"ပိုးမွှားတွေဖြစ်တဲ့ Aphids (ပင်ရည်စုပ်ပိုး)၊ Spidermites (ပင့်ကူနီ) နဲ့ တခြားပိုးမွှားတွေဟာ ပန်းတွေ၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပါတယ်။ ဒီပိုးမွှားတွေက အုံလိုက်ကျင်းလိုက် သင့်ဥယျာဉ်ကို တိုက်ခိုက်ပြီး သင့်သီးနှံတွေရဲ့ အသက်ကို စုပ်ယူနိုင်တဲ့အပြင် ရောဂါတွေကိုပါ ဖိတ်ခေါ်နိုင်ပါတယ်။
ဓာတုပိုးသတ်ဆေး အများအပြားဟာ ပတ်ဝန်းကျင်အတွက် မလုံခြုံတာမျိုး ဒါမှမဟုတ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးဖို့ မလုံခြုံတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာကောင်းတာကတော့ ပိုးမွှားတွေကို တိုက်ခိုက်ရာမှာ အိမ်လုပ်၊ သဘာဝပိုးသတ်ဆေး ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ #LGTmyanmar , #BBKmyanmar
၁။ ငရုတ်သီးနဲ့ ကြက်သွန်ဖြူ အသုံးပြုခြင်း
ငရုတ်သီးအစပ် (၁၁၃ ဂရမ်) နဲ့ ကြက်သွန်ဖြူ (၁၁၃ ဂရမ်) ဒါမှမဟုတ် ကြက်သွန်နီတို့ကို ပေါင်းစပ်ပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ နှစ်မျိုးစလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုခြင်းမပြုမီ ဟင်းသီးဟင်းရွက်အားလုံးကို လှီးဖြတ်ထားသင့်ပါတယ်။ ထူထဲတဲ့ အနှစ်ရအောင် ဟင်းသီးဟင်းရွက်တွေကို Blender ထဲမှာ ရောမွှေပါ။ ထို့နောက် ဟင်းသီးဟင်းရွက်အနှစ်ကို ရေနွေးနီလီတာဝက် (၀.၅ လီတာ) နဲ့ သေချာစွာ ရောမွှေပါ။ ရရှိလာတဲ့ အရည်ကို ပလတ်စတစ် ဒါမှမဟုတ် ဖန်ဘူးထဲကို လောင်းထည့်ပြီး ၂၄ နာရီကြာအောင် ထားပါ။ ဖြစ်နိုင်ရင် နေသာတဲ့နေရာမှာ ထားပါ၊ မဟုတ်ရင်တော့ အနည်းဆုံး ပူနွေးတဲ့နေရာမှာ ထားပါ။
ပြီးရင် ဒီအရည်ကို ဆန်ခါနဲ့စစ်ပြီး ဟင်းသီးဟင်းရွက်တွေကို ဖယ်ထုတ်ကာ ဟင်းသီးဟင်းရွက်အနှစ်ပါတဲ့ ရေကို တခြားဘူးတစ်ခုထဲကို စုဆောင်းပါ။ ဒီရေက သင့်ပိုးသတ်ဆေးပါပဲ။ သင့်ပိုးသတ်ဆေးကို ပန်းဖြန်းဘူးထဲကို ထည့်ပြီး ပိုးကျနေတဲ့ အပင်တွေပေါ် ဖြန်းပေးပါ။
၂။ လိမ္မော်ခွံ အသုံးပြုခြင်း
လိမ္မော်သီးကို အခွံခွာပြီး အခွံတွေကို ဖန်ဘူးထဲ ထည့်ကာ ရေနွေးဆူဆူ (၅၀၀ မီလီလီတာ) ကို လောင်းချပါ။ အရည်ကို ပူနွေးတဲ့နေရာမှာ ၂၄ နာရီကြာအောင် ထားပါ။ ပြီးရင် ဒီအရည်ကို ဆန်ခါနဲ့ စစ်ပြီး အခွံတွေကို ဖယ်ထုတ်ကာ လိမ္မော်ရည်ပါတဲ့ ရေကို သိမ်းထားပါ။ Castile ဆပ်ပြာအနည်းငယ် ထည့်ပါ။ ပူရှိန်းရနံ့ပါတဲ့ Castile ဆပ်ပြာက အထူးထိရောက်နိုင်ပါတယ်။ အရည်တွေကို သေချာစွာ ရောမွှေပါ။ ရရှိလာတဲ့ ပိုးသတ်ဆေးကို ပန်းဖြန်းဘူးအကြီးထဲကို လောင်းထည့်ပြီး ပိုးမွှားပျော့အများစုကို နှိမ်နင်းဖို့ အပင်တစ်ခုလုံးကို ဖြန်းပေးပါ။
၃။ ဆီအပင် (Neem) အသုံးပြုခြင်း
နင်းဆီ (၁၅ မီလီလီတာ) ကို ဆပ်ပြာပျော့ (လက်ဖက်ရည်ဇွန်းတစ်ဝက်) နဲ့ ရောပါ။ ခါးတဲ့သစ်ပင်အရွက်က ထုတ်တဲ့ နင်းဆီဟာ သဘာဝပိုးသတ်ဆေးတွေထဲမှာ အထိရောက်ဆုံးတစ်ခုလို့ လူအများက ယုံကြည်ကြပါတယ်။ နင်းဆီနဲ့ ဆပ်ပြာကို ရေနွေး (၂ လီတာ) ထဲကို ဖြည်းဖြည်းချင်း ဒါပေမဲ့ သေချာစွာ မွှေပေးပါ။ ပိုးသတ်ဆေးကို ဖြန်းဘူးထဲကို လောင်းထည့်ပြီး ပိုးမွှားတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့နေရာတွေ ဒါမှမဟုတ် ပိုးမွှားရှိကြောင်း လက္ခဏာတွေ ရှိတဲ့နေရာတွေမှာ ဖြန်းပေးပါ။
၄။ ဆေးရွက်ကြီး အသုံးပြုခြင်း
ဆေးရွက်ကြီး (တစ်ခွက်) ကို ရေ (၂ လီတာ) ထဲ ရောပါ။ ဒီအရည်ကို နေရောင်ထဲမှာ ဒါမှမဟုတ် ပူနွေးတဲ့နေရာမှာ ၂၄ နာရီကြာအောင် ထားပါ။ အရည်ရဲ့ အရောင်ကို စစ်ဆေးပါ။ ဖြစ်နိုင်ရင် ပိုးသတ်ဆေးက လက်ဖက်ရည်ဖျော့ရောင်နဲ့ ဆင်တူနေသင့်ပါတယ်။ အရောင် အရမ်းရင့်နေရင် ရေနဲ့ ထပ်ရောပါ။ အရမ်းဖျော့နေရင်တော့ နောက်ထပ် နာရီအနည်းငယ် ထပ်ထားပါ။ ပြီးရင် ပန်းကန်ဆေးဆပ်ပြာရည်ပျော့ (စားပွဲဇွန်း ၃ ဇွန်း) ကို ထည့်ပြီး သေချာစွာ ရောမွှေပါ။ အရည်ကို ပန်းဖြန်းဘူးအကြီးထဲကို လောင်းထည့်ပြီး ဘူးထဲက အရည်ကို ထပ်မံရောစပ်ဖို့ တစ်ကြိမ် ထပ်လှုပ်ခါပြီး ပိုးကျနေတဲ့ အပင်တွေပေါ် ဖြန်းပေးပါ။