ညောင်ရွှေ၊ အင်းလေး ဒေသဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားသည့် ခရီးသွားနေရာတစ်ခုပါ။ အံ့သြဖွယ် ရှုခင်းတွေ၊ အရသာရှိတဲ့ အစားအသောက်တွေ၊ ရိုးရာ လက်မှုအနုပညာနဲ့ ဒေသခံတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် မြန်မာပြည်ရဲ့ ကျော်ကြားတဲ့ ခရီးသွားနေရာတစ်ခုပဲ ဖြစ်ပါတယ်၊၊ #LGTmyanmar , #BBKmyanmar
.
ဒါပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရာဂီမုန်းတိုင်ကြောင့် ရေမြှင့်တက်လာပြီး အင်းလေးဒေသဟာ ရေကြီးမှုဒဏ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျေးရွာ ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့ကြရပါတယ်။ နေရာတချို့မှာ ရေအနက် ၇ ပေမှ ၈ ပေအထိ ရှိခဲ့ပြီး အိမ်တွေ၊ ရွာတွေကို တခဏတွင်း ရေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ မိသားစု အများအပြား အိမ်နေရပ်ကို စွန့်ခွာပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ အရေးပေါ် ခိုလှုံရာတွေမှာ ယာယီနေထိုင်ကြရပါတယ်။
.
“တော်ရုံနဲ့ ရေမကျသွားတဲ့ အနေအထားမျိုးဆိုတော့ သူတို့မှာ လုပ်ငန်း ကိုင်ခန်းလည်း အဆင်မပြေတာက တဖက်၊ နေဖို့ ဆင်မပြေတာက တဖက်နဲ့ပေါ့နော် သူတို့မှာ သူတို့ကိုယ်တိုင် သူတို့ရဲ့ စွမ်းအားနှင့် အကုန်လုံး ဒီအိမ်ကို ပြန်ပြင်ဆောက်ဖို့အတွက်က သူတို့မှာ အခက်အခဲရှိတယ် သိထားတယ်ပေါ့နော်”
.
ဒီအခက်အခဲအတွင်း (Learning and Growing Together) အစီအစဉ်ကနေ အရေးပေါ်ပစ္စည်းများနဲ့ ငွေကြေးအကူအညီတွေကို လိုအပ်ချက်အရှိဆုံး မိသားစုများထံ ပေးအပ်နိုင်ခဲ့ပါတယ်။ အင်းထဲရှိ လူငယ်တွေနဲ့ ဒေသခံများရဲ့ ဦးဆောင်ပါဝင်စီစဉ်ပေးမှု၊ LGT-Taung Thu Tada ရှိ သင်တန်းသားများရဲ့ အပင်ပန်းခံမှုကြောင့် လျင်မြန်စွာနဲ့ လိုအပ်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဒီအပြင် LGT ကနေ အင်းလေးကန် ဒေသရှိ မိသားစု ၁၃ စုအတွက် အိမ်အသစ်တွေ ပြန်လည် ပြုပြင် တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် မိသားစု၀င်တွေ မိုးမဝင်ခင် တစ်စုတစ်စည်းထဲ လုံခြုံမှု ပြန်လည်ရရှိခဲ့ပါတယ်။
.
“တအိမ်လုံးစာ ကျွန်မတို့ မပေးနိုင်ပေးမယ့် သူတို့မှာ ပေးတဲ့အရာလေးနဲ့ သူတို့ အဆင်ပြေအောင် လုပ်နိုင်တယ်။ သူတို့ရဲ့ ခွန်အားလည်း ပါတယ်ပေါ့နော်။ သူတို့ အဆင်ပြေအောင် ဒီလို အိမ်အသစ်ကလေး တွေ့ရတော့ ပထမအကြိမ် သူတို့ အိမ်မပြင်နိုင်တဲ့ အနေအထားမှာ ကျွန်မ တွေ့တာပေါ့နော် ကိုယ်ကိုယ်တိုင် ကွင်းဆင်းလာတဲ့လူဆိုတော့လေ။ အခု ဒီလို အိမ်အသစ်လေးတွေ့တော့ ဘယ်လိုပြောရမလဲ ကိုယ့်အိမ်လိုမျိုးပဲ ၀မ်းသာတယ်ပေါ့နော်။”
.
ညောင်ရွှေ၊ အင်းလေးဒေသခံ တွေဟာ ရပ်တန့်မနေပဲမိမိတို့ဒေသ ပြန်လည် ထူထောင်ရေးမှာ ခွန်အား အပြည့်နဲ့ ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။