လိုအပ်သော ပစ္စည်းများ ပြင်ဆင်ခြင်း
လေးထောင့် ပလတ်စတစ်ခြင်း ၊ ကြိုး ၊ သစ်သားတိုင် အသေး ၊ burlap အိတ်
ခြင်း တစ်ဖက်မှာ တိုင်တစ်တိုင်ကို ကြိုးနဲ့ လဲမကျသွားစေဖို့ တင်းနေအောင် သေချာချည်ပါ။ ပြီးရင်တော့ ခြင်းတွေကို သေချာစီထားပြီး အပင်စိုက်ပျိုးမယ့်နေရာအဖြစ် အသုံးပြုပါသည်။ ခြင်းထဲမှာ burlap အိတ် သို့ ဂုံနီအိတ် တစ်ထပ်ခံပြီးတော့ မြေကြီး ထည့်ဖို့ အသုံးပြုပါမယ်။
#LGTmyanmar, #BBKmyanmar
မြေပြင်ဆင်ခြင်း
အပင်စိုက်ဖို့အတွက် organic ပါဝင်မှုများတဲ့ topsoil အလွှာ မြေကြီး၊ ဆိတ်ချေးကနေ ပြုလုပ်ထားတဲ့ မီးသွေးမှုန့် ၊ စပါးခွံ တို့ကို 3:1:1 အချိုးနဲ့ ရောစပ်ထားပြီး လေးထောင့်ခြင်းထဲက အိတ်ထဲ လောင်းထည့်ပါ။
စိုက်ပျိုးခြင်း
- ညနေခင်းပိုင်းမှာ ကြိုတင်ပျိုးထားတဲ့ ပျိုးပင်လေးတွေကို ပြောင်းရွှေ့စိုက်ပျိုးတာက ရွေ့ပြီးပြီးချင်း အပူနဲ့ တိုက်ရိုက်ထိတွေမှုနည်းသွားတာကြောင့် အပင်ညိုးသွားတာကို ကာကွယ်နိုင်ပါတယ်။ ရိုးတံလေးတွေ အလွယ်တကူ ကျိုးပဲ့သွားတာ ကနေ ကာကွယ်နိုင်ပြီး လွယ်ကူစွာ အပင်ရှင်သန်စေပါတယ်။
- ပြီးရင်တော့ ရေအလုံအလောက် လောင်းပေးဖို့လိုပါတယ်
- ရက် ၂၀ လောက်ဆိုရင် တစ်ပေ သာသာလောက် ကြီးလာပြီး အရွက်တွေ ဝေလာပါတယ်။
- ပင်မအရိုးတံကနေ ကိုင်းတွေ ဝေဆာလာပြီဆိုရင် ၆ ကိုင်းမြောက်ထိ အပင်ကနေ ဖြတ်ထုတ်ပါတယ်။ ကိုင်းတွေကို ဖယ်ထုတ်လိုက်ခြင်းကြောင့် အပင်က စွမ်းအားပိုရပြီး အသီးပိုသီးဖို့ အထောက်အကူဖြစ်ပါတယ်။
- ကိုင်း ၇၊ ၈၊ ၉ ကို အသီးသီးလာစေဖို့အတွက် ပြုစုပျိုးထောင်ပါတယ်။
- ဆိတ်ချေး နွားချေးတွေနဲ့ ordinary soil ကို ထည့်ပြီးတော့ မြေသား အငွေ့ပြန်တာကို ကာကွယ်နိုင်ဖို့ စပါးခွံဖုံးပေးပါတယ်။
- မြေသားအရည်အသွေး ကျမသွားစေဖို့ နဲ့ PH level ကို ထိန်းထားနိုင်စေဖို့ ရေတစ်လီတာမှာ ummah acid 2 CC ထည့်ပြီးတော့ ဖြန်းပေးပါ။
- အပင်တွေ လဲကျမသွားစေဖို့ တိုင် တစ်တိုင်နဲ့ တစ်တိုင် ကို ကြိုးတွေနဲ့ ချည်ပြီး ထိန်းပါ
- နောက်ထပ်အသီးသီးနိုင်ဖို့အတွက် 60 - 70 cm မှာ ဝါးလုံးနဲ့ တန်းတစ်တန်းထားပါမယ်။
- ရက် ၃၀ မှာတော့ ဓာတ်မြေသြဇာ ကျွေးရမယ့် အဆင့်မှာ NPK ကို သုံးပါတယ် ။
- အပင်တစ်ပင်ကို ရေ ၂၀၀ စီစီမှာ ၄-၅ ဂရမ်လောက် သုံးပါတယ်။ ရေ တစ်လီတာမှာ ၂၅ ဂရမ်ဆိုရင် အပင် ၅ ပင်အတွက် လုံလောက်ပါတယ်။ ရေတစ်လီတာမှာ ummah acid 2 CC ထည့်ပြီးတော့ ဆေးဖြန်းပေးပါတယ်။
အသီးရွေးချယ်ခြင်း
အသီးတွေ အများကြီးသီးလာပြီဆိုရင် အသီးရွေးတဲ့ အဆင့် ကို ပြုလုပ်ပါမယ်။ တစ်ကိုင်းမှာ အသီးတစ်လုံးပဲ ထားပါတယ်။ ဘဲဥပုံစံရှိပြီးတော့ ပုံမပျက်ပဲနဲ့ အချိုးညီပြီးလှတဲ့ အသီးကို ရွေးပါတယ်။ အသီးကို ချိတ်ဆွဲထားပြီးတော့ အိတ်စွပ်ပေးထားပါတယ်။ ရက် ၆၀ ကြာသွားပြီဆိုရင် အသီးမှည့်စပြုလာပါပြီ။ ၆၅ ရက်ပြည့်သွားတဲ့အခါ အရွက်တွေ အရမ်းကြီးပြီး စိမ်းစိုလာပြီး ဆိုရင်တော့ ရေလျော့လောင်းပေးရမယ် အချိန်ဖြစ်ပါတယ်။ ရေလျော့ပေးမှသာ သခွားမွေးမှာ ပါဝင်တဲ့ သကြားဓာတ်တိုးလာပြီး အရသာကောင်းမှာဖြစ်ပါတယ်။ ရက် ၇၀ ရောက်လာပြီဆိုရင်တော့ အသီးခူးနိုင်ပါတယ်။