Basic Business Knowledge Course


                 

ကျွန်မတို့မြန်မာပြည်မှာတစ်နိုင်တစ်ပိုင်နှင့် အသေးစားစီးပွါးရေးလုပ်ငန်းလုပ်တဲ့ သူတွေဟာ 95 ရာခိုင်နှုန်းမက ရှိပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေ ဒါမှမဟုတ်  လုပ်ငန်းရှင်ဖြစ်ချင်တဲ့လူတွေ ဒီလူတွေအတွက် အဆင်သင့်ဖြစ်အောင်  စီးပွါးရေးကို စနစ်တကျ နားလည်နိုင်အောင် ပြင်ဆင်ပေးတဲ့ နေရာတွေနည်းပါတယ်။ စီးပွါးရေး နည်းပညာကိုမသိဘူးဆိုရင် စီးပွါးရေး စလုပ်တဲ့နေရာမှာ အခက်ခဲတွေအများကြီး ရှိတယ်။ 

#LGTmyanmar  #BBKmyanmar #OfficeSkill

.

ဒီသင်ရိုးမှာက စနစ်တကျကို ဘာပြီးရင် ဘာလုပ်ရမယ်၊ ဘယ်လိုချိန်ဆရမလဲဆိုတဲ့ သီအိုရီ တွေ အစီအစဉ်တွေ ပါပြီးသားဖြစ်တဲ့အတွက် ဒီသင်ရိုးကြီးကို လုံးဝမကြေသေးတဲ့သူဆိုရင်တောင်မှ အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန် ဖော်ထုတ်နိုင်တယ်၊ အဲ့တွက်ကြောင့်မို့ ဒီသင်ရိုးက အဆင်ပြေပါတယ်။ ကျမတို့ Moving Forward Together Social Enterprise ရယ် Edna Myanmar ရယ်  Swiss Academy for Development လို့  ခေါ်တဲ့ SA4D နှင့် ပူးပေါင်းပြီးတော့ အခြေခံစီးပွါးရေးအသိပညာသင်ရိုးကို ကျွန်မတို့ တည်ဆောက်ခဲ့ပါတယ်။ 

.

ကျွန်မတို့အနေနဲ့   BBK ကို ပို့ချတဲ့ အခါမှာ ရိုးရိုးစာသင်သလိုမဟုတ်ဘဲနဲ့ Facilitative  Teaching ကို  အသုံးပြုပြီးတော့  အလုပ်ရုံဆွေးနွေးပွဲ ပုံသဏ္ဍန် နှင့် ကျွန်မတို့ ဦးဆောင်ဆွေးနွေးလျက်ရှိပါတယ်။ ဒီရဲ့သင်ရိုးက ကျွန်မတို့ဒေသနဲ့ ကိုက်ညီတယ်။ ကျွန်မတို့ဒေသမှာကုန်ကြမ်းတွေရှိတယ်။ အဲ့ကုန်ကြမ်းတွေကို ကုန်ချောဖြစ် အောင်ဖော်ထုတ်ဖို့ အဲ့လိုမျိုးသင်ရိုးမှာလည်းပါလာတယ်။ ကျွန်မတို့ရဲ့ အဓိက မျော်လင့်ချက်ကတော့ ဒေသမှာ တစ်ပိုင်တစ်နိုင်နှင့် အသေးစားစီးပွါးရေး လုပ်နေတဲ့သူတွေ လုပ်လိုတဲ့လူတွေအတွက် အသိပညာပါ ပေါင်းစပ်ပြီးတော့ မိမိတို့ရဲ့လုပ်ငန်းကို စနစ်တကျ ချဉ်းကပ်ဖို့ ကြီးထွားအောင် လုပ်ဆောင်နိုင်ဖို့ အထောက်အကူ ပေးဖို့ပဲဖြစ်ပါတယ်။ 
.
နောက်ပိုင်းမှာ သူတို့နှင့်တွေ့ဆုံမယ်၊ အဲ့ဒီထဲ ကနေမှတကယ်စိတ်ဝင်စားပြီး တကယ် အလုပ်လုပ်တော့မယ် ဆိုတဲ့သူတွေနဲ့ မကြာမကြာ တွေ့ဆုံပေးမယ် သူတို့ဘာလိုအပ်လဲ ဘာလိုချင်လဲ ဘာကူညီပေးရမလဲ အဲ့ဒီဟာတွေကို ကိုယ့်ဘက်ခြမ်းကနေ ကူညီနိုင်အောင် ကြိုးစားမယ် တကယ်လို့ ကိုယ် ကို၌ ကမကူညီနိုင်ဘူးဆိုရင်တောင်မှ ကူညီနိုင်တဲ့သူတွေနဲ့ ချိတ်ဆက်ပေးမယ်၊ သူတို့သိချင်တဲ့အရာတွေကို လိုက်ပြီး ပံ့ပိုးပေးမယ်။  
.

ကျွန်မအနေနဲ့ကတော့ စီးပွါးရေးလုပ်နေရင်တောင် စီးပွါးရေးအသိပညာကို တတ်ပြီးတော့ စီးပွါးရေးလုပ်တာနှင့် ကိုယ့်ဟာနဲ့ကို သမရိုးကျ စီးပွါးရေးလုပ်တာနှင့်ကွာခြားတယ်ပေါ့နော် အဲ့ဒီအတွက် ကြောင့်မလို့ စီးပွါးရေးမှာ ဘယ်လောက်ပဲအောင်မြင်တယ်ပဲပြောပြော ဘယ်လောက်ပဲ မြတ်နေတယ်လို့ပဲ ပြောပြော ကိုယ့်အတွက် တစ်နေ့တစ်ချိန်မှာ ကြုံတွေ့လာရမဲ့ ပြင်ပအခက်အခဲတွေနဲ့ ကာဗာဖြစ်အောင်ပေါ့နော် ဒီသင်တန်းကို စီးပွါးရေးလုပ်နေတဲ့ ဘယ်သူမဆိုတက်သင့်တယ် လို့ထင်ပါတယ်၊အကြံပေးချင်ပါတယ်။ 

.

Basic Business Knowledge သင်တန်းအား ရန်ကုန် ရှိ EDNA Myanmar နှင့် Moving Forward Together တို့ တွင်လည်းကောင်း ဘားအံမြို့ရှိ UPP center တွင် လည်းကောင်း ၂၀၂၄ ခုနှစ်အတွင်းအသီးသီး ကျင်းပခဲ့ကြသည်။ အဆိုပါ BBK သင်ရိုးသည် စီးပွားရေး စတင်လုပ်ဆောင်သူများအတွက် Moving Forward Together, Swiss Academy For Development နှင့် EDNA Myanmar တို့မှ ပူးပေါင်းပြုစုသော အခြေခံ စီးပွားရေး အသိပညာ သင်ရိုးဖြစ်ပါသည်။


Previous Post Next Post