Interviewer - အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Fresno မြို့မှာနေထိုင်တဲ့ လူလတ်အပိုင်းအရွယ် ကိုဇော် ဆိုရင်ဖြင့် သူမြို့အရှေ့ဘက် ၁၆မိုင်အကွာလောက်မှာ မြေ ၃ ဧကလောက်ငှားရမ်းပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရောင်းပြီး အောင်မြင်မှုတွေရရှိနေပါတယ်။ ချဥ်ပေါင်၊ ကန်မွန်းချဥ်၊ ကြက်ဟင်းခါးသီး၊ ခဝဲ အပါအဝင် အဓိက မြန်မာ နဲ့ အာရုသားတွေ အများဆုံးစားသုံးကြတဲ့ ဟင်းသီးဟင်းရွက် တွေကို စိုက်ပျိုးရောင်းချတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲ့ဒီလို ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ကိုင်ရ တဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။ #LGTmyanmar , #BBKmyanmar
.Zaw farm - ကျွန်တော် အမေရိကားရောက်တော့ မင်နီဆိုးတားပြည်နယ် ၆ နှစ်လောက်နေလိုက်တယ်။ ဒီဘက် ကယ်လီဖိုးနီးယားကို ပြန်ပြောင်းလာတာပေါ့နော် အဓိက စိုက်ပျိုးလုပ်မယ် ကယ်လီဖိုးနီးယားရာသီဥတု က နှင်းမကျဘူးဆိုတော့ သစ်ပင်လဲစိုက်လို့အဆင်ပြေတယ်ပေါ့ ဆုံးဖြတ်ချပြီးတော့ ဒီကိုပြောင်းလာတာပါ။ ကျွန်တော်က ၂၀၂၂ ၈ လပိုင်းကစတော့ အခုမှ ၂ နှစ်ကျော်ကျော်ပဲရှိသေးတယ် ရောက်ရောက်ချင်းမှာ မြေရှာအရမ်းခက်တယ်ပေါ့ ကိုယ်ကနေရာ အသစ်ဆိုတော့ စုံစမ်းခက်ခဲတယ်။ ကိုယ့်မှာလဲ ဒီမှာဘယ်သူမှမရှိဘူး ရှိတဲ့မြန်မာကလဲ စိုက်ပျိုးရေးလုပ်တဲ့သူက မရှိဘူးဆိုတော့ နဲနဲတော့ ခက်ခဲတာပေါ့နော်။ ဒီမှာက များသောအားဖြင့်လုပ်ကြသူတွေက လာအို နှင့် ကမ္ဘောဒီးယား ထိုင်း ရှိတယ်။ လောလောဆယ် ကယ်လီဖိုးနီးယားပြည်စိုက်ပျိုးနေတဲ့ မြန်မာကတော့ ကျွန်တော် တစ်ယောက်ထဲပဲပေါ့လောလောဆယ်တော့။
◦
Interviewer - တကယ်တော့ စိုက်ပျိုးရေးကို ဝါသနာပါပင်မဲ့လဲ မြန်မာနိုင်ငံမှာ နေခဲ့စဥ်က မိမိနေအိမ်မှာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့ဖူးတာနဲ့ မြို့ပြင်က စိုက်ခင်းတွေကို လေ့လာဖူးတာလောက်ပဲ အတွေ့အကြုံ ရှိပါတယ်။ ဒါပေမဲ့ ဝါသနာပါတဲ့ စိုက်ပျိုးရေးကို အမေကန်ပြည်ထောင်စုမှာ အကောင်အထည်ဖော်ဖို့စတင်လိုက်တဲ့ ပထမနှစ့်မှာ ဆိုရင် ၁ ကနေစတင်ရတဲ့အတွက် အကုန်အကျတွေကအရမ်းများပါတယ်။ အဲ့ဒီလိုစလုပ်တဲ့နှစ်မှာ အကုန်အကျတွေများတာကြောင့် အရင်းလောက်ပဲပြန်ရပါတယ်။ နောက်နှစ်မှာတော့ အကျိုးအမြတ်တွေ ကိုခံစားနေရပါပြီး။
.
Zaw Farm - ဝါသနာပါတာကတော့ ငယ်ငယ်ထဲက ဝါသနာပါတာ။ ကျွန်တော်မြန်မာပြည်မှာနေတုန်းက မြောက်ဥက္ကလာပမြို့နယ်နေပါတယ်။ ကျွန်တော်တို့ မြောက်ဥက္ကလာပမြို့နယ် အဘက်နားက မြို့စွန်မှာ စိုက်ပျိုးရပ်ကွက်ကြီး တစ်ခုရှိတယ်။ အကြီးကြီးပဲ အဲ့ရပ်ကွက် စိုက်ပျိုးရေးကြီးပဲလုပ်တာ။ ကျွန်တော်အားရင်လိုက်လိုက်ကြည့်တာပေါ့နော် ဝါသနာပါတော့။ ကျွန်တော်ရဲ့ အိမ်မက်ကတော့ ရောက်တဲ့နေရာမှာ စိုက်ပျိုးရေးလုပ်မယ်။ ကျွန်တော် အခု နောက်ပိုင်းအချိန်တွေကို စိုက်ပျိုးရေးလုပ်ပြီး ကုန်ဆုံးချင်တယ်။ ကျွန်တော်ဆုံးဖြတ်ထားတာပေါ့နော်။ အခက်ခဲကတော့များကြီးပဲ စိုက်ခင်းအကျယ်ကြီးမှာ နဖူးတွေ့ ဒူးတွေ့ စလုပ်တဲ့အခါကြတော့ အခက်ခဲကများရှိတာပေါ့နော်။ မြေငှားတဲ့လူလိုက်ရှာရတာ လောလောဆယ် ၃ ဧက စိုက်ပျိုး နေတယ် စိုက်ပျိုးစရိတ်ကတော့ ၁ ဧကကို ဒေါ်လာ ၁ သောင်းကတော့ ပုံမှန်ပဲ တော်တော်သုံးရတယ် ပစ္စည်းတွေက အဲ့လိုကြောင့်မလို့ ကုန်ကျစရိတ်က များသွားတာ။ မနှစ်ကတော့ အရင်းလောက်ပဲရတယ်။ ဒီနှစ်ကတော့ အမြတ်အစွန်းလေး အနည်းငယ် ထွက်လာတယ်ပေါ့နော်။
◦
Interviewer - ဟင်းသီးဟင်းရွက် စိုက်ခင်းတွေက ထွက်ရှိတဲ့ အသီးအနှံ အရွက်တွေကို ကုန်စုံဆိုင်တွေမှာပေါက်စျေးနဲ့ ပေါက်စျေးနဲ့သွင်းရသလို Famer Market လို့ခေါ်တဲ့ စိုက်ပျိုးရေးသမားတွေ အရပ်ကွက် အလှည့်ကျ နေ့စဥ်ရောင်းချတဲ့ စျေးတွေမှာလဲ သွားရောင်းလို့ ရတဲ့အတွက် စျေးကွက်ကတော့ ခိုင်မာမှုရှိနေပါတယ်။
Zaw Farm - ကျွန်တော်က တစ်ခုအားသာတဲ့ အချက်ကတော့ မြန်မာ ပရိတ်သက် များရှိတဲ့အတွက် အဲ့မှာပိုပြီးရောင်းရတာပေါ့နော် ပိုအားသာတာတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ကယ်လီဖိုးနီးယား တစ်ကြောမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေကိုလဲ အသီးအရွက်များကိုလောက်အောင်မပေးနိုင်သေးဘူး။ အဲလို့လောက်အောင်ပေးနိုင်ဖို့အတွက်ကို အဓိကထားပြီးတော့ စိုက်ပျိုးနေပါတယ်။ မြန်မာများအတွက် အဓိကတော့ ချဥ်ပေါင်ရယ်၊ ဂွေးတောက်ရွက်၊ ရှောက်ရွက် နှင့် ကင်မွန်းချဥ် တို့ပေါ့နော်။ လာမဲ့နှစ်တွေမှာ ချဲ့ပြီးစိုက်ဖြစ်မှာပါ။ ခြံကတော့ငှားပြီး စိုက်ပျိုးအရမ်းကြီးချဲ့ပြီးမစိုက်နိုင်ဘူးပေါ့နော်။ ကိုယ်ပိုင်ခြံနဲ့ဆိုရင် ပိုတိုးပြီး စိုက်ပျိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်မြန်မာ အစားများတဲ့ ဟင်းသီးဟင်းရွက်များ အဓိက စိုက်ပျိုးဖြစ်မှာပါ။
◦
Interviewer - သူ့စိုက်ခင်းအတွက် အသီးအနှံတွေကို ကယ်လီဖိုးနီးယားအပါအဝင် နိုင်ငံအနှံ့မှာရှိကြတဲ့ မြန်မာစားသုံးသူတွေက internet online မှာယူကြတဲ့အတွက် စာတိုက်ကနေ delivery အဆက်မပြတ် ပို့ပေးနေရပါတယ်။ ဒါအပြင်စိုက်ခင်းကို ကိုယ်တိုင်ကိုယ်ကြ လာရောက်ဝယ်ယူကြတဲ့ မြန်မာတွေကလဲ နေ့စဥ်အချိန် အပြည့်ရှိနေပါတယ်။ တချို့ဆိုရင် ပျော်ပွဲစားထွက်သလို ထမင်းဟင်းတွေယူ လာကြပြီး သူ့ခြံထဲမှာ လာရောက်စားသောက်ကြပြီး အပြန်မှာ ဟင်းသီးဟင်းရွက် များကို ဝယ်ယူသွားကြပါတယ်။ စားသုံးတွေသူများသည် သူတို့၏ သဘောထားများကို ပြောပြကြပါတယ်။
◦
customer - Zaw Farm ကိုလာလည်ရလို့ပျော်ပါတယ်။ ခြံကလဲအရမ်းကျယ်တော့။ facebook မှားအမြဲတွေ့နေတော့ search လုပ်ပြီး zaw Farm ကိုလိုက်လာတာပါ။
◦
Interviewer - Zaw farm အနေနဲ့ စိုက်ပျိုးလုပ်ရင်း တစ်ဖက်တစ်လမ်းက စိုက်ပျိုးရေး သမားများ၏ စည်းမျဥ်း စည်းကမ်းများ နည်းဥပဒေ လေ့လာရပါတယ်။ ဥပမာ - farmer market ခေါ် ရပ်ကွက် အလည့်ကျ စိုက်ပျိုးရေးသမားတွေ ကိုယ်တိုင်ရောင်းချတဲ့ စျေးမှာ ခွင့်ပြုချက်ရှိတဲ့ အသီးအနှံ တွေက ဘာတွေဖြစ်တယ်။ နောက်တစ်ခါ နယ်ကျော် ရောင်းချခွင့်မရှိတဲ့ သီးနှံတွေက ဘာတွေလဲဆိုတာကို သတိထားရပါတယ်။
Zaw Farm - စျေးကွက်ကတော့ တသတ်မှတ်ထဲပဲ ဝယ်ဒိုင်းအားလုံးက ညှိထားပါတယ်။ ဒီနေ့ ဒီစျေးပေါက်ရင် ဒီစျေးပဲ ။
◦
Interviewer - ဟင်းသီးဟင်းရွက် စိုက်ပျိုးများ အနေနဲ့ သဘာဝပိုးသတ်ဆေး နှင့် သဘာဝ မြေသြဇာများကိုသာ အများဆုံးသုံးကြပြီး။ ဓာတုပိုးသတ်ဆေး နှင့် ဓာတုမြေသြဇာ များကို FDA ခေါ် အစားစာ နဲ့ ပိုးသတ်ဆေးဌာန ခွင့်ပြုထားတာတွေကိုပဲ သုံးစွဲခွင့်ရှိပါတယ်။ ဓာတုပိုးသတ်ဆေး နှင့် ဓာတုမြေသြဇာများကို အသုံးပြုရာတွင် သတ်မှတ်ထားသော အတိုင်းအတာ ပမာဏကိုသုံးနိုင်ပြီး သတ်မှတ်ထားသော ပမာဏကျော်သုံးစွဲလျင် အပင်သေသွားအောင် စီမံထားတဲ့အတွက် အလိုအလျှောက် ထိန်းချုပ်ပြီးသားဖြစ်သွားပါတယ်။ အမေကန်ပြည်ထောင်စုမှာ ဟင်းသီးဟင်းရွက် အတော်များများရှိကြပင်မဲ့ မိမိနေအိမ်ခြံထဲ တပိုင်တနိုင်လောက်ပဲစိုက်ပျိုးကြတယ်။ Zaw Farm ကို ဧကနဲ့ ချီပြီး စိုက်ပျိုးနဲပါပါတယ်။
◦
ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးလို့ ကျေးဇူးပါနော်။