ဂျပန်နိုင်ငံ ရှီကိုးကုကျွန်းမှ လယ်သမားများသည် ဤအပင်များအတွက် အလွန်ဂုဏ်ယူကြသည်။ အရသာ မည်သို့ ရှိသည်ဆိုသည်ထက် ပုံစံ အနေအထား လေးထောင့် ဖြစ်နေခြင်းကို အထူးအဆန်းအဖြစ် ဝယ်ယူနေကြခြင်းကို သတိပြုမိပါသည်။
.
အရေးအကြီးဆုံးမှာ ပုံပန်းသဏ္ဍာန် ဟု ပြောရမလို ဖြစ်နေသည်။ ဖရဲသီးပုံသဏ္ဍာန်ကို ပုံသွင်းနိုင်ဘို့က အခရာ ဖြစ်သည်။ ဖရဲသီးများကို ဗီဒီယိုထဲတွင် တွေ့ရသည့် အတိုင်း သတ္တုပုံစံခွက်ဖြင့် ပုံသွင်းယူရသည်။ ရိတ်သိမ်းချိန်လွန်သွားလျှင်လည်း ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားနိုင်သည်။ စိုက်ပျိုးသူ တောင်သူ ဂျပန်များက ယင်းဖရဲသီးများကို မိမိ ကလေး တစ်ယောက်ကဲ့သို့ပင် ဂရုစိုက်ရသည်ဟု ဆိုသည်။
.
ဖရဲသီး အခွံပေါ်မှ အစင်းကြောင်းများသည် ဒေါင်လိုက်တည့်တည့်သွားပြီး အက်ကြောင်းများမရှိစေရပါ။ ဤစိုက်ပျိုးရေးအနုပညာလက်ရာသည် အစားအစာအတွက် အဓိက မဟုတ်ဟု ဆိုနိုင်သည်။ သာမာန် ဖရဲသီး များထက် ဤ ၄ ထောင့် ဖရဲသီးများသည် သုံးဆမှ လေးဆအထိ စျေး ပိုရသည်ဟု ဆိုသည်။
.
၄ ထောင့် ဖရဲသီးသည် တစ်လုံးကို US$ 200 အထိပင် ေဈးကြီးတတ်သည်ဟု သိရသည်။ သို့သော် စတန့်ထွင် ရောင်းချခြင်းသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းဖရဲသီးများသည် အနံ့အရသာအားဖြင့် အလွန် စိမ်းလွန်းနေသော အမှည့်လိုနေသေးသော အခြေအနေတွင် ရှိပြီး၊ အများစုမှာ အရသာကလည်း ချဉ်နေသေးသည်ဟု ဆိုသည်။