ဂျပန်ရိုးရာ ကြက်အရေခွံကြော် ထမင်း ဘယ်လိုချက်မလဲ?


 




ကြက်ရိုးပြုတ်ရည် ပြုလုပ်နည်း

အသားအနည်းငယ်ပါဝင်တဲ့ ကြက်ရင်ပုံရိုး နှင့် တောင်ပံရိုးများ နှင့် အခြား ကြက်ရိုးများကို ရေဆေးကြောသန့်စင် အဆီတွေကို ဖယ်ထုတ်ပြီး ကြက်ရိုးပြုတ်ရည် ပြုလုပ်ပါမယ်။ ပထမအကြိမ် ပွက်ပွက်ဆူလာပြီဆိုရင် ရေတစ်ထပ်ပြန်ဆေးပါ။  

#LGTmyanmar, #BBKmyanmar

နောက်ထပ်တစ်ကြိမ် အိုးထဲကို ရေ နှင့်ကြက်ရိုး များကိုထည့်၍ ၁၂ နာရီ ကြာအောင် ပြုတ်ပေးပါ။ ပြုတ်ပြီးသွားရင် အားလုံးကြေမွ အရည်ပျော်သွားပါတယ်။ ထိုကြက်ပြုတ်ရည်များကို ၅၅၀ မီလီတာ ဂျပန်အရက် မြေ သို့ ကြွေအိုး များသို့ ထည့်ပေးပါ။ 


ကြက်ဆီထမင်းကိုပြင်ဆင်ပါ။

ပေါင်းအိုးထဲမှာ ဆန်နဲ့ ကြက်ပြုတ်ရည် ၅၅၀ မီလီတာထည့်ပီး ထမင်းကိုချက်ပါ ။ 


Japanese Tare Sauce ဆော့တွင် လိုအပ်သောပါဝင်ပစ္စည်းများ

  1. ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ (ကြက်သွန်နီ ၊ နာနတ်သီး၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ဂျင်း ၊ သစ်တော်သီးနဲ့ ရင်ပုံအရိုးတွေကို ကင်ပါ)
  2. ရေ
  3. အဆီအနှစ်
  4. အညိုရောင် သကြား
  5. ပြောင်းဖူးရည်
  6. ပဲငံပြာရည်
  7. ရိုးရာအရက်တို့ကို ရောနှောပြီး 12 နာရီကြာ ချက်ပေးရပါမယ်။ 
ကြက်သားတွေကို အဆီနဲ့ အသားနဲ့ ခွဲပြီး marinade နဲ့  ရေခဲသေတ္တာထဲထည့်ပြီး နှပ်ပေးပါ။ ကြက်သားတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး Japanese Tare sauce လေးသုတ်ပြီး ကင်ပေးပါ။ 

ဆော့များကိုပြင်ဆင်မယ်။

  1. ဂျပန်ပဲပိစပ်ဆော့ 
  2. လျှော်ပင်ဆော့ 
  3. ငရုတ်သီးစိမ်းဆော့ 
  4. ကြက်သွန်ဆော့ 
  5.  ငရုတ်သီး အနီဆော့ များ

 ကြက်အရေခွံကြော် ထမင်း ပြင်ဆင်ခြင်း

ကြက်ဆီထမင်း ကြက်အရေခွံကြော် နှင့် ကြက်သားကြော်များ ကို ပန်းကန်လုံးထည့်ပြီး။ ဂျပန်ပဲပိစပ်ဆော့၊ လျှော်ပင်ဆော့၊ ငရုတ်သီးစိမ်းဆော့၊ ကြက်သွန်ဆော့၊ ငရုတ်သီးအနီဆော့များနှင့် ကြက်ပြုတ်ရည် ဟင်းချိုများကြက်ဥပြုတ် မကျက်တကျက် ၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီထုတ်၊ ရေညှိ ၊ ကို စားပွဲပေါ် တွင်ပြင်ဆင်ပြီးပါက သုံးဆောင်နိုင်ပါပြီ။ 

ဂျပန်လူမျိုးတွေရဲ့ ပုံမှန်ရိုးရာစားသောက်ကတော့ သောက်စရာဟင်းချို တခွက် နဲ့ ထမင်း၊ နောက်ပြီး အရံဟင်း ၃ ခွက် က ပုံမှန် ဖြစ်ပါတယ်။ ဒီလိုမျိုး ရိုးရာ အစားစာကိုဂျပန်လူမျိုးတွေကတော့ နေ့စဥ်နဲ့အမျှ စားသောက်လေ့ရှိကြပါတယ်။





Previous Post Next Post