BBK and Job Readiness Skill course



BBK သင်တန်းသင်ကြားရေးဆရာဆရာမများမှတစ်ဆင့် ဆယ်ကျော်သက် လူငယ်တွေအတွက် BBK
သင်တန်းကို ဟိုပင်နှင့်မြစ်ကြီးနားမှာ 2022 - 2023 ခုနှစ်တွင် သင်ကြားပို့ချခဲ့ပါတယ်။ လူငယ်အများစုဟာအလုပ်ကိုင်အခွင့်အလမ်း ရှာဖွေနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ လို့ဒီနှစ်အတွင်း မှာတော့ လူငယ်တွေအတွက် Job Skill လို့ခေါ်တဲ့ အလုပ်ခွင်သင်တန်းတွေကို ပို့ချပေးခဲ့ပါတယ်။ 

#LGTmyanmar #BBKmyanmar #OfficeSkill
.

ဒီသင်တန်းဆင်း တွေအနေနဲ့လည်း Internship လို့ခေါ်တဲ့ဒီလက်တွေ့သင်ကြားမှုကို သင်ယူနိုင်ဖို့အတွက်ကို လုပ်ငန်းခွင်တွေမှာ နေရာချထားပေးနိုင်ခဲ့ပါတယ်။ ဟိုပင် KBC နဲ့ Youth Language Center မြစ်ကြီးနားတို့ရဲ့ပံ့ပိုးမှုတွေနဲ့ EDNA Myanmar မှ Job Skill သင်တန်းများကို ဟိုပင် နဲ့ မြစ်ကြီးနားမှာရှိတဲ့လူငယ်လေးတွေအတွက် သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ CV Interview နဲ့ Office Skill သင်တန်းတတ်ရောက်တဲ့လူငယ်တွေဟာလုပ်ငန်းခွင်တွင်လက်တွေ့ကြုံ တွေ့ရမဲ့အခြေအနေပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ပုံသဏ္ဍန်နဲ့လေ့လာသင်ယူခွင့်ရရှိခဲ့ကြပါတယ်။ CV Interview နဲ့ Sales and marketing တတ်ရောက်ခဲ့တဲ့လူငယ်တွေဟာလည်းလုပ်ငန်းခွင်မှာအမှန် တကယ်ကြုံတွေ့ရမဲ့ အခြေနေတွေကို ကြိုတင်လေ့လာသင်ယူခွင့်ရရှိခဲ့ကြပါတယ်။ 

.

အတန်းတွင်သင်ကြားမှု ပြီးဆုံးသွားတဲ့အခါမှာတော့ လူငယ်တွေဟာ နှစ်ပတ်ကနေလေးပတ်အထိ လုပ်ငန်းခွင် တွေမှာဝင်ရောက်ပြီးတော့ လက်တွေ့သင်ကြားခွင့်ရရှိခဲ့ကြပါတယ်။ လူငယ်တွေလက်တွေ့သင်ကြားခွင့်ရရှိနိုင်ဖို့အတွက် လက်ခံပေးခဲ့တဲ့ အသေးစား စီးပွားရေးလုပ်ငန်းများ KBC ရုံးခွဲများ အသေးစားချေးငွေလုပ်ငန်းများကို လည်းများစွာကျေးဇူးတင်ရှိပါတယ်။ ကျန်တဲ့တစ်ဖက်မှာလည်း အခြေခံစီးပွားရေးသင်တန်းလို့ခေါ်တဲ့ Basic Business Knowledge Course ကိုလည်း ရန်ကုန် ဟိုပင်နဲ့ မြစ်ကြီးနားမှာလည်းအောင်မြင်စွာကျင်းပခဲ့ပါတယ်။ BBK သင်တန်းများ ဆက်လက်ကျင်းပနိုင်ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ Hansan အသင်းတော်အခြေပြု ကျောင်း Youth Language Center နဲ့ စံပြ KBC အသင်းတော်ကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။




Previous Post Next Post