ကိုယ်တိုင်ပြုလုပ်နိုင်မယ့် ဂျပန်နည်းပညာ သဘာ၀အပင်အားဆေးရည်





မင်္ဂလာပါရှင် 

ဒီအစီစဥ်မှာတော့ အပင်အတွက်အကောင်းဆုံး သဘာ၀အပင်အားဆေးရည်ကို  ကိုယ်တိုင်လုပ်နိုင်မဲ့ နည်းလမ်းလေးကို ဝေမျှပေးပါမယ်နော်။ အပင်ရဲ့ ကြီးထွားမှု နှင့် စိမ်းလန်းစေမှုများမှာ အစွမ်းအံ့မခန်းပါပဲ  

 #LGTmyanmar , #BBKmyanmar


သဘာ၀အပင်အားဆေးရည်အတွက် ဆန်ဆေးရေ၊ သုံးရေ၊ ငါးကန်ရေ၊ ရေသန့်  ရေ(၁) လီတာဗူး လေးမျိုး နှင့် စမ်းသပ်မှာဖြစ်ပါတယ်။ 




သဘာ၀အပင် အားဆေးရည်ပြုလုပ်ရာတွင် လိုသောပစ္စည်းများ 

ကြက်ဥ ၁ လုံး ၊ အချိုမှုန့်  လက်ဖက်ရည် (၁) ဇွန်း ၊ ငံပြာရည် ဟင်းခတ်ဇွန်း (၂) ဇွန်း တို့ကို သမအောင်မွှေပေးပါ။




မွှေထားပြီးသော ကြက်ဥအရည်များကို စမ်းသပ်ဖို့ ရေ (၁) လီတာ (၄) ဗူးထဲသို့ ၁ ဇွန်းဆီထည့်ပေးပါ။ နောက်အရည်များ သမသွားအောင် ရေဗူးများကို လှုပ်ခါပေးပါ။ ရေဗူးများကို နေရောင်ရသောနေ့များတွင် အလှဲလိုက်ထားပေးပါ။ ထို့နောက် တစ်ရက်ကို တစ်ကြိမ်လောက်တော့ ဗူးများကို လှုပ်ခါပေးဖို့လိုအပ်ပါသည်။ 

.

ရက်ပေါင်း ၅၀ ထားရှိပြီးနောက်မှ သုံးရေ နှင့် ငါးကန်ရေ များဖြင့် အသုံးပြုထားသော ရေဗူးများသည် သဘာ၀အပင်အားဆေးရည် အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲသွားပါသည်။  နေပူထဲ ကြာကြာဆက်လက်ထားပါက အရောင်များဆက်ရင့်လာမည်ဖြစ်သည်။ အရောင်များရင့်ပိုရင့်လေလေ သဘာ၀အပင်အားဆေးရည် အစွမ်းက ပိုကောင်းလေးပါပဲ။ 

.

ဒီသဘာ၀အပင်အားဆေးရည်ကို ပထမဆုံး တီထွင်စမ်းသပ်တာကတော့ ဂျပန်နိုင်ငံမှ ဖြစ်ပါတယ်။ ယခုအခါတွင် ထိုင်းနိုင်ငံ စိုက်ပျိုးခြံတော်တော်များမှာ သဘာ၀အပင်အားဆေးရည်ကို အသုံးများကြပါပြီ။ ၂ လ ၃ လ သဘာ၀အပင်အားဆေးရည်များသည် အရောင်များရင့်လာပြီးဆိုရင် အသုံးပြုလို့ရပါပြီ။ အနံ့လေးကတော့ နဲနဲပြင်းပါတယ်နော် (^_^) ။ ဒါပေမဲ့ ရေဖြန်းဗူးထဲသို့ သဘာ၀အပင်အားဆေးရည် ရောလိုက်မယ်ဆိုရင်တော့ အနံ့ဆိုးများ တော်တော် သက်သာသွားပါတယ်။ အပင် ကြီးကြီးသေးသေး အသုံးဝင်ပါတယ်။ အပင်မှာရှိတဲ့ အသီး၊ အရွက်၊ အပွင့်၊ အမြစ် များအတွက် အားလုံးကို ခွန်အားဖြစ်စေပါတယ်။ မြေကြီးအတွက်လဲ ကောင်းစေပါတယ်။ စျေးနှုန်းလဲ သက်သာ တကယ်လဲ အသုံးဝင်တာမလို့ မိတ်ဆွေ သူငယ်ချင်းများကို ဝေမျှပေးလိုက်ပါတယ်။ 







Previous Post Next Post