#ဗင်နီလာ (မြန်မာ အခေါ် #သစ်ခွသီး) များ၏ ၈၀% ကျော်ကို မဒါဂတ်စကာ ကျွန်းမှ ထုတ်လုပ် ရောင်းချလျှက်ရှိသည်။ မဒါဂတ်စကာရှိ ဗင်နီလာစိုက်ခင်းများတွင် လယ်သမားများသည် သစ်ခွအပင်ပေါင်း သန်း ၄၀ ကျော်ကို ကိုယ်တိုင်ဝတ်မှုန်ကူပေးရသည်။ ဗင်နီလာအပင်များသည် တစ်နှစ်လျှင် တစ်ကြိမ်သာပွင့်သည်။ ဝတ်မှုန်ကူးပေးမှသာ ဗင်နီလာအပင်များ၏ အစေ့များသည် ကြီးထွားလာမှာဖြစ်ပါတယ်။ လူကြိုက်များသော အချိုပွဲ အများစုတွင် သစ်ခွသီး(ဗင်နီလာသီး)ရဲ့ အစေ့နှင့် အဆီများ အသုံပြုကြသည်။ သစ်ခွသီး(ဗင်နီလာသီး)စျေးတက်လာတဲ့အခါ လယ်သမားများသည် အမြတ်စွန်းများရရှိစေသည်။ ယခုအချိန်ထိ သစ်ခွသီး(ဗင်နီလာသီး) စျေးကွက်သည် စျေးမတည်ငြိမ်မှုများရှိနေသေးသည်။ #LGTMyanmar, #BBKMyanmar
.
သစ်ခွသီး (ဗင်နီလာသီး) သမိုင်းကြောင်း
ဗင်နီလာအပင်များသည် အပူပိုင်းမိုးသစ်တောတွင် အများဆုံးပေါက်ရောက်သည်။ ဗင်နီလာအပင်၏မျိုးရင်းများသည် အလယ်ပိုင်းနှင့် တောင်အမေရိကရှိ မိုင် ၁၀,၀၀၀ အကွာမှဖြစ်သည်။ သစ်ခွပျားများသည် အသီးတစ်ပွင့် သို့မဟုတ် ထိုအစေ့ကို ကြီးထွားခွင့်ပြုရန် vanilla တစ်ပွင့်ဝတ်မှုန်ကူးရန် လိုအပ်သည်။ Hernán Cortés သည် Aztecs ကို သိမ်းပိုက်ပြီးနောက် 1520 ခုနှစ်များတွင် စပိန်သို့ vanilla ပြန်ယူလာခဲ့သည်။ ဘုရင်မကြီး အဲလိဇဘက် နှစ်သက်ခဲ့သော ရေခဲမုန့်၊ ခရမ်ဘရူလီနှင့် အချိုပွဲများကဲ့သို့ အချိုပွဲများတွင် ဥရောပတစ်ခွင် ရေပန်းစားလာခဲ့သည်။
.
ဗင်နီလာစျေးကွက် နှင့် ဝတ်မှုန်ကူးခြင်း
အလုပ်သမားတစ်ယောက်က ဗင်နီလာများကို တစ်နေ့လျှင် သစ်ခွ ၅၀၀ အထိ ၀တ်မှုန်ကူးပေးနိုင်သည်။ ဗင်နီလာအစေ့ကြီးထွားရန်အချိန် ကိုးလခန့်ကြာသည်။ ဗင်နီလာ ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဗင်နီလာ စျေးနှုန်းသည်လဲ မြင့်တက်လာခဲ့သည်။ 2018 တွင် ဗင်နီလာစျေးသည် တစ်ကီလိုလျှင် ဒေါ်လာ 600 နီးပါး မြင့်တက်လာခဲ့သည်။ဗင်နီလာအပင်သည် အထွက်နှုန်းမှာ တစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်သောကြောင့် ဂရုစိုက်ပေးဖို့လိုအပ်ပါသည်။
.
ဗင်နီလာသည် ခူးဆွတ်ပြီးသည်တပြိုင်နက် အစေ့အဆန်များသည် အပုတ်မြန်သောကြောင့် လယ်သမားများ အမြန်စက်ရုံကိုတင်ပို့ရမည်ဖြစ်သည်။ ပုံမှန်စျေးကွက်အတိုင်း ဗင်နီလာအဝယ်ရှင်များသည် ဗင်နီလာအစေ့များကို ရိတ်သိမ်းပြီး ချက်ချင်း ဝယ်ကြသည်။ ဗင်နီလာစေ့များ အပုတ်လွယ်သောကြောင့်ဖြစ်သည်။ ဗင်နီလာ ရောင်းသူများသည် အမြတ်တင်နိုင်သည်။ ဗင်နီလာစျေးနှုန်းသည် နှစ်စဥ်အပြောင်းအလဲများ ရှိနေသည်။
.
သူခိုးအန္တရာယ်
ဗင်နီလာသီးများက ဈေးကောင်းလွန်းသည့်အတွက် သူခိုးအန္တရာယ်ကလည်း အတော် ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်လေ့ ရှိသည်။ ဗင်နီလာ စိုက်ပျိုးသူများ၏ လက်သုံးစကားမှာ "ဗင်နီလာစိုက်ဖို့" သတ္တိရှိရမယ်၊ သတ္တိရှိ မရှိလျင် မင်းဗင်နီလာစိုက်ခင်းက အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။" ဟို ပြောစမှတ် တွင်ကြသည်။ ဗင်နီလာ စိုက်ပျိုးသူများသည် ဗင်နီလာအသီးများကို ဆာဟာလာ စက်ရုံကို တိုက်ရိုက်ရောင်းချနိုင်သည်။ ဆာဟာလာ စက်ရုံသည် ထောင်နှင့်ချီသော အလုပ်သမားများနေ့စဥ်လုပ်ကိုင်လျှက်ရှိသည်။ ထိုနောက် သူခိုးများ၏ အန္တရာယ်များကိုလဲ ကာကွယ်ရသည်။ ဆာဟာလာ စက်ရုံတွင် လျှပ်စစ်ခြံစည်းရိုးများ၊ စောင့်ကြည့်ကင်မရာများနှင့် ညဘက်တွင် သီးသန့်လုံခြုံရေးများ ပါရှိသည်။
.
ဗင်နီလာများကို ထုတ်လုပ်ပုံအဆင့်ဆင့်
- ဗင်နီလာအသီးများကို ပထမဦးစွာ အလုပ်သမားများက အရွယ်အစား များကိုခွဲခြားပေးပါ။
- ဗင်နီလာများကို ရေးဆေးကြောပေးပါ။
- ထိုနောက် ဗင်နီလာအသီးများ၏ ဒြပ်ပေါင်းကို ထုတ်လွှတ်ရန် ဗင်နီလာအသီးများကို ရေနွေးထဲဖြင့်ပြုတ်ပေးပါ။
- ထိုမှ အကောင်းစား ဗင်နီလာအသီး အရသာကိုရရှိစေမှာဖြစ်ပါတယ်။
- ဗင်နီလာအသီးများကို ရေနွေးဖြင့်ပြုတ်ရာတွင် စက္ကန့်အပိုင်းသာလိုအပ်ပါသည်။ရေနွေးဖြင့်ပြုတ်သည့်နှင့် တပြိုင်နက် အပူပေးပေါင်းစက်ထဲသို့ ရွှေ့ပြောင်းပြီး ၄၈ နာရီကြာအောင်ပေါင်းထားပေးရပါ။၄၈နာရီကြာပြီးနောက် ဗင်နီလာအသီးများ အညိုအဖြစ်သို့ပြောင်းလဲသွားမည်။
- ဗင်နီလာအသီးသည် အတွင်းပိုင်းအစိုဓာတ်သည် ၁၅ ရက်မှ ၃၀ ရက်အထိ အစိုဓာတ်ရရှိစေနိုင်သည်။
- ဗင်နီလာအသီး ထုပ်ပိုးခန်းတွင် ဗင်နီလာဆီနှင့် ဗင်နီလာရဲ့ အမွှေးနံ့ရဖို့ဆိုရင် အစေ့တွေကို လက်ဖြင့်ညစ်ပေးဖို့လိုသည်။ လက်ဖြင့်ညစ်ရာတွင် ဗင်နီလာများကို မပျက်စီးစေရန် သတိထားပါ။ ထိုသို့လက်ဖြင့်ညစ်ရာတွင် ဗင်နီလာ ဂုဏ်သတ္တိလျော့သွားမည်မဟုတ်ပါ။
- ထိုနောက် အလုပ်သမားများသည် ဗင်နီလာများကို ထုပ်ပိုးကြပြီး စားသုံးသူများအတွက်ရောင်းချရန်အဆင်သင့်ဖြစ်နေပါပီ။
.
ဆာဟာလာစက်ရုံ ဗင်နီလာ ပို့ကုန်လုပ်ငန်းသည် အမြတ်ငွေအမြှောက်များ ရရှိသည်။ ဆာဟာလာ ဗင်နီလာစက်ရုံသည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀ ဝင်ငွေရှိသည်။ ဘာကြောင့်လဲ ဆိုတော့ ဗင်နီလာအသီးတွေ ဝယ်လိုအားများလို့ဖြစ်ပါတယ်။ ယနေ့တွင် ဆာဟာလာဗင်နီလာစက်ရုံမှ သန့်စင်ထားသော ဗင်နီလာများကို တစ်ကီလိုလျှင် $250 ရရှိသည်။ ဗင်နီလာစျေးကွက်တွင် ပြဿနာက ဈေးနှုန်းမတည်ငြိမ်မှုများသည် အမြဲလိုလိုပင် ရှိနေပါသေးသည်။