ဝင်ငွေအဖြစ်ပြောင်းလဲနိုင်မယ့် content ဖန်တီးနည်း


Content Creation စတင်မယ့် မိတ်ဆွေများအတွက် အောင်မြင်မှုရရှိစေဖို့ မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးအချက် (၆) ချက်ကို အောက်ပါအတိုင်း အကျဉ်းချုပ် မျှဝေပေးလိုက်ပါတယ်။ 

.

(၁) ကိုယ်ပိုင် Niche/Content အမျိုးအစားကို သတ်မှတ်ပါ 

Content Creation မှာ အရေးအကြီးဆုံးကတော့ ဘယ်လို Content မျိုးကို ဖန်တီးမလဲ ဆိုတာကို တိတိကျကျ သိဖို့ပါပဲ။ အမှတ်မရှိ ရိုက်ထားတဲ့ ဗီဒီယိုတွေ ဖန်တီးတာမျိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အားသာချက်နဲ့ ဝါသနာကို အခြေခံပြီး Content ရွေးချယ်ပါ။

အဓိကကိုယ်တိုင်ပြန်မေးရမယ် မေးခွန်းတွေကတော့ ကိုယ်က ဘယ်အရာကို ဝါသနာပါသလဲ? ကိုယ်က ဘယ်အရာကို ကျွမ်းကျင်သလဲ? (ဥပမာ- Tutorial၊ ခရီးသွား၊ စားသောက်မှု၊ ဆိုင်ကယ်စီးခြင်း၊ ဟင်းချက်ခြင်း)ကိုယ်တိုင် ဝါသနာပါပြီး ကျွမ်းကျင်တဲ့ နယ်ပယ်ကိုသာ ရွေးချယ်ပါက စဉ်ဆက်မပြတ် ဖန်တီးနိုင်ပြီး ပရိသတ်ကို တန်ဖိုးရှိတဲ့ အကြောင်းအရာများ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ #LGTmyanmar , #BBKmyanmar

.

(၂) Content စီမံကိန်းနှင့် ပုံမှန်တင်ဆက်မှု (Content Planning & Consistency)

ဗီဒီယို Content များကို မဖန်တီးခင် စနစ်တကျ Plan လုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စတင်သူများအတွက် ပုံမှန်တင်ဆက်မှု (Consistency) ဟာ အလွန်အရေးကြီးပါတယ်။

စီမံကိန်းဆွဲခြင်း: တစ်ပတ်ကို တစ်ပုဒ်လား၊ တစ်လကို ဘယ်နှစ်ပုဒ် တင်မလဲဆိုတဲ့ အချိန်ဇယားသတ်မှတ်ပါ။

ပုံမှန်တင်ဆက်ပါ: Content Creation စတင်ချိန်မှာ တစ်ပတ်ကို တစ်ပုဒ် တင်ပြီး တစ်လလောက် ပျောက်သွားတာမျိုး မလုပ်ပါနဲ့။ ပုံမှန်တင်ဆက်ခြင်း (Consistency) သည် Platform များရဲ့ Algorithm က လူတွေကို ကိုယ့် Content ပြသဖို့အတွက် အဓိကကျတဲ့အချက် ဖြစ်ပြီး၊ Follower များရဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။

.

(၃) သင့်လျော်တဲ့ Platform များ ရွေးချယ်ပါ

ကိုယ့် Content နဲ့ ပရိသတ်နဲ့ အသင့်တော်ဆုံး Platform ကို ရွေးချယ်ရပါမယ်။ မြန်မာနိုင်ငံမှာ အသုံးများတဲ့ Platform တွေကတော့ Facebook၊ TikTok နဲ့ Youtube တို့ ဖြစ်ပါတယ်။

အားသာချက်/အားနည်းချက်: Platform တစ်ခုစီမှာ ဗီဒီယို အရှည်/အတို ကြိုက်နှစ်သက်မှု မတူညီပါဘူး။

- Facebook: ဗီဒီယို အရှည် ကြည့်သူများသည်။
- TikTok: ဗီဒီယို အတို ကြိုက်သူများသည်။
- Youtube: Content Creator အတွက် အကောင်းဆုံး Platform တစ်ခုဖြစ်သည်။

အကြံပြုချက်: ဖြစ်နိုင်ရင် Facebook၊ TikTok၊ Youtube သုံးခုလုံးမှာ တစ်ပြိုင်နက်တည်း တင်ဆက်တာ အကောင်းဆုံးပါပဲ။

.

(၄) အခြေခံ စက်ပစ္စည်းများ ပြင်ဆင်ပါ 

Content Creation လုပ်တဲ့အခါ ဘတ်ဂျက်နဲ့ ကိုက်ညီတဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ 

အရေးအကြီးဆုံးအချက်ကတော့  Microphone: ဗီဒီယိုရဲ့ ရုပ်ထွက် (Visual Quality) မကောင်းရင်တောင်မှ အသံအရည်အသွေး (Audio Quality) ကောင်းဖို့ဟာ အဓိကကျပါတယ်။ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့အတွက် အသံကြည်လင်ပြတ်သားတဲ့ Microphone ကောင်းကောင်းကို ဝယ်ယူဖို့ အထူးအကြံပြုပါတယ်။ အလင်းရောင် (Lighting): မိမိရဲ့ Budget နဲ့ ကိုက်ညီတဲ့ Lighting ပစ္စည်းတွေကိုလည်း ဝယ်ယူသင့်ပါတယ်။

.

(၅) Content ဖန်တီးမှု အဆင့်ဆင့် 

Content တစ်ပုဒ်ကို စနစ်တကျ ဖန်တီးရာမှာ အဆင့်ဆင့် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ အချက်များ ပါဝင်ပါတယ်။ (ဥပမာ- ဟင်းချက် Content အတွက်)

  1. Script ရေးဆွဲခြင်း: ဘာဟင်းချက်မယ်၊ ဘာတွေ ရိုက်ပြမယ်၊ ဟင်းချက်နေစဉ် ဘာအကြောင်းအရာတွေ ပြောမယ်ဆိုတာကို စတင်ပြီး စာအုပ်ထဲမှာ စာရေးသား (Script) ရေးပါ။

  2. ပြင်ဆင်မှု: Camera ပြင်ဆင်၊ လိုအပ်တာတွေ စစ်ဆေးပြီး လေ့ကျင့်ပါ။

  3. ရိုက်ကူးခြင်း: ဗီဒီယို ရိုက်ကူးပါ။

  4. တည်းဖြတ်ခြင်း: ရိုက်ကူးပြီးတဲ့ ဗီဒီယိုကို Edit လုပ်ပါ။

  5. တင်ဆက်ခြင်း: အပြီးသတ် Content ကို Platforms သုံးခုလုံးမှာ တင်ဆက်ပါ။

.

(၆) ပရိသတ်နှင့် ဆက်ဆံရေး တည်ဆောက်ပါ

Content တင်ပြီးရုံနဲ့ မပြီးပါဘူး။ မိမိရဲ့ Viewer များနဲ့ အမြဲတမ်း ဆက်သွယ်ထိတွေ့မှု (Engage) ရှိဖို့ လိုပါတယ်။

စောင့်ကြည့်လေ့လာပါ: မိမိ Content မှာ Viewer ဘယ်လောက်ရှိလဲ၊ Share ဘယ်လောက်ရှိလဲ၊ Comment ဘယ်လောက်ရှိလဲဆိုတာကို အမြဲ စောင့်ကြည့်ပါ။ အားပေးနေသူတွေကို ဂရုစိုက်ပြီး Comment များကို ပြန်လည်ဖြေကြားခြင်း၊ တန်ဖိုးထားကြောင်း ပြသခြင်းတို့ဖြင့် ပရိသတ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။



أحدث أقدم