သိပ္ပံနည်းကျ အဆင့်မြင့် သစ်ခွပန်း စိုက်ပျိုးထုတ်လုပ်နေပုံ

 

သစ်ခွစိုက်ပျိုးရေးကုမ္ပဏီ ဖြစ်တဲ့ Shulong မှာ စတုရန်းမီတာပေါင်း 78000 နဲ့ စိုက်ပျိုးရောင်းချနေပါတယ်။ လုံလောက်တဲ့ နေရာင်ခြည် ရရှိတဲ့ ထိုင်ဝမ်တောင်ဘက်ခြမ်းမှာ ရှိပါတယ်။ ဒီနေရာလေးက သစ်ခွအရည်သွေးကောင်းတွေ စိုက်ပျိုးပွင့်ဖူးဖို့ အကောင်းဆုံး နေရာတစ်ခုပါ။  #LGTmyanmar , #BBKmyanmar

သစ်ခွပန်းတွေကို ဝယ်ယူသူတွေကို မပို့ခင် ရက် ၆၀ အတွင်း အပူချိန်ပေါ်မူတည်ပြီး အရည်အသွေး ပြောင်းလဲမှု ဘယ်လိုတွေရှိလဲဆိုတာကို မော်နီတာနဲ့ချိတ်ဆက် အဆင့်မြင့်နည်းပညာနဲ့ သေချာ စစ်ဆေးပြီးမှ ပို့ပါတယ်။ 

ထိုင်ဝမ်အစိုးရကနေ best selling exporter ဆု ကို 8 နှစ်ဆက်တိုက် ရခဲပြီးတော့ နှစ် ၂၀ကျော်အတွေ့အကြုံရှိခဲ့ပါတယ်။ အရည်အသွေးအမြင့်မားဆုံးဖြစ်အောင် ဘယ်လိုပျိုးထောင်ရမလဲ ဆိုတဲ့ အဆင့်မြင့်နည်းလမ်းတွေနဲ့ အရောင်နဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ ကို သိရှိထားတဲ့နောက် နောက်မျိုးဆက်တွေအထိ အရည်အသွေးထိန်းထားနိုင်ဦးမှာပါ။

green house တစ်ခုစီတိုင်းမှာ ဂျန်နရေတာ တစ်လုံးစီ ထားရှိပြီး မီးမလာတာကြောင့် အပင်တွေပျက်စီးမသွားစေဖို့ ထားရှိပါတယ်။ ညဘက်တွေမှာ အပူချိန် အပြောင်းအလဲ မဖြစ်စေဖို့ Heat pump စနစ်ကို အသုံးပြုပါတယ်။ 

သစ်ခွပန်းကို မြတ်နိုးတဲ့ သူတွေဆီကို ပို့ဆောင်ပေးနေဦးမှာ ဖြစ်ပြီးတော့ လှပတဲ့သစ်ခွတွေကို ကမ္ဘာအနှံ့ မှာ ပွင့်ဖူးခွင့် ပြုလိုက်ကြမယ်။



Previous Post Next Post