ကမ္ဘာတစ်ဝှမ်းတွင် နေ့စဉ် အိမ်သာသုံးစက္ကူ အလိပ်ပေါင်း ၈၃ သန်းခန့် အသုံးပြုလျက်ရှိသည်။ အိမ်မှာမရှိမဖြစ် အသုံးအဆောင်တွေထဲက တစ်ခုဖြစ်သော toilet papper များ ထုတ်လုပ်ပုံကို လေ့လာကြရအောင်။ #LGTmyanmar , #BBKmyanmar
.
အိမ်သာသုံးစက္ကူလိပ် သမိုင်းကြောင်း
စက္ကူကို ၁၈၅၇ ခုနှစ်တွင် ဆေးဘက်ကုထုံးဆိုင်ရာ စက္ကူအမည်ဖြင့် ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သော အမေရိကန်စွန့်ဦးတီထွင်သူ Joseph Gaty ဖြစ်ပါသည်။ အစောပိုင်းနှစ်တွေမှာတော့ တစ်ခါသုံး ကြိုတင်ဖြတ်ထားသော စက္ကူ အရွက်များရောင်းချခဲ့ပေမယ့် 1890 ခုနှစ်မှာတော့ အဓိကကျသော တီထွင်ဆန်းသစ်မှုပြုလုပ်ခဲ့သည် စက္ကူလိပ် ဒီဇိုင်းသည် အတော််လေး အသုံးဝင်ခဲ့သည်။
.
အိမ်သာသုံးစက္ကူကို ပြန်လည်အသုံးပြုခြင်း။
လူတစ်ဦးသည် တစ်နှစ်လျှင် အိမ်သာသုံးစက္ကူအလိပ်ပေါင်း 100 ခန့်အသုံးပြုကြပြီး ကမ္ဘာတစ်ဝှမ်းတွင်လုံးသည် တစ်နှစ်လျှင် 21 ဘီလီယံခန့်အသုံးပြုလျှက်ရှိသည်။ အိမ်သာသုံးစက္ကူ များအတွက် သစ်ပင်ခုတ်ထစ်ခြင်းများကို လျှော့ချနိုင်ရန် Recycling နည်းပညာကို အသုံးပြုကြသည်။ နှစ်ပေါင်း 150 ကျော်အတွင်း စက္ကူကြမ်းမှ အဖြူရောင်စက္ကူ အဖြစ်သို့ပြောင်းလဲသည့်ပိုင်း ရှုပ်ထွေးသောလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
.
အံ့သြစရာကောင်းသော နောက်ထပ်နည်းပညာမှာ စက္ကူ စက်ရုံမှ အရည်အသွေးမြင့်သော အိမ်သာသုံးစက္ကူများကို Recycling နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းပင်ဖြစ်သည်။ အသုံးပြုပြီးသော တန်နှင့်ချီသော စက္ကူများကို ကျောင်းများရုံးများနှင့် တက္ကသိုလ်များမှ စာရွက်ပေါင်းများစွာ ရောက်ရှိလာခြင်းဖြစ်သည်။
.
Recycling စက္ကူများသည် စက်ရုံသို့သည်နှင့် တိကျသေချာသော သန့်ရှင်းမှုစံနှုန်းများနှင့်ကိုက်ညီသော ရုံးသုံးစက္ကူ မဂ္ဂဇင်းများနှင့် သတင်းစာများကြားတွင် စေ့စေ့စပ်စပ်ရွေးချယ်ရေးလုပ်ငန်းစဉ်အတွက် Recycling လုပ်ရန်အရည်အသွေးကောင်းသော စက္ကူများကိုသာ ရွေးချယ်ပါသည်။
.
အရည်အသွေးမြင့် စက္ကူများသည် ခိုင်ခံ့သော အမျှင်များပါရှိပြီး Soft toilet paper အဖြစ် လုပ်ဆောင်ရန် လွယ်ကူပါသည်။ စာရွက်များကို အထုပ်လိုက် စုပေါင်းပြီး သိမ်းဆည်းပါသည်။ အထုပ်လိုက် သိုလှောင်မှုသည် စက်ရုံအတွင်း နေရာအနည်းငယ်သာယူပြီး Recycling လုပ်ရာတွင်လဲ လွယ်ကူစေသည်။ စာရွက် Recycling လုပ်ငန်းစဥ်ကို နေစဥ် တန် 200 ခန့် ထုတ်လုပ်လျှက်ရှိသည်။
.
Puller
ပြန်လည်အသုံးပြုမည့် စာရွက်များကို ဆွဲစက်ထဲသို့ထည့်ပါ။ ဆွဲစက်သည် ဧရာမ Blender နှင့်တူသည်။ထို့နောက် ရေ နှင့် စက္ကူ ရောစပ်ပြီး အရှိန်ပြင်းပြင်းဖြင့် ကြိတ်ခါ ပထမဆုံးအဆင့်ဖြစ် အမျှင်များကို ပြုလုပ်သည်။
.
fiber များကို ထုတ်လုပ်နိုင်ရန် စက္ကူများကို လုံလောက်သော ရေပမာဏများကို ထည့်ပေးပြီး စက္ကူပျော့ဖတ် ဖြစ်သွားစေပါသည်။ စက္ကူကို ရေထဲတွင် ရောနှောနေသော ပျော့ဖတ်တွေကို လည်နေတဲ့ ဓားစက်တွေထဲထည့်ပြီး ရေနဲ့ရောလိုက်ပြီး ကြိတ်လိုက်တဲ့အခါ စက္ကူပြုလုပ်ရန် အသေးဆုံးသော cellulose အမျှင် များရှိသွားသည်။
.
ပျော့ဖတ်ကြိတ်ခြင်း လုပ်ငန်းစဥ်သည် 10 မိနစ်ခန့်ကြာတဲ့အခါ cellulose fiber မှတဆင့် အမျှင်များပါဝင်သော အရည်ကို ရရှိသည်။ ထို့နောက် စက္ကူပျော့ဖတ် အညစ်အကြေး (သို့မဟုတ်) မလိုအပ်သောတခြား ပစ္စည်းများကို ဖယ်ရှားပြီးသွားတဲ့အခါ စာရွက်အသစ်ပြုလုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ရှည်လျားပြီး အရည်အသွေးကောင်းသော အမျှင်များရရှိပါသည်။
.
ပထမအဆင့် သန့်စင်ခြင်းအဆင့်တွင် ကြီးမားသော အမှုန်အမွှားများကို စစ်ထုတ်ရန်အတွက် မပျော်ဝင်စေဘဲ cellulose fibers များ အညစ်အကြေးများကို ထပ်မံစစ်ထုတ်သည်။ ပျော့ဖတ်များသည် မပျော်ဝင်ပဲ ကျန်ရှိနေသော အညစ်အကြေးများနှင့် cellulose fibers ထက်ကြီးနေသောStaples ပလပ်စတစ်ကဲ့သို့သော အမှိုက်များကို ဖယ်ရှားရန် a series of screen to filter ကိုဖြတ်သန်းရသည် ။
မှင်များကိုဖယ်ရှားခြင်းနည်းပညာ
အဓိကညစ်ညမ်းမှုမှာ ဘောပင်မှင်များကြောင့် ပျော့ဖတ်များ မဲနေခြင်းဖြစ်သည်။ မှင်များကို flotation နည်းလမ်းဖြင့် ဖယ်ရှားသည်။ ဒီလုပ်ငန်းစဥ်မှာ လေကို ပျော့ဖတ်ထဲသို့ ထည့်သွင်းပြီး ပူဖောင်းများ ဖန်တီးသည်။
.
မှင်များသည် လေပူဖောင်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် surfactant ဟုခေါ်သော အထူးဓာတုပစ္စည်းကို ပျော့ဖတ် ထဲသို့ ပေါင်းထည့်ပြီး မှင်များကို လေဖူးဖောင်းများနှင့် ပေါင်းသွားပြီး မျက်နှာပြင်ပေါ်သို့ ပူဖောင်းများ တက်လာစေတဲ့ နည်းလမ်းကို အသုံးပြုပါသည် မှင်မှအညစ်အကြေးများကို အမြှုပ်များဖြစ်သွားအောင်ပြုလုပ်ပြီး ဖယ်ထုတ်လိုက်ကြသည်။ ပိုလျှံနေသောရေများကို ကြိတ်စက်များဖြင့် တဝက်လောက် ခြောက်သွေ့အောင် ညှစ်ထုတ်ပါသည်။