အဝတ်အထည် ရွေးချယ်ခြင်း ဒီပရောဂျက်အတွက် ရိုးရိုးရှင်းရှင်း အထည်ဆိုရင် ဘာမဆို ရပါတယ် - တီရှပ်၊ ဆွတ်တာ (Sweatshirt) ဒါမှမဟုတ် ဂါဝန်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ #LGTmyanmar , #BBKmyanar
အဓိက ကိရိယာများ အဓိက "ပစ္စည်း" အနေနဲ့ကတော့ ဆောင်းဦးပေါက်ကြွေသစ်ရွက်တွေနဲ့ ချွတ်ဆေး (Bleach) လိုအပ်ပါမယ်။
စတင် ပြင်ဆင်ခြင်း ကတ်ထူပြားတစ်ချပ်ကို တီရှပ်အင်္ကျီရဲ့ အတွင်းထဲမှာ (ရှေ့ခြမ်းနဲ့ နောက်ခြမ်း မကပ်စေဖို့) ခံပေးပါ။ ပြီးရင် ချွတ်ဆေးကို ပန်းကန်ပြားအဝိုင်းတစ်ခုထဲ လောင်းထည့်ပါ။
ပုံနှိပ်ခြင်း သစ်ရွက်ကို ချွတ်ဆေးထဲ နှစ်လိုက်ပြီး အင်္ကျီစပေါ်မှာ ဖိချပါ။
သေသပ်လှပစေရန် ပုံထွက်သေသပ်စေဖို့အတွက် သစ်ရွက်ရဲ့ အပေါ်ကနေ တစ်ရှူး (Paper towel) အုပ်ပြီး ခိုင်ခိုင်မာမာ ဖိပေးပါ။
အရောင်ပြောင်းလဲလာပုံ ချွတ်ဆေးဟာ အင်္ကျီသားထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး အပေါ်ယံမျက်နှာပြင်မှာ သစ်ရွက်ပုံစံလေး ပေါ်လာပါလိမ့်မယ်။
အပြီးသတ်ခြင်း သစ်ရွက်ပုံတွေ အကုန်ရိုက်ပြီးပြီဆိုရင်တော့ အင်္ကျီ လုံးဝခြောက်သွားတဲ့အထိ ခဏလောက် စောင့်ပေးလိုက်ရုံပါပဲ။
"၁၀ မိနစ်အတွင်း ရိုးရိုး တီရှပ်ကနေ တန်ဖိုးမြှင့် အဝတ်အထည် ဘယ်လိုပြောင်းလို့ရမလဲ"
ရိုးရိုး တီရှပ်ကနေ တန်ဖိုးမြှင့် အဝတ်အထည် ပြောင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့