တပိုင်တနိုင် စီးပွားဖြစ် ဘက်စုံသုံး အဝတ်လျှော်ဆပ်ပြာဆီ ထုတ်လုပ်ရောင်းချနည်း


တနိုင်တပိုင် သို့မဟုတ် စီးပွားဖြစ် အဝတ်လျှော် ဆပ်ပြာဆီ ပြုလုပ်ပုံ အဆင့်ဆင့် 
စီးပွားဖြစ်ရောင်းချနိုင်သလို အိမ်မှာ ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုချင်သူတွေအတွက် အသုံးဝင်ပါတယ်။ 
#LGTmyanmar , #BBKmyanmar

.
ပါဝင်တဲ့ပစ္စည်းများ

  1. SLEs (1) kg လိုအပ်ပါတယ် 
  2. ဝါရှင်း (1) ပေါင်ကျော်  (ဆပ်ပြာဆီပြုလုပ်တဲ့နေရာမှာ အရေးကြီးတဲ့ chemical တစ်မျိုးဖြစ်ပါတယ် )
  3. NACL ဓာတုဆားကြမ်း (600)g  
  4. အရောင်နှင့် အနံ့
  5. ရေသန့် ၁၀ လီဝာာ တို့ လိုအပ်ပါတယ်။

  • လက်အိတ်ဝတ်ပြီး လုပ်ဖို့လိုပါတယ်။ ပုံး (၃) ပုံး ပြင်ဆင်ထားပါ။
  • ပထမပုံး ထဲမှာ ရေသန့် (၅) လီတာ နဲ့ SLEs (1) kg ရောပေးပြီး ပိုက်ချောင်း (သို့မဟုတ်) ဆပ်ပြာမွှေစက်ဖြင့် နှံ့စပ်အောင်မွှေပေးပါ။
  • ဒုတိယ ပုံးထဲမှာ ရေသန့်  (၂) လီတာ နဲ့ ဝါရှင်း (၁) ပေါင်ကျော်ထည့်ပြီး ပျော်ဝင်အောင်မွှေပေးပါ
  • ပြီးရင်တော့ ပထမပုံး ထဲမှာ ရောလိုက်ပြီး ထပ်ပြီး ပျော်ဝင်သွားအောင်မွှေ‌ပေးပါ ။
  • တတိယ ပုံးထဲမှာ ရေသန့် (၃) လီတာ နဲ့ NACL ဓာတုဆားကြမ်းကို (600)g ပေါင်းထပ်ပြီး ပျော်ဝင်သွားအောင်မွှေပေးပါ။
  • နောက်ဆုံးမှာတော့ ပုံး (၃) ပုံးထဲက ပါဝင်ပစ္စည်းတွေကို တစ်ခုထဲဖြစ်သွားအောင် အားလုံး ရောပြီး မွှေပေးပါ။
  • သေချာနှံ့စပ်အောင်မွှေပြီးရင်တော့ နောက်ထပ် အနံ့ နဲ့ အရောင်များကို ထပ်ပေါင်းထည့်ပြီး အဖုံးကို လုံခြုံအောင်ဖုံးပြီး တစ်ညသိပ်ထားလိုက်ပါမယ်။
  • ရောင်းတန်းဝင်တဲ့ အဝတ်လျှော်ဆပ်ပြာဆီလေး ရရှိပါပြီ။
 

Previous Post Next Post