နှင်းဆီပန်းမှ နှုတ်ခမ်းနီဆီ ထုတ်လုပ်နည်း အဆင့်ဆင့်

 




  • အလှပဆုံးနှင်းဆီးပန်းတွေကို lip balm  နှုတ်ခမ်းနီဆီလုပ်ကြည့်ရအောင်။  
  • ခုတော့ နှင်းဆီအဖတ်တွေကို လက်ဖြင့်စတင်ချွေပေးပါ။ ဒီအဆင့်မှာတော့နှင်းဆီပန်းအရွက်ခြောက်တွေ အရောင်လျော့နေ့တဲ့ နှင်းဆီးပန်းအရွက်တွေ လုံးဝမထည့်ပါဘူးနော်။  #LGTmyanmar, #BBKmyanmar
  •  လူတိုင်းကြိုက်တဲ့ သဘာဝ lip balm လေးလုပ်လိုက်တော့မယ်ဆိုတော့ သဘောကျမှာ သေချာပါတယ်။‌‌ ချွေထားတဲ့ နှင်းဆီးပန်အရွက်များကို သေချာစွာ ဆေး‌‌‌ကြောသန့်စင်ပါ။ လက်ဆတ်တဲ့နှင်းဆီပွင့်ချပ်တွေကိုပဲသုံးပါ။  
  • အမှုန့်အမွှားကင်းစင်စေဖို့ ရေဆေးပြီး  နှင်းဆီပွင့်ဖတ်တွေကို ပိတ်စ ဒါမှမဟုတ် ပုဝါ များဖြင့် အရွက်တွေအားလုံးကို အစိုဓာတ်လုံးဝမရှိပဲ ခြောက်အောင် သေချာသုတ်ပေးပါ။ 
  • သန့်ရှင်း လတ်ဆတ်ပြီး နှင်းဆီအရွက်များကို ငရုတ်ဆုံတစ်ခုယူပြီး အရွက်များကို ညက်အောင်ထောင်းပါ။ တောက်ပ‌သော နှင်းဆီပန်းရောင်အရွက်တွေက အရည်သွေးအတွက် အကောင်းဆုံးဖြစ်သည်။ 
  • ရောင်ရင့် အရွက်တွေကိုသာ အသုံးပြုပါ။ အဖြူရောင် ၊ အဝါရောင် အရွက်တွေကို မသုံးပါနှင့်။ နှင်းဆီ ထောင်းထားတဲ့ နှင်းဆီပွင့်ဖတ်တွေထဲကို အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး သမအောင်ထောင်းပေးပါ။
  • အုန်းဆီသည် နှုတ်ခမ်းသားအတွက် အလွန်ကောင်းမွန်ပြီး နူးညံ့တောက်ပစေပါသည်။  ပန်းကန်လုံးတစ်လုံးထဲကို နောက်ထပ် အုန်းဆီ လက်ဖက်ရည်ဇွန်း 2 ဇွန်းထည့်၍ ရောမွှေလိုက်ပါ။
  •  ဒယ်အိုးထဲတွင် ရေထည့်ကာ  နှင်းဆီပန်းထည့်ထားတဲ့ ပန်းကန်လုံးကို အိုးထဲထည့်ပြီး မွှေပေးပါ။  နှင်းဆီပွင့်ဖတ်တွေနဲ့ ဆီတွေ ရောအောင် ၁၀ မိနစ်ခန့် လုံလောက်အောင်မွှေပေးပါ။ 
  • ထို့နောက်း နှင်းဆီပန်းပွင့်များမှ အဆီများကို ဇကာနှင့် စစ်ထုတ်ထားပါ။ ကျန်နေတဲ့ နှင်းဆီပွင့်ဖတ်ခွံတွေကို scrub အနေနဲ့ အသုံးပြုနိုင်ပါတယ်
  •  ပုလင်းအလွတ်ထဲမှာ သိမ်းထားပြီး  အဖုံးပိတ်၍ 2 နာရီ လောက် အအေးခံ ထားပါ။ lip balmအဖြစ် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။ အောက်ခြေသို့ နှင်းဆီပန်းအရွက်သေးသေးလေးတွေ အနည်ကျသွားတာတွေ့ရမှာပါ။ 
  •  နှုတ်ခမ်းသားအတွက် ပြီးပြည့်စုံတဲ့ သဘာဝပန်းရောင်ကို ပေးစွမ်းနိုင်ပြီး အစိုဓာတ်ထိန်းပေးထားနိုင်လို့ နှုတ်ခမ်းခြောက်တာ ကွဲအက်တာတွေအတွက် ကောင်းပါတယ်။

Previous Post Next Post