ဖုန်းလေးတစ်လုံးရှိရုံနဲ့ အလုပ်ရှင်တွေ သဘောကျမယ့် CV Profile လန်းလန်းလေးတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ပြီဆိုတာ သိပြီးပြီလား? #LGTmyanmar , #BBKmyanmar
အလုပ်လျှောက်တဲ့အခါမှာ အရည်အချင်းရှိဖို့က အဓိကဆိုပေမဲ့၊ အဲ့ဒီအရည်အချင်းတွေကို ပေါ်လွင်အောင်ပြသပေးမယ့် CV Form ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တကယ်လို့ မိတ်ဆွေက အရည်အချင်းလည်းရှိတယ်၊ CV Form ကလည်း သပ်ရပ်ကောင်းမွန်နေမယ်ဆိုရင်တော့ Interview ခေါ်ခံရဖို့ ရာနှုန်းပြည့် သေချာသလောက်ရှိပါတယ်။
အလုပ်အကိုင်တစ်ခုကို လျှောက်ထားရာမှာ CV Form ဆိုတာ မိမိကိုယ်စား အလုပ်ရှင်နဲ့ အရင်ဆုံး စတင်တွေ့ဆုံရတဲ့ First Impression ပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ (Interview) မပြုလုပ်မီ လျှောက်ထားသူရဲ့ အရည်အချင်းနဲ့ CV Form ကို ကြည့်ရုံနဲ့တင် အကဲဖြတ်လေ့ရှိပါတယ်။
📱 ဖုန်းတစ်လုံးရှိရုံနဲ့ Professional CV တစ်စောင် ဖန်တီးနည်း
အရည်အချင်းရှိသလောက် အလုပ်ခေါ်စာ (Interview) ရဖို့အတွက် CV Form ကောင်းဖို့ လိုအပ်ပါတယ်။ Canva Application ကို အသုံးပြုပြီး အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ် -
၁။ Application ပြင်ဆင်ခြင်း
Google Play Store/App Store မှာ Canva လို့ ရိုက်နှိပ်ပြီး Download ဆွဲပါ။
မိမိရဲ့ Google Account (Gmail) နဲ့ အလွယ်တကူ Login ဝင်ပါ။
၂။ Design ရွေးချယ်ခြင်း
Canva ရဲ့ Search Box မှာ "Resume" ဒါမှမဟုတ် "Professional CV" လို့ ရိုက်ရှာပါ။
ထွက်လာတဲ့ Template တွေထဲကမှ မိမိကြိုက်နှစ်သက်ရာ (Free ပေးထားသော) Design တစ်ခုကို ရွေးချယ်ပါ။
၃။ အချက်အလက်များ ဖြည့်စွက်ခြင်း
Template ထဲက စာသားတွေကို တစ်ချက်နှိပ်ပြီး မိမိရဲ့ အချက်အလက်တွေကို အစားထိုးနိုင်ပါတယ် -
Profile Photo: ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဓာတ်ပုံ ထည့်သွင်းပါ။
Experience: လုပ်ငန်းအတွေ့အကြုံများကို အစဉ်လိုက် ဖြည့်ပါ။
Education & Skills: ပညာအရည်အချင်းနဲ့ မိမိကျွမ်းကျင်မှုများကို ထည့်ပါ။
Contact Info: ဖုန်းနံပါတ်နဲ့ အီးမေးလ် မှန်ကန်စွာ ဖြည့်စွက်ပါ။
၄။ သိမ်းဆည်းခြင်း (Download)
အချက်အလက်အားလုံး ဖြည့်ပြီးပါက ညာဘက်အပေါ်ထောင့်က Download (Arrow icon) ကို နှိပ်ပါ။
File Type နေရာမှာ အလုပ်ရှင်တွေ ဖတ်ရလွယ်ကူစေဖို့ "PDF Standard" သို့မဟုတ် "PDF Print" ကို ရွေးချယ်ပြီး သိမ်းဆည်းပါ။