သင်္ဘောသီး အများကြီးသီးအောင် ထိုင်းတွေ ဘယ်လိုစိုက်ကြသလဲ?

 


စိုက်ပျိုး ရိတ်သိမ်းပုံ အဆင့်ဆင့် 

  • သ‌‌‌‌င်္ဘောသီးအစေ့တွေကို‌ ရေစိမ်ပြီးတော့ အရည်အသွေး ခွဲခြားပါတယ်။
  • ရေခွက်ထဲသို့ နှစ်မြုပ်နေသော အစေ့များသည် အရည်သွေးကောင်းမွန်ပြီး ရေပေါ်ပေါ်နေသော အစေ့များက မျိုးမအောင်နိုင်ပါ။ အရည်အသွေးကောင်းသော အစေ့များကို စိုက်ပျိုးရန် ယူပါမယ်။
  • အစေ့များကို ရေစိုအဝတ်ထဲတွင် သိမ်းထားပါ။  #LGTmyanmar , #BBKmyanmar
  • ရက်အနည်းငယ် အကြာတွင် သင်္ဘောသီးအစေ့များသည် အမြစ်နှင့်အညွှန့် ပေါက်လာပါပြီ။ 
  • သ‌င်္ဘောသီးအစေ့များကို စိုက်ပျိုးရန် မြေဆီလွှာနှင့် အော်ဂဲနစ်ပစ္စည်းများကို ရောနှောပြီး စိုက်ပျိုးရန် ပျိုးဘောင်ထဲသို့ထည့်ပါ။ 
  • ရက်အနည်းငယ်အတွင်း သင်္ဘောသီးအစေ့များ စတင်ကြီးထွားလာပြီဆိုရင်  စိုက်ခင်းမှာ ပြောင်းရွေ့စိုက်ပျိုးပါ။
  • များသောအားဖြင့် အပင်တွေကို 2 x 3 မီတာ or 2 x 2 မီတာ အကွာအဝေးနဲ့ စိုက်ပျိုးပါတယ်။
  • ထိုင်းမှာရှိတဲ့ စိုက်ခင်းအများစုကတော့ သင်္ဘောသီး စိုက်ခင်းတွင် ရေလောင်းရန် ဆည်မြောင်းများဖောက်ထားပြီးတော့ မော်တော်ဘုတ်ကိုအသုံးပြုပြီး ရေလောင်းတာ များပါတယ်။ 
  • စိုက်ပြီး ၂ လ အကြာ ပန်းစပွင့်ပြီးတော့ ၈ လ ကြာပြီးနောက် ရိတ်သိမ်းဖို့အဆင်သင့်ဖြစ်နေပါပြီး။ အရည်အသွေးကောင်းသော သင်္ဘောသီးများရရှိစေရန် အစွပ်များ အုပ်ထားသင့်ပါတယ်
  • အသီးများကို အရွယ်အစားနှင့် ရင့်မှည့်မှုအလိုက်စီပါ။ ရိတ်သိမ်းထားသော သင်္ဘောသီးများကို ရင်မှည့်မှုနှေးစေရန် အေးမြပြီး အရိပ်ရသောနေရာတွင် သိမ်းဆည်းပါ။

.


ဒေသတွင်း စျေးကွက်များ သို့မဟုတ် ကုန်စုံဆိုင်များတွင် လတ်ဆတ်သော သင်္ဘောသီးများကို ရောင်းချပါ။ ဤအဆင့်များကို လိုက်နာပြီး သင့်လျော်သော စောင့်ရှောက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်းဖြင့် ဒေသတွင်းနှင့် ပို့ကုန်ဈေးကွက်အတွက် ကျန်းမာရေးနှင့် ညီညွှတ်သော အသီးအနှံများ အထွက်နှုန်းရှိသော အောင်မြင်သော သင်္ဘောသီးစိုက်ခင်းကို တည်ထောင်နိုင်မည်ဖြစ်သည်။

Previous Post Next Post