ဈေးကြီးလွန်းလှတဲ့ ကမ္ဘာ့ သီဟိုဠ်‌စေ့ ဈေးကွက်အနေအထား



#သီဟိုဠ်‌သရက်စေ့ ၏ ကမ္ဘာ့ ဈေးကွက် အနေအထား

အသီး၏ အောက်ခြေတွင် ဤကဲ့သို့ တွဲလောင်း သီးလေ့ရှိသော  သီဟိုဠ်သရက်သီးပင်များသည် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းရာသီဥတုများတွင် ပေါက်ရောက်ပါသည်။ သီဟိုဠ်သရက်သီးစေ့ (အတိုအားဖြင့် သီဟိုဠ်စေ့) ဟု ခေါ််သော အသီးများ၏ အစေ့မှာ ၁ ကီလိုဂရမ် (၆၄ ကျပ်သား) ကို အမေရိကန် ၁၀ ဒေါ်လာဖြင့် လက်ကားရောင်းချနိုင်သည်။ ၎င်းသည် မြေပဲထက် ဈေး ၇၀၀% ကျော်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် သီဟိုဠ်စေ့ လက်လီဈေးသည် တစ်ပေါင်လျှင် ၁၅ ဒေါ်လာအထိ ရှိနိုင်သည်။ #LGTmyanmar #BBKmyanmar 
.
သီဟိုဠ်စေ့ကို စားသုံးနိုင်သည့် အဆင့် ရောက်ရန်အတွက် တိတိကျကျ ပြုပြင်စီမံမှသာ စားသုံးနိုင်မည် ဖြစ်သည်။ သီဟိုဠ်စေ့ကို အတိအကျ ဘယ်လို စီမံသလဲဆိုသည့် လုပ်ကိုင်နည်း အဆင့်ဆင့်သည် အခြား သီးနှံများနှင့် မတူသည့် တော် အရေးပါသည့် အချက်ဖြစ်သည်။
.
2017 ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ သီဟိုဠ်စေ့ ဝယ်လိုအား မက်ထရစ်တန် 770,000 ကို စားသုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။ ၎င်းသည် တန်ဘိုးအားဖြင့် တစ်နှစ် ဒေါ်လာ 6 ဘီလီယံကျော်တန်ဖိုးရှိသော လူကြိုက် များသည့် အဖိုးတန် အခွံမာသီး တစ်ခုဖြစ်သည်။ သီဟိုဠ်စေ့သည် အိန္ဒိယ၊ ဗီယက်နမ်၊ အိုင်ဗရီကို့စ်နှင့် သီရိလင်္ကာနိုင်ငံတို့ကဲ့သို့ အပူပိုင်းဒေသများတွင် ပေါက်သည်။
.

သီဟိုဠ်‌ သရက်သီးပင်များ

သီဟိုသရက်ပင်များသည် "poison ivy" ခေါ် အဆိပ်ရှိသော နွယ်ပင်နှင့် မျိုးနွယ်တူညီပြီး၊ သီဟိုဠ်ပင်တွင် urushiol ဟုခေါ်သော အဆိပ်အတောက်များ ပါရှိတတ်သည်။ အပင် နှင့် အခွံမာသီး၏ အခွံအတွင်း၌ အညိုရောင်အဆီများကို တွေ့ရှိရသည်။ ပူလောင်ခြင်း၊ ယားယံခြင်းနှင့် အရည်ကြည်ဖုများကို ဖြစ်စေနိုင်သောကြောင့် မပြုပြင်မီ သီဟိုဠ်စေ့များကို စားသုံးရန် သို့မဟုတ် ထိရန် အန္တရာယ်ရှိသည်ဟု ယူဆကြသည်။ ထို့ကြောင့် ၎င်းကိုပိုမိုတိကျစွာ စီမံဆောင်ရွက်ပေးရန် လိုအပ်သည်။ 

.

#သီဟိုဠ်စေ့ များ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်

သီဟိုသရက်သီး တစ်လုံးတွင် ဒရူးပီး (drupes) ဟုခေါ်သော အခွံမာ သစ်စေ့ တစ်လုံးသာပါသည်။ ယင်း အစေ့ကို နေရောင်အောက်တွင် အခြောက်ခံကာ အခွံအတွင်းမှ အဆိပ်အတောက်များ ပျောက်သွားအောင် လုပ်နိုင်ပါသည်။  အခက်ခဲဆုံးနှင့် အန္တရာယ်အရှိဆုံးအဆင့်မှာ အဆိပ်ဖြစ်စေတတ်သော အဆီသည် အခွံတွင် ကပ်နေတတ်သည်။ သီဟိုဠ်စေ့များသည် ကြွပ်ဆတ်သောကြောင့် စက်ရုံများသည် အစေ့များ မကွဲစေရန် ဤအဆင့်ကို ကိုယ်တိုင်လုပ်ဆောင်လေ့ရှိသည်။ ယင်းကို လက်ဖြင့်လုပ်ခြင်းသည် လုပ်ငန်းတွင်းမှာ ပြဿနာတွေ မကြာခဏပေါ်ပေါက်ခဲ့ပါတယ်။ လက်ဖြင့် ခွာကြရသည့်အခါ အကာအကွယ်အတွက် လက်အိတ်များ မဝယ်ပေးလျှင် အလုပ်သမားများ အပူလောင်နိုင်သည့် အန္တရာယ်ရှိပါသည်။ 

.

အခွံအတွင်း အဆိပ်အတောက်များ မရှိတော့ကြောင်း သေချာစေရန် အစေ့များကို လှော်ကြရသည်။ လှော်ပြီးလျှင် ခွာရသည့် အလုပ်မှာ လူလုပ်အားကို လုံးလုံးလျားလျား မှီခိုနေရသည်။ လုပ်သားများသည် အစေ့ တစ်စေ့ချင်းစီတွင် ရှိသော ခြောက်သွေ့သော အပြင်ဘက်အကာကို ဖယ်ထားရမည်ဖြစ်ပြီး၊ ၎င်းသည် tannins  ဓာတ်မြင့်မားသောကြောင့် သင့်လည်ချောင်းကို ယားယံစေနိုင်သည်။ အခွံခွာသည့် အလုပ်ကလည်း ကျွမ်းကျင်မှု လိုအပ်ပြန်သည်။

.

အတွေ့အကြုံရှိ အလုပ်သမားများသည် အကြမ်းဖျဉ်းအားဖြင့် တစ်ရက်လျှင် သီဟိုဠ်စေ့ 2.5 ကီလိုဂရမ်ခန့် အခွံခွာနိုင်သည်။ ဤအဆင့်သည် ခက်ခဲရုံသာမက သီဟိုဠ်စေ့စျေးနှုန်းအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသည်။ သီဟိုဠ်စေ့ကို အရောင်၊ အလေးချိန်နှင့် ပုံစံအနေအထား အင်္ဂါရပ်များစွာဖြင့် အဆင့်သတ်မှတ်ထားသည်။ အစေ့ကြီးလေ တန်ဘိုးကြီးလေ ဖြစ်သည်။ သီဟိုဠ်စေ့များကို တစ်နှစ်လျှင် တစ်ကြိမ်သာ ရိတ်သိမ်းနိုင်သောကြောင့် စိုက်ပျိုးသူများသည် ရှေ့လများတွင် ဝင်ငွေ ဆက်လက်ရရှိနိုင်စေရန်အတွက် အစေ့ အချို့ကို သိမ်းဆည်းထားလေ့ ရှိကြသည်။ 

.

သီဟိုဠ်‌စေ့ ထုတ်လုပ်သည့် နိုင်ငံများ ယှဉ်ပြိုင်မှု အခြေအနေ

သီဟိုဠ်စေ့ ထုတ်လုပ်သည့် နိုင်ငံတစ်ခုစီ၏ ကုန်ပစ္စည်း သယ်ဆောင်ရေး ချောမွေ့မှုပေါ်တွင်လည်း မူတည်ပါသည်။ သီရိလင်္ကာနိုင်ငံသည် ၎င်း၏ သီဟိုဠ်စေ့အများအပြားကို ပြည်တွင်း၌ စီမံပြီး ရောင်းချနေသော်လည်း အခြားနိုင်ငံများသို့လည်း စိုက်ပျိုးထွက်ကုန် အများအပြားကို တင်ပို့နေပါသည်။ US သို့မဟုတ် Europe တွင် သင်ဝယ်ယူသော သီဟိုဠ်စေ့အများအပြားမှာ အာဖရိကတွင် စိုက်ပြီး ဗီယက်နမ် သို့မဟုတ် အိန္ဒိယတွင် ပြုပြင်ပြီးမှ နောက်ဆုံးတွင် အနောက်နိုင်ငံဈေးကွက်သို့ တင်ပို့ထားသည်လည်း ဖြစ်နိုင်ဖွယ်ရှိသည်။ 

အာဖရိကသည် ကမ္ဘာ့ သီဟိုဠ်စေ့ ထောက်ပံ့မှု၏ ထက်ဝက်ကို ထုတ်လုပ်သည်။ ဥပမာအားဖြင့် အိုင်ဗရီကို့စ်သည် 2019 ခုနှစ်တွင် သီဟိုဠ်စေ့ 730,000 မက်ထရစ်တန်ခန့် ထုတ်လုပ်ခဲ့သည်။ သို့သော် ယင်း၏ 90% ကျော် တင်ပို့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုင်ဗရီကို့စ်နှင့် အခြားသော အာဖရိကနိုင်ငံများတွင် ခိုင်မာသော ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းမရှိသေးသောကြောင့် ဖြစ်သည်။ အိုင်ဗရီကို့စ်သည် 2024 ခုနှစ်တွင် ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်ခြင်းကို ချဲ့ထွင်ရန် စီစဉ်ထားသည်။ သို့သော် သီဟိုဠ်စေ့သည် သိသိသာသာ တန်ဖိုးနည်းပါသည်။ 2018 ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ပြုပြင်ပြီး ဥရောပသို့ တင်ပို့သည့် သီဟိုဠ်စေ့များ၏ ပို့ကုန်စျေးနှုန်းသည် အိုင်ဗရီကို့စ် လယ်သမားများပေးသော စျေးနှုန်းထက် 250% မြင့်မားခဲ့သည်။

အခြားတစ်ဖက်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့ထုတ်လုပ်ငန်းအတွက် အဓိကနေရာတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသင့်သည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယနေ့ ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ် ပထမသုံးလအတွင်းမှာပဲ သီဟိုဠ်စေ့ တန်ချိန် ၁၀၈,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နည်းပညာသုံး စက်များသည် အလုပ်သမားများကို ငှားရမ်းရန် လိုအပ်မှုကိုလည်း လျော့နည်းစေသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ အိန္ဒိယနှင့် သီရိလင်္ကာရှိ စက်ရုံအများအပြားတွင် ကိုယ်တိုင်လုပ်ဆောင်နေဆဲဖြစ်သည်။ 

စျေးကွက်သည် 2025 ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ သီဟိုဠ်စေ့ ဈေးကွက်သည် ဒေါ်လာ 7 ဘီလီယံအထိ ကြီးထွားလာမည်ဖြစ်သည်။ သီဟိုဠ်စေ့များသည် မကြာသေးမီနှစ်များအတွင်းကထက် စျေးသက်သာသော်လည်း ဝယ်လိုအားသည် အနာဂတ်တွင် ဈေးနှုန်းများ ပိုမိုမြင့်မားလာစေရန် အလားအလာရှိနေသည်။ 


Previous Post Next Post