယူရင်း အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖော်ဆောင်နိုင်မှာပါ။

ဘဝက မင်းရဲ့ CV ပေါ်က ဘွဲ့တွေ အရည်အချင်းတွေမဟုတ်ဘူး လူတော်တော်များများကတော့ မင်းရဲ့ ဘဝကို  သူတို့ရဲ့ ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ မှားယွင်းစွာ သူတို့ပေတံနဲ့ တိုင်းတဲ့ သူတွေနဲ့ မင်းကြုံရလိမ့်မယ်။ အဲ့ဒါတွေကို ခံနိုင်ရည်ရှိအောင်ကြိုးစားရလိမ့်မယ်။

ဘဝက ရှုပ်ထွေးတယ် ခန့်မှန်းလို့မရဘူး ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်ထားလို့မရဘူး ဆိုတာ နားလည်ထားရမယ် ဒီတော့ မေးစရာရှိတာက မင်းက ပျော်ရွင်မှုတွေနဲ့ ထိုက်တန်တယ်ဆိုတာ လက်ခံနိုင်လား ။

.

လိုချင်နေတာတွေကိုဘဝထဲ ဆွဲခေါ်လို့ရပါတယ်

အောင်မြင်ပျော်ရွင်မှု ပြည့်စုံကြွယ်ဝခြင်း စိတ်ချမ်းမြေသာယာမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေက မွေးဖွားလာတဲ့အချိန်ထဲက ရလာတဲ့ မွေးရာပါအခွင့်အရေးတွေပါ ဒီအရာတွေကို ကိုယ်ဘဝထဲကို ဆွဲခေါ်ချင်တယ်ဆိုရင် ကိုယ်ရဲ့ အပြုအမူတွေ ကိုယ်ယုံကြည်မှုနဲ့ အတွေးခေါ်တွေကို ပြောင်းပစ်မှ ရမှာပါ ထိုက်တယ်တယ်ဆိုတဲ့ယုံကြည်မှုနဲ့ ကိုယ်ပိုင်းဆိုင်နိုင်တယ်လို့ ယုံကြည်တဲ့ စိတ်ရှိမှာသာ အဲ့ဒီအရာက ကိုယ်ဘဝထဲကို ရောက်လာမှာပါ။ ကိုယ်လိုချင်တာမရသေးဘူးဆိုတာက မင်းက အဲဒါထက်ပိုပြီး ထိုက်တန်တဲ့သူတစ်ယောက်မို့ပါ။

တက်နိုင်သမျှအကောင်းဆုံး တွေကိုပဲ လုပ်ဆောင်နေတဲ့ အချိန်တိုင်း လူတွေသတိထားမိလာပြီး အခွင့်အရေးတွေရရှိလာမယ်။ မင်းရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်နေတာတွေက နောက်ထပ် ပိုမြင့်တဲ့ level တစ်ခုကို ‌ရောက်သွားစေတယ် ပြေးပွဲတစ်ခုရဲ့ ပြေးလမ်းပေါ်မှာ ပန်းတိုင်ရောက်တဲ့အထိ ပြေးနေဖိုပဲ လိုအပ်တယ် ဘဝဆိုတာက သက်တမ်းဘယ်လောက်ကြာကြာ နေထိုင်နေလဲဆိုတာတစ်ခုထဲ မဟုတ်ပဲနဲ့ လက်ရှိ ပစ္စုပ္ပန်တိုင်းမှာ ဘယ်လိုရှင်သန်နေလဲဆိုတာက ပိုပြီး အဓိကကျပါတယ်။

လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားပြီးတော့ အရာရာကို လက်ခံတက်တဲ့ စိတ်လေးနဲ့ အတိတ်က ဝမ်းနည်းစရာတွေ နောင်တရစရာတွေကို လက်လွတ်လိုက်ဖို့က အရေးကြီးပါတယ်။ ရှုံးနိမ့်မှုတွေ ဆုံးရှုံးမှုတွေဆိုတာ မင်းကို ဒုတိယအကြိမ်ပေးတဲ့ အခွင့်အရေးဖြစ်ပြီးတော့ အဲ့ဒီ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ထားပြီး တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခုကို ကြိုးစားဖော်ဆောင်ဖို့ မင်းရဲ့ အစွမ်းတွေနဲ့ ရှေ့ဆက်လိုက်ပါ။

Previous Post Next Post