Hard skill နဲ့ Soft skill ဘာကွာခြားချက်ရှိလဲ ဘယ်လို ဖော်ပြကြမလဲ ?


ကုမ္ပဏီများသည် အလုပ်ခေါ်ရာတွင် အလုပ်သမားအများစုသည် လုံလောက်သော Hard skill အရည်အချင်းများရှိသော်လည်း Soft Skill အပိုင်းတွင်  အရည်အချင်းများ မပြည့်မှီသောကြောင့် ၎င်းတို့အား ငြင်းပယ်ရသည်။ အဆိုပါ စွမ်းရည်နှစ်ခုစလုံးသည် ချိတ်ဆက်နေသောကြောင့် ခေတ်ရေစီးကြောင်းအရ အလုပ်ရှင်များက အဓိကလိုချင်နေသော အရည်အချင်း နှစ်ခုပင်ဖြစ်သည်။  လုပ်ငန်းကျွမ်းကျင်သောပညာရှင် ၉၂ ဦးကို သုတေသနပြုချက်အရ Soft Skill သည် Hard Skill ကဲ့သို့ပင် မရှိမဖြစ်လိုအပ်ပါသည်။ ဗီဒီယိုနှင့် တကွအလုပ်ငန်းခွင်များတွင် Hard Skill နှင့် Soft Skill များ အရေးကြီးပုံကို အကျယ်တဝင့် ရှင်းပြထားပါသည်။ 

#LGTmyanmar , #BBKmyanmar

.

Hard Skill ဆိုတာဘာလဲ ? 

Hard skill တွေဟာ ပညာရပ်ဆိုင်ရာ လုပ်ငန်းခွင်ကျွမ်းကျင်မှု ဖြစ်ပါတယ်။

Hard Skill တွေကို

  • College Education
  • Online Course 
  • Job Training 
  • Technial Course ကနေ ရရှိနိုင်ပါတယ်။

.

ဤ အရည်အချင်းများသည် လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော Hard Skill များဖြစ်သည်။ ဥပမာ မင်းက Business Manager ဖြစ်ခဲ့လျှင်  မရှိမဖြစ်လိုအပ်သော အရည်းအချင်းများမှာ - 

  • Managerial Skill
  • International Legislation
  • Business Growth Strategies


.

Soft Skill ဆိုတာဘာလဲ ?

Soft Skill ဆိုသည်မှာ presonality အမျိုးအစားများနှင့် ဆက်စပ်နေသည်။  လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေပဲ ဖြစ်ပါတယ်။ presonality အမျိုးအစားများမှာ 

  • Attitude
  • Communication
  • Critical Thinking 
  • Time Management 
  • Creative Abilities တို့ဖြစ်ကြပါသည်။ 

သင်သည် Soft Skill ကောင်းပါက လုပ်ငန်းခွင်တွင် လူအများထက် သင်သည် သိသာထင်ရှားပါတယ်။ Company တော်တော်များသည် အလုပ်သမားများအတွက် Work Ethics and Personality Development ကိုငွေကြေး အမြောက်အများသုံးစွဲပြီး သင်ကြားပေးနေရသည်။ သုသေသန စစ်တမ်းများအရ အလုပ်ရှင် 57 % သည် Hard Skill ထက် Soft Skill ကောင်းသူများကို အလုပ်ပို၍ခန့်ကြသည်ကို မီးမောင်းထိုးပြနေသည်။

.

နောက်ထပ်ရှိရမယ် Soft Skill တွေကတော့

  1. Communication
  2. Empathy
  3. Adaptability
  4. Critical Thinking 
  5. Teamwork, and Responsibility တို့ဖြစ်ကြပါသည်။ 

ဒီအရည်အချင်းတွေကို သင်ကိုယ်တိုင် သင်ယူပြီး လေ့ကျင့်နိုင်ပါသည်။ ဤအဖိုးတန်သောအရည်အချင်းများကို ရှေ့သို့တက်လှမ်းနိုင်ရန်ဖြစ်ပြီး သင်မည်ကဲ့သို့လုပ်ဆောင်နိုင်သည်ကို အဖြေရှာနိုင်ပါသည်။

.

Hard skill ပေါ်လွင်အောင်ဘယ်လိုရေးရမလဲ ? 

Hard skill ကိုပေါ်လွင်စေဖို့ CV form က အကောင်းဆုံး တစ်ခုပါ။ ကိုယ်မှာ ရှိနေတဲ့ skill တွေနဲ့ အလုပ်က လိုချင်တဲ့ skill တွေကို နှိုင်းယှဉ်ပြီး လိုအပ်တာတွေ ထပ်ထည့်ပါ။ နမူနာအနေနဲ့ software developer လျောက်ချင်တယ်ဆိုရင် java python စတဲ့ programming language တွေ ကျွမ်းကျင်တယ်ဆိုတာ ထည့်ရေးပါ။ ဒီ language တွေနဲ့ ပတ်သက်တဲ့ certification တွေက အလုပ်ရဖို့ အထောက်အကူဖြစ်စေပြီး internship ဆင်းထားတဲ့   certificate လက်မှတ်တွေနဲ့ လုပ်ဖူးတဲ့ project တွေအကြောင်း ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်ခဲ့လဲဆိုတဲ့အကြောင်း ပြောပြနိုင်တာကို အင်တာဗျူးမေးသူတွေက နှစ်သက်ကြပါတယ်။ 

.

Soft skill ပေါ်လွင်အောင် ဘယ်လိုလုပ်ရမလဲ?

soft skill ကိုပေါ်လွင်စေဖို့အတွက် အင်တာဗျူးခန်းထဲဝင်တာနဲ့ မေးတဲ့သူတွေကို ရင်းနှီးစွာနှုတ်ဆက်ပါ။ ကိုယ်ရဲ့ ကိုယ်အမူအရာကို သတိထားပြုမူပြီးတော့ အွန်လိုင်းကနေ အင်တာဗျူးတာဆိုရင် camera ကို သေချာကြည့်ပြီး ဖြေဆိုပါ။  ကိုယ်က customer support အတွက် လျောက်တာဆိုရင် communication skill ရှိတယ်ဆိုတာ ကို ဖော်ပြပေးပါ။




Previous Post Next Post