သင့်ရဲ့ အရည်အသွေး တိုးတက်ပြောင်းလဲစေမယ့် အချက် ( ၂၀ ) အပိုင်း - ၁



လူတိုင်းက ကိုယ်ရွေးချယ်ထားတဲ့ အလုပ်မှာ ပြီးပြည့်စုံတဲ့သူဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် လူတိုင်းက ဘဝရဲ့ အရာတိုင်းမှာ ကျွမ်းကျင်ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်ခြင်းက တစ်ရက် တစ်ပတ်နဲ့ ကျွမ်းကျင်လာတာမျိုးမဟုတ်ပါဘူး။ ဒါက အဆက်မပြတ် လေ့ကျင့်သွားရမယ့် အရာတစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ တိုးတက်လာစေဖို့ ကိုယ်တိုင် တိုးတက်ပြောင်းလဲစေမယ့် အချက် ၂၀ ကို ဖော်ပြပေးထားပါတယ်။#LGTmyanmar , #BBKmyanmar

.

၁. ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့သူဖြစ်ဖို့ လေ့ကျင့်ပါ။

တိုးတက်ပြောင်းလဲဖို့အတွက် ရွေးချယ်မှုတွေ အများကြီးလိုပါတယ်။ ကိုယ်မှာ သေချာတဲ့ အချက်အလက်တွေမရှိပေမယ့် တချို့သော ရွေးချယ်မှုတွေကို ဆုံးဖြတ်ချက်ချဖို့ နှောင့်နှေးနေလို့ မရပါဘူး။

.

၂. မပြောခင်မှာ စဉ်းစားပါ။

တစ်စုံတရာကို စိတ်တိုင်းမကျတဲ့အခါ ဒေါသနဲ့ ပြောဆိုမယ့်အစား ခဏဆိုင်းထားပြီး ၁၀ ထိရေတွက်ခြင်း သို့ ငြိမ်သက်စွာ စဉ်းစားပြီးမှ ပြောသင့်မပြောသင့် တွေးပါ။

.

၃. မျက်နှာအမူအရာကို သတိထားပါ

ကိုယ့်ရဲ့ မျက်နှာ အမူအရာက အလွယ်ကူဆုံးမှတ်မိနေတဲ့ အရာဖြစ်တာကြောင့် စိတ်ဆိုးနေတာ စိတ်ဖိစီးမှုများနေတာမျိုးကို မသိသာစေဖို့ သတိထားပါ။

.

၄. ဖော်ရွေတဲ့ အပြုအမှုနဲ့ ပြောဆိုနေထိုင်ပါ

လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကျင့်ဝတ်ထုံးထမ်းစဉ်လာများနဲ့ အညီ ပြောဆိုနေထိုင်ပါ။

.

၅. ကိုယ်အမူအရာ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို တခြားသူတွေ ယုံကြည်ရလောက်တဲ့ အနေအထိုင် အပြုအမှုတွေ ရှိနေရပါမယ်။

.

၆. အမှားတွေကနေ သင်ယူပါ

ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေ ဖြစ်လာတဲ့အခါ လက်ခံပေးပြီး အကောင်းဆုံးဖြေရှင်းပါ။
.

၇. အခြားသူများကို ကူညီပါ

တခြားသူတွေ အခက်အခဲဖြစ်နေတဲ့အခါ တက်နိုင်သလောက် အပြုံးလေးနဲ့ ကူညီပေးပါ။

.

၈. ဆံပင်ပုံစံကို ဂရုစိုက်ပါ

ကိုယ်ဝတ်တဲ့ အဝတ်အစား မျက်နှာအမူအရာ နဲ့ ဆံပင်ပုံစံက လိုက်ဖက်မှုရှိနေမယ်ဆိုရင် ပညာတက်တစ်ယောက်ရဲ့ ပုံစံကို ပေါ်လွင်စေပါတယ်။

.

၉. မနက်ဖြန်တိုင်းမှာ ပိုတော်တဲ့သူ ဖြစ်နေပါစေ

မနေ့ကထက် ဒီနေ့ ပိုသိပိုတော်တဲ့သူ ဖြစ်နေဖို့ ပညာရပ်တွေကို အမြဲလေ့လာသင်ယူနေဖို့ လိုပါတယ်။

.

၁၀. ရည်မှန်းချက်တွေ ချမှတ်ပါ

အဓိပ္ပာယ်ပြည့်ဝပြီး ထိုက်တန်တဲ့ ရည်မှန်းချက်တွေချမှတ်ထားတာက ကိုယ်တိုင် တိုးတက်လာစေဖို့ အများကြီးအထောက်အကူပေးနိုင်ပါတယ်။

Previous Post Next Post