သီဟိုစေ့ စိုက်ပျိုး ထုတ်လုပ်နည်း

 


ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ သီဟိုဠ်စေ့ အထွက်ဆုံးနိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံကလဲ လူသိများပါတယ်။ သီဟိုဠ်သရက်ပင်သည် သရက်မျိုးတွင်ပါဝင်၍ အန်နကာဒီယေးစီအီးမျိုးရင်းဝင်ဖြစ်သည်။ ရုက္ခဗေဒအမည်ဖြင့် အန်နကာဒီယမ် အော့စီဒင်တယ် (anacardium oiden) လို့လဲ ခေါ်ပါတယ်။ ပထမဆုံး စိုက်ပျိုးတဲ့ နိုင်ငံက ဘရာဇီးနိုင်ငံမှဖြစ်ပြီး အခုအခါမှာတော့ ကမ္ဘာ့အခြားနေရာတော်တော်များမှာလည်း စိုက်ပျိုးလာကြပါတယ်။ #LGTmyanmar, #BBKmyanmar
.
သီဟိုဠ်စေ့ စိုက်ပျိုးခြင်း 


သီဟိုဠ်သရက်အစေ့ Cashew Nut ကို သီဟိုဠ်သရက် အပင် Anacardium occidentale အသီးမှရရှိသည်။ သီဟိုဠ်သရက်ပင်၏ မူရင်းဒေသမှာ သရာဇီးနိုင်ငံဖြစ်ပါသည်။ ယခုအခါ အာဖရိကနှင့် အာရှတိုက်ရှိနိုင်ငံအများ အပြားတွင် စိုက်ပျိုးနေကြပါသည်။ အိန္ဒိယ၊ မိုဇမ်ဘစ်၊ တန်ဇန်နီးယား၊ ကင်ညာ၊ ဘရာဇီး နှင့် ဗီယက်နမ်နိုင်ငံများတွင် သီဟိုဠ်သရက်ကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး ထုတ် လုပ်လျှက်ရှိပါသည်။

သီဟိုဠ်သရက်ပင်သည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ မြေညံ့များတွင်လည်း ဖြစ်ထွန်းနိုင်ခြင်း၊ စိုက်ပျိုးရန်မျိုးစေ့များကို ပြည်တွင်း၌ပင် ရရှိနိုင်ခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။

သီဟိုဠ်သရက်အဆံမှာ စျေးကောင်းပြီး ပြည်ပစျေးကွက်သို့ ရောင်းချနိုင်သော သီးနှံထွက်ကုန်ဖြစ်ပါသည်။ သီးဟိုဠ်အဆံမှာ ဆိမ့်ပြီး ထူးကဲသော အရသာရှိသဖြင့် တန်ဖိုးကြီးသရေစာအဖြစ်၄င်း၊ ရေခဲမုန့်၊ မုန့်၊ ဒန်ပေါက် အစရှိသော အစားအသောက်များတွင် ထည့်သွင်း၍၄င်း၊  တန်ဘိုးထား စားသောက်ကြပါသည်။ သီဟိုဠ်ဆံအပြင်သီဟိုဠ်စေ့အခွံ့ဆီ၊ သီဟိုဠ်သရက်သီးမှ ၀ိုင်အရက်စသည့်  အဖျော် ယမကာများ၊ ယိုများလည်း ထုတ်လုပ်နိုင်ပါသည်။
.
မြေအမျိုးအစားနှင့် ရာသီဥတု

သီဟိုဠ်သရက်ပင်သည် မြေသားထူပြီး အညိုရောင်နုံးမြေနုနှင့် သဲဆန်သော နုံးမြေများတွင် အကောင်းဆုံးဖြစ်ထွန်းပါသည်။   ရေထိန်း မှုကောင်းပြီး ရေမဝပ်သောမြေ၊ လေဝင်လေထွက်ကောင်းသောမြေ၊ အစိုဓါတ်ထိန်းနိုင်သောမြေများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ PH ပီအိပ်ချ် (၅) မှ (၆.၅)  အတွင်းရှိမြေများမှာ စိုက်ပျိုးရန်သင့်တော်ပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၃၀၀)မှ (၅၀၀) အတွင်း စိုက်ပျိုးနိုင်ပါသည်။

မိုးရေချိန် ပျှမ်းမျှ တစ်နှစ် ၆၀ လက်မမှ ၁ဝဝလက်မခန့် လိုအပ်ပါသည်။ အနိမ့်ဆုံးအပူချိန် ၁၅-၁၈ ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန် ၃၂-၃၇ ဒီဂရီစင်တီဂရိတ် ရရှိပါက အပင်ကောင်းစွာဖြစ်ထွန်းပါသည်။
.
သီးပွင့်မှု သဘာဝ

အပင်သက်တမ်း ၃-၄ နှစ်တွင် စတင်သီးပွင့်ပါသည်။ သီဟိုဠ်သရက်ပင်သည် အခြေခံအားဖြင့် ပင်ခြားဝတ်မှုံကူးသည့် အပင်မျိုးဖြစ်ပြီး အဖိုပွင့်နှင့် လိင်စုံပွင့်ဟူ၍ အပွင့် (၂) မျိုးရှိပါသည်။ လိင်စုံပွင့်ပါဝင်မှုမှာ (၆) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းသာပါရှိတတ်ပါသည်။
.
မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးစနစ်

သီဟိုဠ်သရက်ခြံ စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသည့် ရွေးချယ်ထားသော အထွက်ကောင်းမျိုးများအား လိင်မဲ့မျိုးပွားစိုက်ပျိုးနည်းမှာ အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဤနည်းကို ကျယ်ကျယ်ပြန့်ပြန့် လတ်တလော လိုက်နာဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် ဒေသအထွက်ကောင်းအပင်မှ မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးသည့် နည်းကိုသာ ဆောင်ရွက်နေရဦးမည် ဖြစ် သည်။

ထို့ကြောင့် သီဟိုဠ်သရက်ခြံစိုက်ပျိုးရန် အောက်ဖော်ပြပါ စိုက်ပျိုးနည်းစနစ်ကို အသုံးပြုစိုက်ပျိုးနိုင်ပါသည်။
  1. မျိုးစေ့များအား ပျိုးထောင်ကာ စိုက်ပျိုးနည်း
  2. မျိုးစေ့များအား တိုက်ရိုက် စိုက်ခင်းတွင် စိုက်ပျိုးနည်း
  3. ကိုင်းဆက်ပင်များကို စိုက်ပျိုးနည်း
  4. မျိုးစေ့များပျိုးထောင်ကာ စိုက်ပျိုးနည်း

အထွက်ကောင်းမိခင်ပင်မှ မျိုးစေ့အားပျိုးခင်းတွင် ပလပ်စတစ်ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ အပင်သက် (၂)လခန့်တွင် စိုက်ခင်း၌ စိုက်ပျိုးခြင်းဖြစ်ပါသည်။ စိုက်ပျိုးရန် ပျိုးခင်းအား ပျိုးထောင်ရာတွင် –

(၁) သီဟိုဠ်သရက်လှိုင်လှိုင်ထွက်သည့် ရာသီတွင် ရွေးချယ်ထားသော အထွက်ကောင်း မိခင်ပင်မှ မျိုးစေ့များကို  ကောက်ယူစုဆောင်းပါ။

(၂) မျိုးစေ့အား ၂-၃ နေ့ ခန့် အခြောက်လှန်းပါ။

(၃) ရွေးချယ်ထားသော မိခင်ပင်၏ ပုံမှန်မျိုးစေ့ထက် အရွယ်အစားကြီးလွန်းသေးလွန်းသော မျိုးစေ့များကို ဖယ်ရှားပါ။ ရေဖြင့် စိမ်ကြည့် ၍ ရေမြုပ်သော မျိုးစေ့များကိုသာ မျိုးအဖြစ်သုံးပါ။

(၄) ပျိုးထောင်ရန် ဂိတ် (၃၀၀) အထူ ၆ လက်မ x ၈ လက်မ  အရွယ် ပလပ်စတစ်တစ်အိတ်အား အောက်ပိုင်း တစ်ဝက်ခန့်တွင် အပေါက် ငယ် (၂၀)ခန့်  ဖောက်ပါ။ ပလပ်စတစ်အိတ်တွင် မြေကြီး၊ သဲ၊ မြေဆွေး(သို့) နွားချေးသုံးမျိုးအား ဆတူရောစပ်ထားသော မြေဖြင့်ဖြည့်ပါ။

(၅) ပလတ်စတစ်အိတ်တွင် သီဟိုဠ်စေ့အား အညှာတံ ကို အပေါ်ထောင်လျက်အနေအထားဖြင့် အနက် ၁လက်မခန့် မြှုပ်၍ ပျိုးထောင်ပါ။

(၆) မျိုးစေ့များပျိုးထောင်ပြီး ရေဝအောင်လောင်းပါ။ ရေမများရန် ဂရုစိုက်ပါ။

(၇) ပူပြင်းမှုဒဏ်မှကာကွယ်ရန်  ယာယီအရိပ်ကြဲစင် ပြုလုပ်ပေးပါ။

(၈) ယေဘုယျအားဖြင့် ၁၀-၁၅ ရက်နေ့တွင် အစို့ပေါက်ပြီး အပင်သက် (၂)လခန့်တွင် စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုး နိုင်ပါသည်။

(၉) စိုက်ပျိုးခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရန်အတွက် သန်စွမ်းသော ပျိုးပင်အားရွေးချယ်စိုက်ပျိုးပါ။

source : လယ်/ဆည်
.
မြေဆီလွှာ ပြင်ဆင်ခြင်း 
ပေါင်းမြက်များကို ရှင်းထုတ်ပြီး မြေဆွေး သို့မဟုတ် မြေဩဇာကဲ့သို့သော သဘာဝပစ္စည်းများကို ပေါင်းထည့်ခြင်းဖြင့် မြေဆီလွှာကို ပြင်ဆင်ကြပြီး မြေဆီလွှာရဲ့ PH  level စစ်ဆေးတိုင်းတာပါတယ်။
.
အစေ့ ရွေးချယ်ခြင်း နှင့် ကြီးထွားနှုန်း
လယ်သမားများက သူတို့ရွေးချယ်သော မျိုးစေ့များသည် စံနှုန်း စံနှုန်းဖြင့် ရောဂါခံနိုင်ရည်ရှိပြီး အခွံမာသည့် အရွယ်အစားရှိရန် သေချာစေပါသည်။ သီဟိုဠ်စေ့ ကြီးထွားလာစေဖို့ မြေဆီလွှာရဲ့ ph level နဲ့ စိုးထိုင်းမှုများနေစေဖို့ ပုံမှန်စစ်ဆေးပေးရပါတယ် ။ အသီးသီးပြီး ခူးဆွတ်နိုင်တဲ့ အရွယ်ရောက်ဖို့ အပင်ပေါ်မူတည်ပြီး ၃နှစ်ကနေ၄နှစ်  (သို့) ၅ နှစ်ကနေ ၇နှစ် ထိ ကြာပါတယ် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုများကို ပြုလုပ်ပေးရတယ်။ အသီးသီးပြီဆိုရင်တော့ မှည့်ဖို့ ၃ လလောက် အချိန်ယူပြီး ကြွေကျလာတဲ့ သီဟိုဠ်သီးတွေကို စုဆောင်းပါတယ်။
.
သီဟိုဠ်စေ့ အခြောက်ခံခြင်း 
နေလှမ်းပြီးတော့ အခြောက်ခံတာကတော့  အသုံးများတဲ့ နည်းလမ်း တစ်ခုပါ။
နေရောင်တိုက်ရိုက်ရတဲ့ နေရာမှာ လိုချင်တဲ့အနေအထားရဖို့ နာရီအနည်းငယ်ကြာအောင် အခြောက်ခံပေးရပါတယ်။ အခြောက်ခံတာ အချိန်ကြာသွားရင်တော့ ပုတ်သိုးသွားတက်ပြီး အရောင်မလှ ဖြစ်တက်ပါတယ်။
အခြောက်ခံပြီးသွားတဲ့ သီဟိုဠ်စေ့ တွေကို အိတ်ကြီးတွေနဲ့ ထုတ်ပိုးပြီး စက်ရုံကို ပို့ပါတယ်။
.
သီဟိုဠ်စေ့ သန့်စင်ခြင်း 
အရွယ်အစားနှင့် အရည်အသွေး ပေါ်မူတည်ပြီး အမျိုးအစားခွဲပြီးတဲ့နောက် သန့်စင်တဲ့ စက်ကြီးတွေကို သုံးပြီး သဲ၊ ဖုန် နဲ့ မလိုအပ်တဲ့ အရာတွေကနေ သန့်စင် ပေးပါတယ်။

သက်မှတ်ထားတဲ့ အပူချိန်မှာ လှော်စက်တွေနဲ့ လှော်ပါတယ် ဒီလို လှော်လိုက်တာက  သီဟိုဠ်စေ့ ရဲ့ အရသာကို ပိုကောင်းမွန်စေရုံမက အသားလေး အိအိလေးဖြစ်သွားစေပါတယ်။ လှော်စက်ထဲက ထွက်လာတဲ့ သီဟိုဠ်စေ့ တွေကို လေနဲ့ အအေးခံပြီး အစိုဓာတ်ကို ထိန်းသိမ်းဖို့အတွက်လည်း ကူညီပေးပါတယ်။
.
အခွံ့မာခွဲခြင်း 
အခွံခွဲစက်တွေကို သုံးပြုပြီး အခွံ့မာချွတ် အရွယ်အစားအလိုက် အမျိုးအစားခွဲပေးရပါတယ်။ အမျိုးမျိုးသော အခွံကျွတ်စက်တွေနဲ့သာမက လုပ်သားတွေကိုယ်တိုင်ပါ ပါဝင် လုပ်ဆောင်ပေးရပါတယ်။ အခွံမာကျွတ်စက်ကနေထွက်လာတဲ့ သီဟိုဠ်စေ့တွေကို အလုံပိတ်ခန်းထဲမှာ စိုထိုင်းဆ မြှင့်တင်ပေးခြင်းကြောင့် အနံ့ အရသာ ပိုကောင်းမွန်စေပြီး သက်တမ်းပိုရှည်စေပါတယ်။
.
အခွံ့ပျော့ခွာခြင်း 
စိုထိုင်းစမြင့်တင်ပေးထားတဲ့ အခန်းထဲကနေ လိုချင်တဲ့ အနေအထား ရလာတဲ့အခါ နောက်ဆုံး ကျန်နေတဲ့ အခွံ့ပါးလေးကို ဖယ်ဖို့ အတွက် စက်ကို အသုံးပြုပါတယ်။ အခွံပျော့လေးတွေ ကွာသွားစေဖို့ စက်တွေနဲ့ အခွံ့ချွတ်ပြီးတဲ့အခါမှာ အရွယ်အစားနဲ့ အရည်အသွေးပေါ်မူတည်ပြီး သီးသန့်ခွဲထားပါတယ်။ နောက်ဆုံး အခွံ့ပျော့ဖယ်ထုတ်ပြီး ထွက်လာတဲ့ သီဟိုဠ်စေ့တွေကို အရွယ်အစား ပုံသဏ္ဍာန် နဲ့ အရည်အသွေးတွေကို ကျွမ်းကျင် လုပ်သားတွေက စနစ်တကျ အမျိုးအစား ခွဲရုံမက sensor နဲ့ camera တွေရဲ့ အကူအညီကိုပါယူပါတယ်။
နောက်ဆုံးရလာတဲ့ သီဟိုဠ်စေ့တွေကို Phospine အကူအညီနဲ့ ပိုးသတ်ပေးပြီး လှပစွာ ထုတ်ပိုးကာ ဈေးကွက်အတွင်းကို ဖြန့်ချိပါတယ်။


Previous Post Next Post