#ပင်လယ်ရေညှိ #Seaweed စိုက်ပျိုး ထုတ်လုပ်နည်း
ပင်လယ်ရေညှိ ခေါ် "kalp" သည် တစ်နေ့လျှင် 18 လက််မအထိ ကြီးထွားနိုင်သည် ဆိုသည့် အချက်သည် အမြန် စီးပွားဖြစ်နိုင်သည့် လုပ်ငန်းကောင်း တစ်ခုဖြစ်ကြောင်းကို မြန်မာတံငါသည်များ၊ စိုက်ပျိုးရေး လုပ်ငန်းရှင်များအကြား အတော် လူသိနည်းလှသည်။ #LGTmyanmar #BBKmyanmar
.
ပင်လယ်ရေညှိများကို သဘာဝ ပတ်ဝန်းကျင်အတွက် ပိုအန္တရာယ်ကင်းသော ဇီဝပလပ်စတစ် (bioplastic) များ၊ အော်ဂဲနစ်မြေသြဇာများ ပြုလုပ်ရန် ၎င်းကို အသုံးပြုနိုင်သည်။
.
ဆော်လမွန်ငါး မွေးမြူရေးနှင့် ပူးတွဲလုပ်ကိုင်ပါက အပြန်အလှန် အကျိုးရှိနိုင်သည်ဟု ပညာရှင်အချို့က ဆိုသည်။ ပင်လယ်ရေမှော်များသည် ပင်လယ်ရေပတ်ဝန်းကျင်အတွက် အလွန်အကျိုးရှိစေသည်။ ပင်လယ် ရှေညှိပင်သည် အပင်တစ်ခုအဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်ပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်နိုင်ရုံမက၊ နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ကဲ့သို့သော ဆယ်လ်မွန်မွေးမြူရေးလုပ်ငန်းမှ ပိုလျှံသော အော်ဂဲနစ်အာဟာရအချို့ကို စုပ်ယူမည်ဖြစ်သည်။ ထို့ကြောင့် ဆော်လမွန်ငါးအတွက် ပင်လယ်ရေညှိ မွေးမြူရေး လုပ်ငန်းသည် ကြီးမားစွာ အထောက်အကူ ပြုနိုင်သည်။
.
ပင်လယ်ရေညှိ မျိုးရယူခြင်း၊ မျိုးပွားယူခြင်း
- ပထမဆုံးအလုပ်ကတော့ ပင်လယ်ထဲက ပင်လယ်ရေညှိ အချို့ကို သွားယူရပါမယ်။ မျိုးပွားဘို့အတွက် လိုအပ်တဲ့ အပိုင်းကတော့ ပင်လယ်ရေညှိ အရင့် တွေအထဲ အလယ်လောက်မှာ တွေ့ရတတ်တဲ့ "ဆိုရိုင်" (SORI) လို့ ခေါ်ကြတဲ့ အပိုင်းဖြစ် ပါလာဘို့ လိုပါတယ်။
- ဆိုရိုင် ကို 18 နာရီကနေ 24 နာရီထိ ရေညှိတစ်ရှူးတွေ ပြဲသွားအောင် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။
- ထို့နောက် ပင်လယ်ရေညှိ အပိုင်းအစ (ပင်လယ်ရေညှိ တစ်ရှူး) တွေကိုထုတ်ပြီး ပင်လယ်ရေထဲတွင် ပြန်စိမ်ထားပေးရန် လိုသည်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆိုရိုင်သည် ကျားနှင့်မ မျိုးပွားဆဲလ်များကို ထုတ်လုပ်ပေး ပါလိမ့်မည်။ ဤ စိမ်ထားသည့် ရေကို မပူလွန်း မအေးလွန်းသော နေရာတွင် သေခြာ ထိမ်းသိမ်းထားပါ။
- ပင်လယ်ရေညှိပင်များ စတင်ပေါက်ဖွား လာစေဘို့အတွက် အခြေအနေကောင်း တစ်ရပ်ကို ဖန်တီးပေးဘို့ လိုအပ်ပါသည်။ ပြုလုပ်နည်းမှာ PVC ပလပ်စတစ်ပိုက် အတုတ်ကြီးများကို ရစ်လုံးကဲ့သို့ ဂုံနီကြိုး (သို့မဟုတ်) အုန်းဆံကြိုးများဖြင့် ကျစ်လစ်နေအောင် ပတ်ပါ။
- အုန်းဆံကြိုးများ ပတ်ထားသည့် PVC ပိုက်အကြီးများကို ရေထဲနှစ်ထားပြီးလျှင်၊ မူလက ရေညှိပင်၏ ကျားမ ပျိုးပွား ဆဲလ်များ မွေးထားသည့် အရည်များ လောင်းထည့်ပါ။ မပူလွန်း မအေးလွန်းသော နေရာတွင် ထားပြီး ၄၅ ရက်ခန့် စောင့်ပါ။ ယင်းနောက်တွင် ပင်လယ်ရေချဘို့ အသင့် ဖြစ်ပါပြီ။
ပင်လယ်ရေညှိ အပင်ပေါက်များ ရေချခြင်း
- ပင်လယ်ရေထဲတွင် ရေချပြီး ရေညှိပင်များ စိုက်ပျိုးရန်အတွက် စီတန်းနေသည့် ရေပေါ်ဘောများနှင့် ခိုင်ခန့်သည့် ပင်မ ကြိုးအကြီး တစ်ချောင်း ပြေးရပါမယ်။ ပင်လယ်ရေထဲတွင် မျောပါမသွားစေရန် နေရာ အတည်တကျ မြဲမြံအောင် စီမံရန်လည်း လိုအပ်ပါသည်။
- ဗီဒီယိုတွင် ပြထားသည့်အတိုင်း ရေပေါ်ဘောများနှင့် ချိတ်ဆက်ထားသည့် ကြိုးကို မျိုးစေ့များ တွယ်ကပ်နေသည့် အုန်းဆံကြိုး/ ဂုံနီကြိုးကို မတင်းမလျော့ ပတ်ထားပေးလိုက်ရုံပဲ ဖြစ်ပါသည်။
- ယင်းပင်မကြိုး အရှည် ၁ မီတာလျှင် ပင်လယ်ရေညှိ ၁၀ ကီလို (မီတာ ၅၀ အတွက် ၅၀၀ Kg ခန့် ထွက်ရှိမည် ဖြစ်ပါသည်။) ရိတ်သိမ်းချိန်တွင် ဆွဲတင်သည့်အခါ ဤအလေးချိန်ကို ခံနိုင်ရည် ရှိသည့် ခိုင်ခံ့သည့် ကြိုးဖြစ်ရန် အရေးကြီးပါသည်။
- ကျစရိတ် အလွန်သက်သာပါသည်။ မည်သည့် အစာမှ ကြွေးစရာ မလိုအပ်ပါ။ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ခန့် သွားရောက် စစ်ဆေးရုံဖြင့် လုံလောက်ပါသည်။
ပင်လယ်ရေညှိပင်များ ရိတ်သိမ်းခြင်း
- နောက် ၂ လခန့်ဆိုလျှင် ကောင်းစွာ ရိတ်သိမ်းနိုင်ပြီ ဖြစ်ပါသည်။
- ငါးဖမ်းပိုက်များ ဆယ်ယူသကဲ့သို့ပင် ရေပေါ်ဘောများနှင့် ချိတ်ဆက်ပြီး စီတန်းနေသော ပင်မ ကြိုးကို လှေပေါ် ဆွဲယူပြီး၊ လက်ဖြင့် ဆွဲဖြုတ်ရုံဖြင့် ရေညှိပင်များကို ရိတ်သိမ်းနိုင်ပါသည်။ ထွေထွေထူးထူး မည်သည့် ကိရိယာမျှ မလိုအပ်ပါ။