သစ်ကြပိုးခေါက်ကို သီရိလင်္ကာတွင် ထုတ်လုပ်နေပုံ
သစ်ကြပိုးခေါက်သည် တစ်ချိန်က ရွှေကဲ့သို့ အဖိုးတန်သည်။ သစ်ကြပိုးခေါက်သည် လူသိများပြီး အခြားအမျိုးအစားများထက် ကျန်းမာရေးအတွက်ထောက်ကူပြသည်။ သီရိလင်္ကာနိုင်ငံသည်သစ်ကြပိုးခေါက် ၉၀% နှုန်းကျော် ကမ္ဘာတစ်ဝမ်းသို့ တင်ပို့လျှက်ရှိနေပါသည်။ #LGTmyanmar, #BBKmyanmar,
.
သစ်ကြပိုးခေါက်ကို ဘယ်လိုခွာမလဲ?
သစ်ကြပိုးခေါက် ထုတ်လုပ်သူသည် နေမထွက်မီ လယ်ကွင်းများတွင် အလုပ်လုပ်ပြီး လေထဲတွင် အစိုဓာတ်ရှိနေချိန်တွင် ခွယာယူသည်။ သစ်ကြပိုးခေါက်သည် အပင်၏ အတွင်းသား အခေါက်မှ ရယူသည်။ ဂရုတစိုက် ခွာတတ်လျှင် အပင်တစ်ပင်ချင်းစီကို ရာစုနှစ်တစ်ဝက်လောက် ထုတ်လုပ်နိုင်ပါတယ်။
ကိုင်းများကို အချိန်ယူ ဖြတ်တောက်ပြီးနောက်၊ သူသည် ဂိုဒေါင်တွင်းသို့ သွားရောက် သိမ်းဆည်းသည်။ သစ်ကြပိုးခေါက်အကိုင်းများကို ရေကန်တစ်ခုတွင် အနည်းဆုံး ၁၅ မိနစ်ခန့်စိမ်ထားပါ။ ဒါမှ အခေါက်ကို အခွံခွာရတာ ပိုလွယ်ကူစေမှာပါ။ နောက်တစ်ဆင့်မှာ ကိုင်းတစ်ခုပြီးတစ်ခု အခွံကြမ်းများကို ခြစ်ပစ်ရသည်။ ဤသည်မှာ သစ်ကြမ်းပိုးခေါက် ထုတ်လုပ်ခြင်းတွင် အခက်အခဲဆုံး အဆင့် ဖြစ်သည်။
.
သစ်ကြပိုးခေါက်ကို လက်ဖြင့် အခွံခွာနည်း
အတွင်းအခေါက်များက ပိုမိုနူးညံ့သည်။ ကြေးဝါရောင် အချောင်းများ မျက်နှာပြင်ကို ချောမွေ့လာသည့် အခါမှ၊ ဓားဖြင့် ခွဲစိတ်ပြီး စိတ်ရှည်လက်ရှည် ခွာယူရသည်။ ခွာထားသည့် အခေါက်များသည် အလွန်ပါးလွှာပြီး ခြောက်သွားသောအခါတွင် ချက်ချင်းပင် တွန့်သွားတတ်သည်။
သစ်ခေါက်များသည် ပုံမှန်အားဖြင့် တစ်ပတ်ခန့် အခြောက်ခံရန် လိုအပ်သည်။ ထို့နောက် ၎င်းတို့အား ထုတ်လုပ်ရန်အတွက် စက်ရုံသို့ ပို့ရသည်။ ဈေးနှုန်း သတ်မှတ်ရန်အတွက် ဆယ့်ငါးမိနစ်ခန့်ကြာ တတ်သည်။ စက်ရုံရှိ ဝန်ထမ်းများက အမျိုးအစား ကြည့်ပြီး ဝယ်ဈေး သတ်မှတ်ကြပါသည်။ အခေါက် ပိုပါးလေလေ၊ ဈေးပိုကြီးလေ ဖြစ်တတ်သည်။
.
အရှားပါးဆုံး သီရိလင်္ကာ သစ်ကြပိုးခေါက် အမျိုးအစား
သစ်ကြပိုးခေါက်များသည် အရည်အသွေး အမျိုးမျိုးအလိုက် ဈေးအမျိုးမျိုး ကွဲကြသည်။ ခဲတံအရွယ် အချင်းရှိသည့် သစ်ကြမ်းပိုးကိုင်းမှ အခေါက်သည် ဈေးအကြီးဆုံး ရလေ့ ရှိသည်။ အဆင့် ၈ ဆင့် ခွဲခြား သတ်မှတ်လေ့ ရှိသည်။
Alba ဟုခေါ်သော အကောင်းဆုံး အမျိုးအစားသည် H2 Faq ခေါ် အညံ့ဆုံး အမျိုးအစားထက် အလေးချိန် အတူတူမှာပင် ဈေး ၂ ဆ ရနိုင်သည်။ အကောင်းဆုံး Alba အမျိုးအစားကို ၂၅ ပုံ ၁ ပုံသာ ရတတ်၍ ရှားပါးသည်။ သစ်ကြပိုးခေါက်ရွေးချယ်ရာတွင် အမှားပါတတ်သောကြောင့် ဂရုစိုက်ပေးဖို့လိုအပ်ပါသည်။ သစ်ကြပိုးခေါက် များကို စက်ဖြင့် အတိုအရှည်ဖြတ်တောက်ပီး၊ ၃ လက်မအရှည် အချောင်းများသည် ကုန်စုံဆိုင်များအတွက် လူကြိုက်များသည့် ရောင်းကုန်တစ်ခုဖြစ်လာသည်။
.
သစ်ကြပိုးခေါက် သမိုင်းကြောင်း
သစ်ကြပိုးခေါက်များကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဘီစီ ၂၀၀၀ လောက်ကတည်းက ရှေးခေတ်ကမ္ဘာအနှံ့ကို ရောင်းဝယ်ဖောက်ကားလျက်ရှိနေပါြပီ။ သစ်ကြပိုးခေါက်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများလဲရှိခဲ့သည်။ အဲ့ခေတ်တုန်းက သစ်ကြပိုးခေါက်သည် ရွှေထက် ပိုတန်ဖိုးရှိသည်။ 13 ရာစုတွင် သီရိလင်္ကာမှသစ်ကြပိုးခေါက် ဟင်းခတ်အမွှေးအကြိုင်များကို အီဂျစ်သို့ တိုက်ရိုက်တင်ပို့ပြီး အာရပ်ကုန်သည်များသည်သစ်ကြပိုးခေါက် ဉရောပအထိ တင်ပို့သည်။ သစ်ကြပိုးခေါက်သည် အလွန်စျေးကြီးသောကြောင့် ချမ်းသာသူများအတွက် အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်လာသည်။ မကြာခင်မှာပဲ ဥရောပနိုင်ငံတွေကသစ်ကြပိုးခေါက် ကုန်သွယ်မှုကနေ အမြတ်ထုတ်ချင်လာကြသည်။ ပေါ်တူဂီ၊ ဒတ်ခ်ျနှင့် ဗြိတိသျှတို့သည် နှစ်ပေါင်း ၃၀၀ ကျော်လောက် ကျွန်းကို သိမ်းပိုက်ပြီး အဖိုးတန်သစ်ကြမ်းပိုးခေါက် တင်ပို့မှုကို ထိန်းချုပ်ခဲ့သည်။ နိုင်ငံသည် လွတ်လပ်ရေးကြေညာပြီး ၁၉၄၈ ခုနှစ်တွင် ၎င်းတို့သည် သစ်ကြံပိုးခေါက်မြေများကို ပြန်လည်ရရှိခဲ့သည်။ သို့သော်ထိုအချိန်တွင် စျေးသက်သာသော မဲဇလီဖူးသည် ဈေးကွက်ကို စတင်လွှမ်းမိုးနေပြီဖြစ်သည်။
.
သီရိလင်္ကာ သစ်ကြပိုးခေါက်
မဲဇလီဖူး သည် အလျားရှည်ပီး အခေါက်ထူသော အပင်မျိူးမှ အပင်မျိုးဖြစ်သည်။ အများစုကို အင်ဒိုနီးရှားနိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးစိုက်ပျိုးကြသည်။ သီရိလင်္ကာနိုင်ငံတွင် မဲံဇလီဖူးပင်ကို သစ်ကြပိုးခေါက်စိုက်သည့် ပမာဏထက် နှစ်ဆပိုများခန့်သည်။ စိုက်ပျိုးထုတ်လုပ်သူများသည် အပင်တစ်ခုလုံးကို တစ်ကြိမ်တည်းရိတ်သိမ်းနိုင်သည်။ လုပ်ငန်းစဉ်သည် လုပ်သားအနည်းငယ်လိုအပ်ပြီး အစုလိုက်ထုတ်လုပ်ရန် ပိုမိုလွယ်ကူစေသည်။ မဲဇလီဖူးပင်သည် သစ်ကြပိုးခေါက်ထက်ပို၍ ရိတ်သိမ်းရသည် ။ သို့သော် မဲဇလီဖူးသည် ကျန်းမာရေးပြသနာ အနဲငယ်ရှိသည်။ ဆီလီယွန် သစ်ကြပိုးခေါက်သည် ကိုယ်ခန္ဓာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးပေါင်ချိန်ကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်သည်။ မဲဇလီဖူးသည် တွင် ကျန်းမာရေး အကျိုးကျေးဇူးများ ရှိပင်မဲ Coumarin ဟုခေါ်သော ဒြပ်ပေါင်း မြင့်မားစွာ ပါ၀င်သောကြောင့် ပမာဏ များများ စားသုံးပါက အသည်း ပျက်စီးစေပါသည်။ ဒီတော့ သစ်ကြပိုးခေါက် နှင့် မဲဇလီဖူး ဟင်းခတ်အမွှေးအကြိုင်တန်းမှာ ခြားနားချက်ကို ဘယ်လိုမြင်လဲ။
.
သစ်ကြပိုးခေါက် အကောင်းစား၊ အညံ့စားကို ဘယ်လို ခွဲခြားသိနိုင်မလဲ?
သစ်ကြပိုးခေါက်များ ဝယ်ယူသည့် အလုပ်က လွယ်သလောက်၊ အကောင်းစား အညံ့စားကို ခွဲခြားသိနိုင်ဘို့က ခက်ခဲပါသည်။ သီရိလင်္ကာ သစ်ကြပိုးခေါက်များသည် အညိုရောင် ပိုရင့်သည်။ အနီရောင် သန်းသည့် သစ်ကြပိုးခေါက်များလည်း ရတတ်သည်။ ထိုအမျိုးအစားများက ပိုထူပြီး ပိုမာကျောတတ်ပါသည်။
သီရိလင်္ကာ သစ်ကြပိုးခေါက်များသည် ဆေးပြင်းလိပ်စက္ကူကဲ့သို့ နုနယ်နေနိုင်သည်။ အရသာက လုံးဝတခြားစီ ဖြစ်တတ်သည်။ Cassia ခေါ် အညံ့စားများ များသောအားဖြင့် အနံ့ပြင်းထန်ပြီး စပ်သောအရသာရှိသည်။ သီရိလင်္ကာ သစ်ကြမ်းပိုးခေါက်များသည် ပိုချိုမြိန်သည်။ သစ်ကြပိုးခေါက်မှုန့် အမှုန့်များကို စိစစ်ရခြင်းက အတော် ခက်ခဲပါသည်။ အချို့သော လိမ်လည်သူများသည် အကောင်းစားနှင့် အညံ့စားကို ရောပြီး ရောင်းတတ်သည်။ လေ့လာမှုတစ်ခုအရ ဥရောပနှင့် အမေရိကန်ကုန်စုံဆိုင်များတွင် ထုတ်ကုန်များ၏ ထက်ဝက်ကျော်တွင် သစ်ကြပိုးခေါက်များသည် အခြား ပစ္စည်းများဖြင့် ရောနှောထားကြောင်း တွေ့ရှိခဲ့သည်။ အကောင်းစားဖြစ်စေ၊ အညံ့စားဖြစ်စေ ၂ မျိုးလုံးမှာ သစ်ကြပိုးခေါက်များ ဖြစ်နေသည့်အတွက် ဈေးကောင်းပေးသည့် နိုင်ငံကြီးများတွင်လည်း စစ်ဆေးရ အတော် ခက်ခဲနေကြောင်း သိရသည်။
သီရိလင်္ကာမှ လာသော သစ်ကြပိုးခေါက်များကို နှစ်သက်ဖွယ် ပထဝီ အမှတ်အသားရ အမျိုးအစားအဖြစ် စံသတ်မှတ်ပေးခဲ့သည်။ ဆိုလိုသည်မှာ EU တွင် Ceylon ဟု တံဆိပ်တပ်ထားသော မည်သည့် ဟင်းခတ်ပုလင်းကိုမဆို သီရိလင်္ကာမှ လာရမည်ဟု ဆိုလိုသည်။ သီရိလင်္ကာ၏ ထောင်ပေါင်းများစွာသော ထုတ်လုပ်သူများက ၎င်းတို့၏ Ceylon Cinnamon ခေါ် သီရိလင်္ကာ သစ်ကြပိုးခေါက်များ အတွက် ပိုမိုဝင်ငွေရရှိစေလိမ့်မည်ဟု မျှော်လင့်လျက် ရှိကြပါသည်။