တရုတ်နိုင်ငံသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုနှင့် စိုက်ပျိုးရေးအတွက် အထောက်ကူပြုသော ဆည်မြောင်းစနစ်များ ရှိသဖြင့် တစ်နှစ်လျှင် ဖရဲသီးတန်ချိန် သန်း ၆၀ အထိ စံချိန်တင် ထုတ်လုပ်မှုကို ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံရှိ ဖရဲစိုက်ပျိုးရေး လုပ်ငန်း၏ အောင်မြင်မှုနောက်ကွယ်မှ လျှို့ဝှက်ချက်များစွာကို ကြည့်ရှုလိုက်ရအောင်။
#LGTmyanmar, #BBKmyanmar
.
တရုတ်ဖရဲသီးစိုက်ပျိုးရေး
၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဖရဲသီးစိုက်ပျိုးရေးကဏ္ဍသည် ဧက 316 သန်းအထိ စိုက်ပျိုးခဲ့နိုင်ပြီး ၂၀၂၂ ခုနှစ်တွင် ထိုဖရဲသီးစိုက်ပျိုးရေးလုပ်ငန်းမှ အမေရိကန်ဒေါ်လာ 98 ဘီလီယံအထိရရှိခဲ့ပြီး ဖရဲသီးစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏စုစုပေါင်း GDP ၏ ၇% ဖြင့် ဝင်ငွေရရှိခဲ့သည်။ တရုတ်ဖရဲသီးစိုက်ပျိုးရေးသည် တရုတ်နိုင်ငံ စီးပွားရေးအတွက် ပံ့ပိုးပေးနိုင်ရုံသာမက ကမ္ဘာ့ပေါ်တွင် ဖရဲသီးအများဆုံးတင်ပို့တဲ့ နိုင်ငံလဲဖြစ်လာသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့တင်ပို့မှုများမှာ အစေ့အဆန် ၁၈% တင်ပို့ပြီး အသား ၂၉% ဟင်းသီးဟင်းရွက် ၅၀% နှင့် ဖရဲသီး ၆၀% တန်ချိန် တင်ပို့လျှက်ရှိသည်။
.
ဖရဲသီး စျေးကွက်
တရုတ်နိုင်ငံတွင် ဖရဲသီးစိုက်ပျိုးရေးသည် အရေးကြီးသော စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်လာသည်။ ဖရဲသီးအထွက်နှုန်း တိုးတက်လာမှုကြောင့် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ဖရဲသီးစိုက်ပျိုး နှုန်းမှာလဲ တဟုန်ထိုးတိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် ဖရဲသီး အရောင်းအဝယ်မှာ တိုးတက်လာပြီး ဟောင်ကောင်ဗီယက်နမ် ရုရှားနှင့် မကာအို ကဲ့သို့နိုင်ငံများကို အဓိက တင်ပို့လာကြသည်။
.
တရုတ်နိုင်ငံရှိ ဖရဲသီးလုပ်ငန်း၏ စျေးကွက်ခိုင်မာမှု နှင့် အနာဂတ်စျေးကွက်များကို လေ့လာကြည့်ကြရအောင်။ ၂၀၂၃ ခုနှစ်တွင် တရုတ်သည် ဖရဲသီးတင်ပို့မှု ၁၅% သည် ရုရှားကို အဓိကတင်ပို့မှုဖြစ်လာကြသည်။
.
ဖရဲသီးစတင်စိုက်ပျိုးမယ်ဆိုရင် မြေဆီလွှာပြင်ဆင်မှုကိုစတင်လုပ်ဆောင်ရမည်။ ဖရဲသီးအစေ့များကို ဂရုတစိုက်ရွေးချယ်ပြီး စတင်စိုက်ပျိုးပြီး ပျိုးပင်များ သန်မာလာပါက ပြင်ဆင်ထားသော မြေဆီလွှာတွင်အစားထိုး စိုက်ပျိုးကြပါတယ်။ အထူးသဖြင့် ပူပြင်းသောဒေသများတွင် ဆည်မြောင်းစနစ်ဖြင့် စိုက်ပျိုးရမည်ဖြစ်သည်။ ဖရဲသီးပင်များကို ရေနှင့် လိုအပ်သော အာဟာရဓာတ်များ အလုံအလောက်ရရှိစေရန် ရေအစက်ချစိုက်ပျိုးခြင်း သို့မဟုတ် မြောင်းဖော် ရေသွင်းခြင်းကဲ့သို့သော နည်းလမ်းများကို အသုံးပြုကြသည်။ ပျားများဖြင့် ၀တ်မှုန်ကူးစိုက်ပျိုးနည်း ခြင်းသည်လည် ဖရဲသီးကြီးထွားအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဖရဲသီးများ ရက်ပေါင်း ၆၅ မှ ၁၀၀ ရက်အတွင်း မည့်လာစေရန် သဘာဝအတိုင်း ဝတ်မှုန်ကူးခြင်းအားနည်းနေပါက တောင်သူများကိုယ်တိုင် လက်ဖြင့် ဝတ်မှုန်ကူးပေးရပါတယ်။.
လေးထောင့်ပုံသဏ္ဍာန်ရှိသော ဖရဲသီးသည် သယ်ရာတွင်သက်တောင့်သက်သာရှိပြီး ထိန်းသိမ်းရလွယ်ကူသောကြောင့် အထူးရေပန်းစားပြီး စားသုံးနိုင်သော ထုတ်ကုန်တစ်ခုအဖြစ်သာမက ထူးခြားသော အလှဆင်ပစ္စည်းအဖြစ်လည်း မကြာခဏ ရယူလေ့ရှိပါသည်။
.
.
ဖရဲသီးစိုက်ပျိုးရေး၏ အခက်အခဲများနှင့် ဖြေရှင်းနည်း
တရုတ်နိုင်ငံတွင် ဖရဲသီးစိုက်ပျိုးခြင်းသည် ရေပန်းစားမှု နှင့် စီးပွားရေးအရ အရေးပါသော်လည်း လယ်သမားများသည် သိသာထင်ရှားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ရေရှားပါးမှု၊ မြေယာပျက်စီးမှု၊ ရာသီဥတုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နှင့် စျေးကွက်မတည်ငြိမ်မှုများ ပါဝင်သည်။
အဆိုပါအခက်အခဲများကို ကျော်လွှားရန်အတွက် လယ်သမားများသည် ရေရှည်တည်တံ့ရေးအတွက် စိုက်ပျိုးနည်းပညာများတွင် ရင်းနှီးမြုပ်နှံလာကြသည်။ Green House အသုံးပြုခြင်း ၊ အလိုအလျောက် ဆည်မြောင်းနည်းစနစ်နှင့် အလိုအလျောက် ရေဖြန်းစက်များ၊ အလိုအလျောက် စောင့်ကြည့်စက်များ၊ တိကျသော စိုက်ပျိုးရေးနည်းပညာများ ပါဝင်သည်။ ထို့အပြင် E-commerce ထွန်းကားလာမှုကြောင့် စားသုံးသူများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် လယ်သမားများအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်လာခဲ့သည်။
တရုတ်နိုင်ငံတွင် ဖရဲသီးစိုက်ပျိုးခြင်း၏ အနာဂတ်သည် ကုန်ထုတ်စွမ်းအား၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် စီးပွားရေး တိုးတက်မှုများသည် တောင်သူတွေရဲ့ ကြိုးစားအားထုတ်မှု ပေါ်မှာသာမက ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော အဆင့်မြင့် ထုတ်လုပ်နည်းစနစ်ပေါ်မှာပါ မူတည်ပါသည်။ မိရိုးဖလာစိုက်ပျိုးမှုနှင့် ခေတ်မီဆန်းသစ်စိုက်ပျိုးနည်းပညာများ ပေါင်းစပ်လိုက်သောအခါ တရုတ်ဖရဲသီး စိုက်ပျိုးရေးကဏ္ဍမှာ တဟုန်ထိုး တိုးတက် အောင်မြင်လာသည်။