အမြတ်များတဲ့ တီကျစ်စာမြေဆွေး ဘယ်လိုပြုလုပ်သလဲ




ပိုမိုကောင်းမွန်သော တီကျစ်စာမြေဆွေး ရရှိရန် သဘာဝစွန့်ပစ်ပစ္စည်းများ များကိုချေဖျက်သည့်ကောင်းမွန်သော တီကောင်မျိုးစိတ်များကို အသုံးပြုရမည်။ မိမိ​ဒေသရှိရနိုင်သော သဘာဝစွန့်ပစ် ပစ္စည်းများအသုံးပြုပါ။ အနံ ၃ ပေ အလျား ၁၅ ပေ ရှိသောကန်ပြုလုပ်ပါ။ သဘာဝစွန့်ပစ် ပစ္စည်းများထည့်ပါ။ စွန့်ပစ်ပစ္စည်းပုံကိုရေလောင်းပါ ။ အစိုဓာတ်ကို ပုံမှန်စစ်ဆေး၍စိုလွန်းခြင်း မရှိစေရ။ ပြုလုပ်ထားသော ကန်ထဲသို့ အာဖရိကန် တီကောင် ၆၅ ကျပ်သားထည့်ပါ။ #LGTmyanmar , #BBKmyanmar 

.

 တီကောင်များသည် သဘာဝစွန့်ပစ် ပစ္စည်းများကိုစားသုံး၍ မစင်စွန့်ထုတ်သည်။ ၎င်းမစင်လုံလေးများသည် တီကျစ်စာဖြစ်သည်။ တီကောင်များသည်အမှောင်ကြိုက်သောကြောင့် တီကျစ်စာကနပ်ပေါ် ၌ အဖုံးဖုံးအုပ် ပေးထားရမည်။ လေဝင်လေ ထွက်ကောင်းရန် ပြုလုပ် ပေးရမည်။ ဖုံးအုန်ရန်ပီနန် အိတ် ( သို့) ဒသ တွင်းရရှိနိုင်သော အခြား ပစ္စည်းများကို အသုံးပြုနိုင်သည်။ အပူမဖြစ်စေ ရန် ပလစ်စ တစ်ကို အသုံးမပြု သင့်ပေး။ ဇလုံ(သို့) အခြားထည့်စရာ ပစ္စည်းတစ်ခုခုပြုလုပ်ပါ။ မီးဖို ချောင်မှစွန့်ပစ်ပ္စစည်းများကို အသုံးပြု၍ အိမ်နောက် ဖေးဥယျာဉ်ခြံမြေပြင်၌ ၎င်းကို အသုံးပြုနိုင်သည်။ ဆီပါသောပစ္စည်းများကိုရှောင်ရှားရမည်။ 

.


ထိန်းသိမ်းနည်းနှင့် တီကျစ်စာ ထုတ်ယူပုံ

အစိုဓာတ်ကို ပုံမှန်စစ်ဆေးပါ ။ ခြောက်သွေ့သော အခြေအနေသည် တီကောင်များကိုသေစေသည်။ ရေများ လွန်းလျှင်လည်းတီကောင်များကန်အပြင် ဘက်သို့ ထွက်သွာစေသည်။ ၁ လ ခန့်ကြာပြီးနောက်တီကျစ်စာများ ထုတ်ယူနိုင်သည်။ တီကျစ်စာကိုအပေါ် ယံမှ စတင်ယူပါ။ တီ​ကောင်များ နှင့် မဆွေးမြေ့သေးသော ပစ္စည်းများဖယ်ထုတ်ရန် ထုတ်ယူထာသော တီကျစ်စာမြေဆွေးများကို ဆန်ကာချပါ။ တီကောင်များနှင့် မဆွေးမြေ့ သေးသော ပစ္စည်းများကို တီကျစ် စာကန်ထဲသို့ ပြန်ထည့်ပါ ။ တီကျစ်စာမြေဆွေးများကို ချက်ချင်း အသုံးပြုနိုင်သည်။ ( သို့ ) သိုလှောင်သိမ်းဆည်း ထားနိုင်သည်။ မသိုလှောင်ခင် အရိပ်ထဲ၌အခြောက်ခံပါ။ တီကျစ်စာ၌ အပင်အတွက် လိုအပ်သော အနည်းလို နှင့်အများလို အဟာရဓာတ် များပါဝင်သည်။

.

အကျိုးကျေးဇူးနှင့် အသုံးပြုနည်းလမ်းများ

 တီကျစ်စာပြုလုပ်ရာတွင် အသုံးပြုသော စွန့်ပစ်ပစ္စည်းများ နှင့် အပင်အမျိုးအစားပေါ် မူတည်၍ အဟာရဓာတ်ပါဝင်မှုအမျိုးမျိုးရှိသည်။ တီကျစ်စာ၌အပင်အတွက်လိုအပ်သော အနည်းလိုနှင့် အများလို အဟာရဓာတ်များပါ ဝင်သည်။ တီကျစ်စာ ပြုလုပ်ရာတွင် အသုံးပြုသော စွန့်ပစ်ပစ္စည်းများနှင့် အပင်အမျိုးအစားပေါ်မူတည်၍အဟာရဓာတ်ပါဝင်မှု အမျိုးမျိုးရှိသည်။ တီကျစ်စာမြေဆွေးကို ပျိုး မြေပြုလုပ်ရာ၌ရော​နှော ၍အသုံးပြုနိုင်သည်။မြေပြုပြင်နေစဉ်မြေခံအဖြစ် ထည့်သွင်း အသုံးပြုနိုင်သည် ။ စိုက်ပျိုးပြီးနောက် အပင်အရင်း ( သို့ ) ကြဲပက်၍ လည်းအသုံးပြုနိုင်သည်။ 

أحدث أقدم