အကြီးစား ငှက်ပျောစိုက်ခင်း စိုက်ပျိုး ထုတ်လုပ်ပုံ အဆင့်ဆင့်




ငှက်ပျောပင် စိုက်ပျိုးခြင်း

  • လယ်သမားများသည် ပျိုးပင်များကို ထွန်ယက်ပြီးသော မြေဆီလွှာပေါ်တွင် စက်များဖြင့် တညီတညာတည်း စိုက်ပျိုးသည်။  #LGTmyanmar , #BBKmyanmar
  • မြေဆီလွှာကို အဆက်မပြတ် စိုစွတ်မှုရှိနေစေဖို့ ရေဖြန်းစနစ်ကို အသုံးပြုပါတယ်။
  • ငှက်ပျောပင်သည် ရေလုံလောက်စွာ ရရှိနိုင်ဖို့ အထူးလိုအပ်သည်။ 
  • စိုက်ပျိုးသည့် အချိန်မှစ၍ ရိတ်သိမ်းချိန်သည်အထိ စိုက်ပျိုးတဲ့ မျိုးပေါ်မူတည်ပြီး  ၉ လမှ လ ၂၀ အထိ ကြာမြင့်သည်။ အချို့သော ငှက်ပျောပင် မျိုးစိတ်ကွဲများသည် ရင်မှည့်မြန်ဆန်သည်။ 
  • ငှက်ပျောဖူးများကို လျင်မြန်စွာ ကြီးထွားစေရန် ငှက်ပျော အဖူး၊အပွင့်၊အဖျားများကို ဖြတ်တောက်ပေးရသည်။ ငှက်ပျောခိုင်များ ကြီးထွားလာသောအခါ  လယ်သမားများသည် ခူးဖို့အချိန်တန်တဲ့ ငှက်ပျောသီးတွေကို ရိတ်သိမ်းကြပါသည်။

.

ပိုးမွှားများကို ကာကွယ်ခြင်း

  • ငှက်ပျောပင်တွင် ခေါင်းပိုး၊ လှေးပိုး တို့ အများဆုံးဖြစ်တတ်ပြီး ငှက်ပျောပင်အတွက် အန္တရာယ်အပေးဆုံးရောဂါများမှာ ခေါင်းကွဲရောဂါ ၊အသီးပုပ် နှင့် ထိပ်ပုပ်ရောဂါတို့ဖြစ်သည်။
  • ငှက်ပျောရွက်များ၏ အဓိကရောဂါပိုးမွှား အန္တရာယ်လက္ခဏာမှာ ငှက်ပျောရွက်များတွင် အဝါရောင် နှင့် အမဲရောင် ဖြစ်နေတက်ပါတယ်။
  •  ရောဂါပိုးကျရောက်နေသော ငှက်‌ပျောရွက်များကို ပိုးသတ်ဆေးများဖြန်ပေးရမည်။
  •  အရည်သွေးကောင်း ပိုးသတ်ဆေးများအသုံးပြုခြင်းသည် ငှက်ပျောပင်များတွင် မကြာခဏ ကျရောက်လေ့ရှိသော ရောဂါပိုးမွှားများကို ထိန်းချုပ်ရာတွင် လွန်စွာထိရောက်မှုရှိသည်။


ရိတ်သိမ်းခြင်း

  • ငှက်ပျောပင်များကို ရိတ်သိမ်းရာတွင် ကျွမ်းကျင်မှု ရှိဖို့လိုအပ်ပါသည်။ 
  • ငှက်ပျောသီးအရွယ်အစားများကို အမြဲတိုင်းတာပြီး ငှက်ပျောသီးရင့်မှည့်မှုအချိန်ကို အတည်ပြုနိုင်ပါသည်။
  • ကြီးထွားမှုနှုန်း အမြင့်ဆုံးရောက်လာတဲ့ ငှက်ပျောပင်မှာ မျိုးပွားနိုင်တဲ့ သားတက်ပေါက်လာပြီးတော့ အဲ့ဒီ သားတက်ကို ပြန်လည်စိုက်ပျိုးမယ်ဆိုရင် အမြစ်ထွက်ပြီးသား ပင်ပျိုဖြစ်လို့ အပင်သစ်အဖြစ် စိုက်ပျိုးတဲ့အခါ ကြီးထွားမှုနှုန်း အမြန်ဆုံး ဖြစ်စေပါတယ်။

.

ပို့ဆောင်ခြင်း နှင့် ထုပ်ပိုးမှုပုံစံ

  • ရိတ်သိမ်းထားသော ငှက်ပျောသီးများကို စက်များဖြင့်ချိတ်ပြီး စက်ရုံသို့ ချက်ချင်း သယ်ယူပို့ဆောင်ပါသည်။ 
  • ကပ်နေတဲ့ ပိုးမွှားများနှင့် အညစ်အကြေးများကို ဖယ်ရှားဖို့ ငှက်‌ပျောသီးများကို ရေများဖြင့် ဆေးကြောသန့်စင်ပါသည်။
  • ငှက်‌ပျောသီးများကို စက်ရုံပို့ဆောင်ရာတွင် ထိခိုက်မှုနည်းစေဖို့ အိတ်တွေနဲ့ စွပ်ပြီး တစ်ဖီးစီတိုင်းမှာ ကော်တွန်စက္ကူများ ထည့်ပြီး ပို့ပေးရပါသည်။
  • စက်ရုံသို့ရောက်ရှိလာသော ငှက်ပျောသီးများကို အရွယ်အစားများ တိုင်းတာခြင်း၊ ရေဆေး‌ကြောခြင်းများကို စတင်လုပ်ဆောင်သည်။ 
  • ထို့နောက် ငှက်ပျောသီးများကို အရည်အသွေးစစ်ဆေးသည့်အဆင့်ကို လုပ်ဆောင်သည်။ 
  • နောက်တစ်ဆင့်တွင် ငှက်ပျောခိုင်များကို စနစ်တကျ ဖြတ်ခုတ်ပြီး ရေကန်ထဲသို့ ထည့်ထားပါ။
  • ငှက်ပျောဖီးများကို ၂ပိုင်း ၃ပိုင်း ပိုင်းပြီးတာနဲ့ အလေးချိန်  စစ်ဆေး အတည်ပြုပြီး ထုတ်ပိုးမှု အဆင့်ကိုစတင်လုပ်‌ဆောင်ပေးပါ ။


ငှက်ပျော်ကြော်ထုတ်လုပ်ပုံ

ငှက်ပျောသီး အခွံ့များကို လက်ဖြင့်ခွာပြီး စက်များဖြင့်ကြိတ်ပါ။ ကြိတ်ထားသော ငှက်ပျောသီးအသားများကို ဆီပူပူဖြင့်ကြော်ပြီးနောက် ဆီများ ခြောက်သွေ့သွားသည်အထိ အခြောက်ခံပါတယ်။ အဲ့ဒီနောက်မှာ ထုပ်ပိုးပြီး စျေးကွက်သို့ ရောင်းချရန် တင်ပို့ပေးပါ။ 





Previous Post Next Post