ကော်ဖီစေ့ ၁ ပေါင်ထွက်ရှိရန် ကော်ဖီသီးပေါင်း ၁၅၀၀ ကျော်လိုအပ်ပါသည်။ ကော်ဖီသီးတစ်ခုတွင် ကော်ဖီစေ့ နှစ်ခုပါရှိသည်။ ၂၀၂၂ ခုနှစ်တွင် ကော်ဖီ ၁ ပေါင်သည် ဒေါ်လာ ၅.၈၉ ကျပ် အထိ ရရှိလာသည်။ Single-Origin ကော်ဖီ အမျိုးအစားသည် ဒေါ်လာ ၃၀ ကျော်ထိ ရရှိသည်။ အထူးပြုလုပ်ထားတဲ့ အရည်အသွေးမြင့် ကော်ဖီစေ့ဆိုရင် တစ်ပေါင်လျှင် ဒေါ်လာ ၈၀ ကျော်လောက်ရသည်။ ဒါဆို အဲ့လို စျေကြီးတဲ့ကော်ဖီတွေ က ဘာထူးခြားတာလဲ။ ပြီးတော့ ဘာကြောင့် ဒီလောက်ဈေးကြီးရတာလဲ။ #LGTmyanmar, #BBKmyanmar
Single-Origin ကော်ဖီစေ့ ဈေးမြင့်ရခြင်း အကြောင်း
ကင်ညာနိုင်ငံ၊ Nyeri ကောင်တီတွင် နိုဝင်ဘာလရောက်လျှင် ကော်ဖီသီးများ ရိတ်သိမ်းချိန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကော်ဖီခြံပေါင်း ၁၂.၅ သန်းကျော်ရှိတဲ့ထဲက ကော်ဖီစိုက်ခင်း ၉၅% နီးပါးကို အသေးစား လုပ်ငန်းရှင်များက ပိုင်ဆိုင်ကြသည်။ ကော်ဖီစိုက်ခင်းပိုင်ရှင် Joseph သည် မိဘများထံမှ အမွေဆက်ခံထားသော ကော်ဖီစိုက်ခင်း ၁ ဧက ကျယ်ဝန်းသော ခြံ ဖြင့် စိုက်ပျိုးပါတယ်။ ကော်ဖီသီးများသည် ကော်ဖီမျိုးစေ့ နှင့် အရည်အသွေးမှာ တိုက်ရိုက် သက်ဆိုင်သည်။ အရည်အသွေးမြင့် ကော်ဖီစေ့များသည် စျေးနှုန်းပိုမြင့်သည်။ ကော်ဖီသည် စိုက်ပျိုးတဲ့နေရာ၊ ရာသီဥတု၊ မြေဆီလွှာနှင့် နေရာဒေသ ပေါ် မူတည်၍ အရေအတွက်ရော အရည်အသွေးများ ကွဲပြားသွားသည်။ သူ့ရဲ့ ကော်ဖီခြံသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၀၀ မီတာအကွာတွင်ရှိပြီး မီးတောင်မြေဆီလွာပေါ်မှာ စိုက်ပျိုးတာကြောင့် ကောင်းမွန်တဲ့ ဓာတ်ပေါင်းတွေ များစွာ ပါဝင်နေတဲ့ မြေဆီလွှာ ဖြစ်ပါတယ်။ ကော်ဖီသီးများ မှည့်ချိန် အချိန်ပိုကြာလေ၊ အရည်အသွေးပိုကောင်းလေဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၀၀၀ ကျော်မှာစိုက်ပျိုးတဲ့ ကော်ဖီတွေမှာ စွဲမက်စရာကောင်းတဲ့ အနံ့အရသာ ထူးခြားကောင်းမွန်ပါတယ်။
single origin ရဲ့ ထူးခြားချက်က ပင်လယ်ရေမျက်နှာအထက် ၃၀၀၀ ကျော်မှာ တည်ရှိပြီး ကောင်းမွန်တဲ့ မီးတောင် မြေဆီလွှာမှာ စိုက်ပျိုးတဲ့ အမျိုးအစားဖြစ်တဲ့အပြင် တခြားကော်ဖီတွေနဲ့ ရောနှော ထုတ်လုပ်ခြင်းမရှိပဲ ဒီဒေသတစ်ခုတည်းမှာပဲ စိုက်ပျိုးထုတ်လုပ်ရရှိနိုင်တဲ့ အနံ့ အရသာ ပြိုင်ဘက်ကင်းပြီး unique ဖြစ်နေတဲ့ အတွက်ကြောင့် ဈေးကြီးပါတယ်၊
.
ဒီဒေသရဲ့ မြေအနေအထားသည် မညီမညာဖြစ်နေသောကြောင့် ကော်ဖီရိတ်စက်များအသုံးမပြုနိုင်ပဲ တောင်သူများသည် ကော်ဖီများကို လက်ဖြင့်သာ ရိတ်သိမ်းရသည်။ ကော်ဖီစေ့၏ အဓိကချက်မှာ ရင့်မှည့်နေတဲ့ အနေအထားကို ရွေးချယ်ခူးပေးရခြင်း ဖြစ်ပါတယ်။ ကော်ဖီအကိုင်းတိုင်းတွင် မမှည့်သော ကော်ဖီသီး နဲ့ မှည်တဲ့ အသီးများရောနှော ရှိနေနိုင်တာကြောင့် ရိတ်သိမ်းချိန်တွင် အထူးဂရုပြုပြီး ခူးပေးရပါတယ်။အကောင်းစား ကော်ဖီများ
ကမ္ဘာ့အကြီးဆုံးကော်ဖီစိုက်ခင်းတွေဖြစ်တဲ့ ကင်ညာတွင် ကော်ဖီစေ့များ ရိတ်သိမ်းနည်းနှင့် ဘရာဇီးတွင် ရိတ်သိမ်းပုံမှာ အလွန်ကွာခြားသည်။ မြေပြင်ညီညာတဲ့ နေရာမှာ စိုက်ပျိုးတဲ့အခါ ရိတ်သိမ်းတာကို စက်များဖြင့်သာ ရိတ်သိမ်းပါသည်။ ကော်ဖီပင်များသည် အပင်နိမ့်မယ်ဆိုရင် အထွက်နှုန်းလည်းမြင့်မားသည်။ စက်ရိတ်သိမ်းခြင်းသည် ပိုမိုထိရောက်သော်လည်း ကော်ဖီစေ့ အရည်အသွေးအပိုင်းကိုတော့ ထိခိုက်သည်။ ကော်ဖီရိတ်စက်သည် တစ်ပင်လုံး ရိတ်သိမ်းသောကြောင့် မမှည့်သေးသော ကော်ဖီသီးများကို ပါရှိသည်။ ထိုကဲ့ ကော်ဖီသီးများကို အစုလိုက်အပြုံလိုက် ရိတ်သိမ်းပြီး ထုတ်လုပ်ခြင်းတဲ့ အခါ အထွက်နှုန်းများပြီး ဈေးနည်းပါတယ်။ အရည်အသွေးအမြင့်ဆုံးကော်ဖီများကို အထူးကော်ဖီဟုခေါ်သည်။ အရည်သွေးမြင့်သော ကော်ဖီတွင် ထူးခြားအရသာ နှင့် ထူးခြားသောပါဝင်ပစ္စည်းများရှိသည်။
အရည်အသွေးမြင့်မားတဲ့ ကော်ဖီတွေကိုသာမက အရည်သွေးနိပ်တဲ့ ကော်ဖီတွေရဲ့ မျိုးကလဲ Arabica ဖြစ်ပါတယ်။ ကော်ဖီမှုန့်သည် ၁၀၀% ဖြစ်တဲ့ Arabica ကော်ဖီမှုန့် တစ်ပေါင်လျှင် ဒေါ်လာ ၈ ကျပ်ဝန်းကျင် ရရှိသည်။ ၂၀၂၂ ခုနှစ်တွင် ပနားမားမြို့မှာ Single-Origin ကော်ဖီကို လေလံမှာ 7 ပေါင် ကို ဒေါ်လာ ၄၂၀၀၀ ထောင်ဖြင့် ရောင်းချခဲ့သည်။ အရသာပိုကောင်းလေ အထွက်နည်းလေ ကော်ဖီက ပိုဈေးကြီးလေပါပဲ။
.
ကော်ဖီစေ့ ထုတ်လုပ်ခြင်း
ရိတ်သိမ်းထားသောကော်ဖီသီးများကို ရွေးချယ်ပြီး မကောင်းတဲ့ အစေ့တွေကို ဖယ်ရှားပါတယ် သည်။ ထိုအနာအစာ ပါတဲ့ ကော်ဖီသီးများသည် အရသာကို ထိခိုက်စေပြီး ကော်ဖီစျေးနှုန်းကို ကျဆင်းစေသည်။ တောင်သူများ ကော်ဖီသီးများကို မြန်မြန်ဆန်ဆန် ရွေးချယ်ပြီး ရိတ်သိမ်းပြီးတာနဲ့ အချိန်မကြာစေပဲ ထုတ်လုပ်တာက ကော်ဖီအရည်အသွေးကို ပိုကောင်းစေဖို့ အဓိကသော့ချက်ဖြစ်ပါသည်။
ကော်ဖီတောင်သူတွေက စက်ကြီးတွေကို ဝယ်ယူဖို့ မတက်နိုင်တာကြောင့် အစိုးရအဖွဲ့အစည်းများ သို့ သက်ဆိုင်ရာ အသင်းအဖွဲ့ တွေရဲ့ စုပေါင်းထုတ်လုပ်ခြင်း အစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလဲ ရှိပါတယ်
.
ကော်ဖီသီးများကို ဆေးကြောနည်းများသည် အမျိုးမျိုးကွဲပြားသော်လည်း ကော်ဖီစေ့ထုတ်လုပ်ခြင်းသည် အဆင့် ၅ ဆင့်ရှိသည်။
- ကော်ဖီသီး အမှည့်ရွေးချယ်ခြင်း
- သန့်စင်သွားအောင် ဆေးကြောခြင်း
- အခွံ့ချွတ်ခြင်း
- အခြောက်လှမ်းခြင်း
- လှော်ခြင်း
ပထမအဆင့်ကတော့ ကော်ဖီသီးဆေးကြောတဲ့ လုပ်ငန်းစဉ်ပါ။ ကော်ဖီသီးများ အလေးချိန်စစ်ဆေးပြီးနောက် အလုပ်သမားများသည် အခွံခွာခြင်း လုပ်ငန်းစဉ်ကိုစတင်သည်။ ထို့နောက် ၁၂ နာရီမှ ၁၄ နာရီအထိ အချဉ်ဖောက်ထားရမည်။ အချဉ်ဖောက်ခြင်း သည် ကော်ဖီအသီး၏ စေးကပ်နေသော အတွင်းအလွှာကိုဖယ်ရှားနိုင်ပါသည်။
နောက်တစ်နေ့တွင် အလုပ်သမားများသည် ကော်ဖီစေ့များကို အစေ့များကို ဆေးကြောသန့်စင်ပြီး အရည်အသွေး အဆင့်ခွဲတာကို တခါတည်း လုပ်ဆောင်ပါတယ်။ လုပ်သားသမားများသည် အရည်အသွေးနိမ့်သောကော်ဖီတွေက ရေမှာပေါ်နေတာကြောင့် ဖယ်ထုတ်လိုက်ပါသည်။ ထိုအရည်သွေးနိမ့်သော ကော်ဖီစေ့များကိုလည်းရောင်းချနိုင်တာကြောင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် ၀င်ငွေတစ်ခုအနေနဲ့ ပေးစွမ်းနေဆဲဖြစ်သည်။ ကော်ဖီစေ့ထဲမှာ ကျန်နေသေးတဲ့ အခွံ့အစအနများ ဖယ်ရှားရန် ကန်များဆီသို့ ပြောင်းပြီး သန့်စင်ပေးပါတယ်၊ သန့်စင်သွားတဲ့ ကော်ဖီစေ့များကို အခြောက်ခံပေးရမယ် နေရာဆီကို ပို့ပေးပါတယ်။
ကော်ဖီများကို တခြားနိုင်ငံဒေသကထွက်တဲ့ ကော်ဖီတွေနဲ့ ရောစပ်ရောင်းချတာလည်းရှီသလို အရာအနှောကင်းပြီး စျေးကောင်းရသော Single-Origin ကော်ဖီ ရောင်းချကြသည်။ ကော်ဖီမှုန့်များကို မည့်သို့ထုတ်လုပ်ရမည်ဟု တရားဝင် သတ်မှတ်ထားခြင်း မရှိသေးပါ။
စာသုံးသူများသည် ကော်ဖီ အနံ့နှင့် အရသာပေါ် မူတည်ပြီး ဝယ်ယူကြသည်။ Single-Origin ကော်ဖီသည် စျေးကြီးသည်။ Single-Origin ကော်ဖီသည် အရင်းနှီးများသောကြောင့် ဒေါ်လာ ၂၁ ကျပ် မှ ဒေါ်လာ ၂၆ ကျပ်ထိရနိုင်သည်။ ကော်ဖီ လှော်စက်ထဲထည့်ပြီး လှော်တဲ့ နည်းလမ်းပေါ်မူတည်ပြီး ကော်ဖီရဲ့ အနံ့ အရသာကို ပိုထူးကဲသွားပုံတွေ ကွာခြားပါတယ်။ ကော်ဖီစေ့ရဲ့ မူလ အနံ့ က မကောင်းမွန်ပေမယ် လှော်တဲ့ နည်းလမ်းပေါ်မူတည်ပြီး ချိုအီမွှေးတဲ့ အနံ့ အရသာကို ရရှိစေပါတယ်။
.
ကော်ဖီစေ့ ကုန်ကြမ်း Export လုပ်ဖို့အတွက် ပြင်ဆင်ခြင်း
ကော်ဖီထုတ်လုပ်နေသူ၏ အဓိက စိန်ခေါ်မှုကတော့ ကော်ဖီစေ့တွေကို ဆေးလိုက်တဲ့ ရေတွေကို ဘယ်လို စနစ်တကျ စွန့်ပစ်ရမလဲဆိုတာပါပဲ။ ကော်ဖီစေ့များကို ရေးဆေးကြောပြီး အခြောက်ခံဖို့ အဆင်သင့်ပြင်ပါ။ ကော်ဖီသည် လိုချင်သော အစိုဓာတ် ၁၁% မှ ၁၂ % သို့ရောက်ရှိရန် ၁၄ ရက်ခန့် ကြာအခြောက်ခံရပါသည်။ ရည်ရွယ်ချက်မှာ အရည်အသွေးတူညီပြီး အပြစ်အနာအဆာ ကင်းစင်သော ကော်ဖီစေ့များရရှိစေဖို့ ဖြစ်သည်။
ကော်ဖီစေ့များသည် အပေါ်ဆုံး အခွံများ ခွာအဆင့်သို့ ရောက်ရှိရန် အဆင်သင့်ဖြစ်သွားသည်။ ကော်ဖီကို ထုတ်လုပ်သူတွေက မပို့ခင်မှာ ကော်ဖီစေ့ အပေါ်ခွံပျော့ ကို ဖယ်ရှားဖို့ ကြိတ်စက်ဖြင့် ကြိတ်ကြသည်။
ထိုကြိတ်စက်သည် ဝယ်ရလွယ်ကူသော ကော်ဖီအခွံချွတ် အသေးစားစက်ဖြစ်သည်။ ကင်ညာတွင် ကော်ဖီစေ့များကို အရွယ်အစားအလိုက် ခွဲခြားထားသည်။ ကော်ဖီစေ့များသည် အရွယ်စားများပိုကြီးပြီး အရောင်ရင့်နေလျင် စျေကောင်းပိုရသည်။ ထိုနောက် ကော်ဖီစေ့များကို လနှင့် ချီပြီးလုပ်ဆောင် ပြီးနောက် Green Coffee လို့ ခေါ် ကော်ဖီစေ့ ကုန်ကြမ်းများကိုရရှိသွားပြီးနောက် တင်ပို့မှုများစတင်လုပ်နိုင်ပြီးဖြစ်သည်။
ကော်ဖီဈေးကွက်
ကော်ဖီတောင်သူတွေဆီက ဝယ်ယူသူတွေက ပြည်ပကို တင်ပို့နေလဲဆိုတဲ့ ဘယ်လောက်ဈေးနှုန်းနဲ့ အချက်ကို ပွင့်လင်းမြင်သာစွာ သိရှိခွင့် မရပါဘူး။ အရည်အသွေးကို ထည့်သွင်းမစဉ်းစားတဲ့ မတည်ညိမ်တဲ့ C market ရဲ့ အခြေအနေတွေကြောင့် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်တဲ့ တောင်သူတွေ အနေနဲ့ ထိုက်တန်တဲ့ ဈေးနှုန်းမရတာကြောင့် ထိခိုက်မှုတွေရှိပါတယ်။ ရာသီဥတုအခြေအနေ၊ စီးပွားရေး၊ ဝယ်လိုအားနဲ ရောင်းလိုအား၊ ဈေးကစားတဲ့ ပြသနာတွေကြောင့် ဈေးကွက်အခြေအနေက တည်ငြိမ်မှု မရှိတာခြင်း မှန်ကန်တည်ငြိမ်တဲ့ ဈေးမရရှိတာကြောင့် ကော်ဖီစိုက်ပျိုးသူတွေအနေနဲ့ အမြတ်ငွေရရှိမှု နည်းပါးနေပါတယ်။
ကော်ဖီစိုက်ပျိုးသူတွေအနေနဲ့ ရောင်းဈေးရရှိမှု နည်းနေခြင်း နဲ့ စားသူသူတွေက မြင့်မားတဲ့ ဈေးနှုန်း ပေးဝယ်နေရခြင်းကြားထဲက ကွာခြားချက်ကို မျှတစေဖို့အတွက်နဲ့ ကော်ဖီစိုက်ပျိုးသူတွေအနေနဲ့ ရင်းနှီးငွေများတဲ့ လုပ်ငန်းဖြစ်တာကြောင့် ရေရှည်ရပ်တည်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။