ဒီလိုဗျာ လေ့ကျင့်ခန်းလုပ်ပြီဆိုရင် ကြားမှာ နားလိုက်လို့ မရဘူးလေ။ ဆက်တိုက်လေ့ကျင့်ပေးရတယ် ပြီးသွားရင်တော့ ရက်အနည်းငယ် နားလို့ရသေးတယ်။ စွန့်ဦးတီထွင်သူတွေမှာ နားလိုက်လို့မရဘူး။
တကယ်လို့သာ ပထမနှစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ တစ်လကို ဒေါ်လာတစ်သန်းလောက် ဝင်လာပြီဆိုရင် အဲ့အချိန်မှာ စပြီးတော့ စိတ်ကြီးဝင်လာပြီး မြောက်ကြွမြောက်ကြွ ဖြစ်လာပြီလေ။ အဲ့ဒီအချိန်မှာ သတိလက်လွတ် ဖြစ်သွားမယ်ဆိုရင် အရာအားလုံး ဆုံးရှုံးသွားနိုင်တယ်။
ဘာလို့ စွန့်ဦးတီထွင်သူ ဖြစ်ချင်တာလဲဆိုရင် အဖြေက ရှင်းပါတယ် ဘဝရဲ့ ပြည့်စုံကြွယ်ဝဖို့ ဆိုတဲ့ လိုအပ်ချက်တစ်ခုထဲကြောင့် မဟုတ်ပါဘူး ပြောချင်တာကလေ အလုပ် အရမ်းများတယ် နောက်တခု ကိုယ့်ကိုယ်ကို ပြန်မေးရမှာက တကယ်ရော လက်မလျော့တမ်း ကျော်ဖြတ်ရဲတဲ့ စိတ်ဆန္ဒရှိရဲ့လား ဆိုတာပဲ။
အားလုံးကို အကြံပေးချင်တာတစ်ခုကတော့ Affiliate Marketing ကို လူတိုင်းလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဂိုဒေါင်ဘေးမှာ ကုန်ပစ္စည်းရောင်းတာ ဘာပဲဖြစ်ဖြစ် ၊အိမ်ခြံမြေ ရောင်း ဝယ် လိုင်စင်ယူပြီး အိမ်ခြံမြေ ရောင်းတာပဲဖြစ်ဖြစ် အာမခံလိုင်စင်ရယူပြီး အာမခံ ရောင်းတာပဲဖြစ်ဖြစ် လုပ်ပါ။ ပြီးတော့ မင်းရဲ့ အဓိက အလုပ်ရှိရင်လဲ 10 နာရီကနေ 15 နာရီထိလုပ်ပါ။ တခြားလုပ်တက်တာတွေရှိရင် လူတိုင်းသင့်တော့်ရာလေးတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။
ဒါပေမယ့် စွန့်ဦးတီထွင်မှုလောကဟာ ဘက်ပေါင်းစုံပါပဲ။ ဘယ်အဆင့်ထိ သွားချင်လဲ။ ဒီမှာ ဒေါ်လာ ၅သောင်းလောက်ရှိတဲ့ လုပ်ငန်းတစ်ခု လုပ်ချင်လား၊ ကောင်းတယ်၊ သွားလုပ်။ လူတိုင်းလုပ်သင့်တယ်။ ဒေါ်လာတစ်သန်းလောက်ရှိတဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ချင်ပါသလား။ လူတိုင်းက ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းကို မတည်ဆောက်နိုင်ကြပါဘူး။ ဆယ်သန်းက စိတ်ဝင်စားစရာ နံပါတ်ဆိုတော့ 10 သန်းကို ရောက်ဖို့ အလွန်နည်းပါတယ်။ ပြီးတော့ ဒေါ်လာ သန်းတစ်ရာ လုပ်ချင်လား။ တစ်ဘီလီယံအထိ လိုချင်သလား။ ဆိုလိုတာက အဲဒီ့အချိန်မှာ ကစားပွဲက အပြောင်းအလဲရှိတယ်။
သားသမီး၊ ဇနီး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း၊ ခင်မင်ရင်းနှီးမှု၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ အပါအဝင် အရာရာတိုင်းရဲ့ ရလဒ်အပေါ် ကြိုက်တာ မကြိုက်တာ ရှင်းရှင်းလင်းလင်း သိလာလေလေ ကိုယ်ဘာလိုချင်လို့ လုပ်နေလဲဆိုတဲ့ ကိုယ်ရဲ့ ရည်ရွယ်ချက် ကိုယ်သွားချင်တဲ့ လမ်းကြောင်းဆီ ရောက်ဖို့ ဘယ်အရာတွေအပေါ် အားထည့်ရမယ်ဆိုတာ ပိုသိလာလေပါပဲ။
ဒီနေ့ခေတ် ဆိုရှယ်မီဒီယာဆိုတာက တကယ့် အမှန်တရားတွေကို ဖုံးထားတယ်လို့ ထင်တယ်။ မင်းဖတ်ထားတဲ့ စာအုပ်တွေထဲကတော့ “အိုး ဒါလုပ်ရမှာပေါ့ ဒါလဲလုပ်ရမယ်၊ ဟိုတစ်ခုလဲ လုပ်ရမှာပေါ့” လို့ ပြောတဲ့ စာအုပ်တွေက စီးပွားရေးလုပ်ငန်းရဲ့ ခက်ခဲတဲ့အပိုင်းတွေ မပါဘူး။ ထားပါတော့ ခက်ခဲတဲ့အပိုင်းကို ဘေးဖယ်ထားလိုက်ပါ၊ ဒီအခက်ခဲတွေ သည်းခံနိုင်တာထက် ပိုတာက ခင်ဗျားရဲ့ ရွေးချယ်မှုကသာ အဓိကကျပါတယ်။
မင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ခွင့် ရှိနေတာက မင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေထက် ပိုကောင်းတဲ့ ဆုလာဒ်တစ်ခုပါပဲ ပိုကောင်းတဲ့ ဘဝတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ဒီအခက်အခဲတွေကို ကျော်ဖြတ်ရမှာပါ။
ကျွန်တော့်ရဲ့ ကလေး သုံးယောက် အတူတူ ကျောင်းတက်ကြတယ်။ အရမ်းစျေးကြီးတယ်။ သင့်တင့်လျောက်ပတ်သော အသိုက်အဝန်းတွင် နေထိုင်သည်၊ သီးသန့် ဓာတ်လှေကားရှိတယ် လုံခြုံရေး ရှိသည်၊ ပိုကောင်းတဲ့ အာမခံ၊အကြံပေးများ၊ မန်နေဂျာများ၊ ရှေ့နေများ၊ CPAs၊ ပိုမိုကောင်းတဲ့ အကာအကွယ် ရှိရင်ရှိမယ်။
ပိုကောင်းတဲ့ နေရာတွေ၊ စိတ်တူ ကိုယ်တူ ပေါင်းသင်းနိုင်တဲ့ လူတွေကို ရွေးချယ်နိုင်မယ်။ ကျွန်တော်ပြောနေတဲ့ အကြောင်းအရာတွေက ပိုင်ဆိုင်မှု ပစ္စည်းတွေကိုပဲ ပြောချင်တာမဟုတ်ပါဘူး။ စွန့်ဦးတီထွင်သူတွေက စည်းစိမ်ဥစ္စာများထက် ပိုတဲ့ ကိုယ်ရဲ့ဘဝကို စိတ်ကြိုက်ပုံဖော်ခွင့် ရွေးချယ်ခွင့် ရှိတယ်ဆိုတာကို ပြောချင်တာပါ။
ဘဝကို စိတ်ကြိုက်ပုံဖော်ခွင့် ရှိနေတာက ကြီးမားတဲ့ စိတ်ခွန်အားတစ်ခုပါပဲ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုတောင် သည်းခံနိုင်တယ်။
Podcast တစ်ခုကို စလုပ်တဲ့သူများပေမယ့် တစ်ချိန်ချိန်မှာ ရပ်ပစ်လိုက်နိုင်တဲ့ အလားလား ရှိတဲ့သူဘယ်နှစ်ယောက်ရှိလဲ Podcast တစ်ခုအောင်မြင်လာဖို့ ဘယ်လောက်ထိ အလုပ်များလဲ တွေးကြည့်လိုက်ပါ
မင်းမှာကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်၊ မင်းမှာကလေးတစ်ယောက်ရှိတယ်၊ မင်းမှာစီးပွားရေးရှိတယ်၊ မင်းမှာ လိုအပ်တာတွေ အကုန်ရှိနေမယ် သုတေသနတွေလုပ်မယ် အဖြေရှာမယ် စူးစမ်းလေ့လာမှုတွေကို တသက်မတ်တည်းလုပ်နေဖို့ ဇွဲရှိဖို့လိုတယ် အမြဲကြိုးစားအားထုတ်နေဖို့ လိုတယ် ဒီလိုတွေလုပ်နေရတာ ကို ပျော်နေတယ်ဆိုရင် ပြည့်စုံနေပြီလေ။
ဒါတွေက အရေးမပါဘူးလို့ ထင်နေတဲ့သူတွေလဲ ရှိတယ် အဲဒါက အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ် ကွာခြားချက်ပါပဲ။ အောင်မြင်နိုင်မယ့်လမ်းကြောင်းကို အမြဲရှာဖွေနေတယ် အခက်အခဲတွေကို ကောင်းကောင်း ဖြေရှင်းနိုင်တယ် ဒီလိုလုပ်နိုင်တဲ့ သူတွေ အတွက် ကိုယ်ကမ္ဘာကို လိုသလိုပုံသွင်းနိုင်ပြီး ကိုယ်လိုချင်တဲ့ ဘယ်အရာကို မဆို ဖန်တီးနိုင်ပါတယ်။