ဒီvideo လေးထဲမှာ သကြားမပါဝင်တဲ့ အာဟာရပြည့်ဝစေတဲ့ သီးစုံကွတ်ကီး ပြုလုပ်လုပ်နည်းများကို တဆင့်ချင်းစီ ပြောပေးသွားမှာဖြစ်ပါတယ်။
.ပါဝင်ပစ္စည်းများ
မြေပဲ - 200 g / 7 oz
ဟေဇယ် - 60 g / 2 oz
ဖရုံစေ့ - 30 g / 1 oz
နေကြာစေ့ - 1 tbsp
နှမ်း - 1 tbsp
ဘယ်ရီသီးခြောက် - 30 g / 1 oz
စပျစ်သီးခြောက် - 20 g / 0.7 oz
သီဟိုဠ်စေ့ - 20 g / 0.7 oz
သစ်ကြားသီး - 50 g / 1.7 oz
အုတ်ဂျုံ - 120 g / 4 oz
ကြက်ဥတစ်လုံး
မေပယ်သကာရည် - 30 ml
ဟေဇယ် - 60 g / 2 oz
ဖရုံစေ့ - 30 g / 1 oz
နေကြာစေ့ - 1 tbsp
နှမ်း - 1 tbsp
ဘယ်ရီသီးခြောက် - 30 g / 1 oz
စပျစ်သီးခြောက် - 20 g / 0.7 oz
သီဟိုဠ်စေ့ - 20 g / 0.7 oz
သစ်ကြားသီး - 50 g / 1.7 oz
အုတ်ဂျုံ - 120 g / 4 oz
ကြက်ဥတစ်လုံး
မေပယ်သကာရည် - 30 ml
.
အခွံမာသီးနဲ့ အသီးခြောက်ပါတဲ့ ကွတ်ကီးပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို အဆင်သင့်လုပ်ပြီး စလိုက်ရအောင်။
.
အခွံမာသီးတွေကို လှော်ပြီး ပြင်ဆင်မယ်မြေပဲနဲ့ ဟေဇယ်စေ့တွေကို ဒယ်အိုးထဲမှာ မွှေးလာတဲ့အထိ လှော်ပါ။ အေးသွားရင် အခွံတွေကို ခွာပြီး အနည်းငယ်ကို ပန်းကန်ပြားထဲ ခွဲထားပါ။ ကျန်တဲ့အစေ့တွေကို ဓားနဲ့ သေးသေးလေးတွေ ဖြစ်အောင် ချေမွပါ။ ကြည့်မယောင်လည်လည်လောက်ပဲ။ #LGTmyanmar , #BBKmyanmar
.
တခြားပစ္စည်းတွေ ထည့်ရောမယ်
ရွှေဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့၊ သီဟိုဠ်စေ့၊ ပါးပါးလှီးထားတဲ့ အနီရောင်ဘယ်ရီသီးခြောက်၊ စပျစ်သီးခြောက် တွေထပ်ထည့်ပါ။ အားလုံးကို ရောပြီး တစ်သားတည်းဖြစ်အောင် မွှေပါ။
.
တဝက်ခွဲပြီး အုတ်ဂျုံထည့်မယ်
မွေပြီးသွားတဲ့အခါ ဒီအရောကို နှစ်ပိုင်းခွဲလိုက်ပါ။ တစ်ဝက်ကို ယူပြီး အုတ်ဂျုံထည့်ရောပြီး မွှေပါ။မေပယ်သကာရည်နဲ့ ကြက်ဥတစ်လုံးကို ရောပြီး ခပ်မွှေမွှေ လုပ်ပါ။ ဒီအရောကို အုတ်ဂျုံရောထားတဲ့ အရောထဲ ထည့်ပြီး ကပ်ကပ်လေး ဖြစ်အောင် မွှေပါ။
.
ကွတ်ကီးပုံဖော်မယ်
မုန့်ဖုတ်ကွန်ထဲမှာ မုန်ဖုတ်စက္ကူခင်းပြီး ဆီအနည်းငယ် သုတ်လိမ်းထားပါ။ အရောကို ယူပြီး ၈ စင်တီမီတာ အဝိုင်းပုံစံလေးတွေသုံးပြီး ပြားပြားလေး ကွတ်ကီးပုံစံဖြစ်အောင် လုပ်ပါ။
.
မုန့်ဖုတ်စက် ဖြင့် အပူပေးပါ
မုန့်ဖုတ်စက်ကို ၁၈၀ ဒီဂရီစင်တီဂရိတ် (၃၅၀ ဖာရင်ဟိုက်) မှာ အပူပေးထားပါ။ ကွတ်ကီးကို မုန့်ဖုတ်စက်ထဲထည့်ပြီး ၂၀ မိနစ်ဖုတ်ပါ။ ရွှေညိုရောင်လေးဖြစ်ပြီး မွှေးလာရင် အဆင်သင့်ပါပဲ။ အေးလာအောင်ထားပြီး ကြွတ်ကြွတ်ရွရွ အာဟာရပြည့် ကွတ်ကီးတွေ ရပါပြီ။

ချောကလက်နဲ့ လိမ္မော်ရနံ့ပါတဲ့ ကွတ်ကီးပြုလုပ်နည်း
.ချန်ထားတဲ့ အစေ့တွေကို ကြိတ်မယ်
ကွတ်ကီးပြုလုပ်နည်း ၁ မှာ ချန်ထားတဲ့ မြေပဲနဲ့ ဟေဇယ်စေ့တွေကို ကြိတ်စက်ထဲထည့်ပြီး ချောမွတ်တဲ့ အဆီအနှစ်လို ဖြစ်အောင် ကြိတ်ပါ။
.
ချောကလက်ကို အရည်ကျိုပြီး ရောမယ်
အနက်ရောင်ချောကလက်ကို အရည်ကျိုပါ။ မိုက်ခရိုဝေ့ဖ်နဲ့ လုပ်ရင် အနည်းငယ်ချင်း အပူပေးပြီး မွှေပါ။ ဒါမှမဟုတ် ရေနွေးအိုးနဲ့လည်း ကျိုလို့ရပါတယ်။ အရည်ကျိုထားတဲ့ ချောကလက်ကို အစေ့အနှစ်နဲ့ ရောပြီး ချောမွတ်လာအောင် မွှေပါ။

လိမ္မော်ခွံနဲ့ သစ်ကြံပိုးထည့်မယ်
နည်း ၁ က အနည်းငယ်ချန်ခဲ့တဲ့ အစေ့ရောနှောတစ်ဝက်ကို ယူပါ။ လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီး အဲဒီအရောထဲ ထည့်ရောပါ။ ချောကလက်နဲ့ အစေ့အနှစ်ထဲကို သစ်ကြံပိုးခေါက်မှုန့် ၁ ဇွန်းထည့်ပြီး မွှေပါ။

ပုံဖော်ပြီး ရေခဲသေတ္တာထဲ အအေးခံမယ်
ချောကလက်အရောကို ပုံဖော်ခွက်ထဲထည့်ပြီး ပုံစံလှလှလေးတွေ ဖွဲ့လိုက်ပါ။ ပုံဖော်ပြီးတဲ့အခါ ရေခဲသေတ္တာထဲထည့်ပြီး အေးခဲသွားပြီဆိုရင် စာသုံးလို့ရပါပြီ။
.
ကွတ်ကီးနဲ့ တွဲသောက်မယ့် လက်ဖက်ရည်ပြင်ဆင်ခြင်း
ကွတ်ကီးတွေ အေးနေတုန်း အရမ်းမိုက်တဲ့ လက်ဖက်ရည်တစ်ခွက်လုပ်ကြမယ်။
- Black Tea၊ လိမ္မော်သီးခြောက်နဲ့ အေးခဲထားတဲ့ စတော်ဘယ်ရီ ၃ လုံးကို ခွက်ထဲထည့်ပါ
- ရေနွေးပူလေး လောင်းထည့်ပြီး မိနစ်အနည်းငယ် စိမ်ထားပါ။
- ဒီလက်ဖက်ရည်ကို ကွတ်ကီးနဲ့ တွဲသောက်ရင် အရမ်းအဆင်ပြေတယ်။
ဒါဆို ကွတ်ကီးနှစ်မျိုးလုံး အဆင်သင့်ပဲ။ နည်း ၁ က မုန့်ဖုတ်စက်နဲ့ ဖုတ်ထားတော့ ပိုအဆင်ပြေမယ်။ နည်း ၂ ကတော့ ပုံဖော်ခွက်နဲ့ လှလှပပ အအေးခံထားတော့ ထူးခြားတဲ့အရသာပြီး အရသာနှစ်မျိုး စားသုံးရမှာပါ။ 🍪✨