အမြတ်များပြီး ၁ကောင် ဒေါ်လာ ၆၀၀၀ ကျော် ရတဲ့ ကြက်မဲ မွေးမြူရေး

 



စီးပွားရေးလုပ်ငန်းတွေမှာ ကြက်မဲက ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တယ်ဆိုတဲ့ အယူရှိသလို မွေးမြူတဲ့ သူတွေအတွက် ၁ကောင် ဒေါ်လာ ၆၀၀၀ ကျော် ရတဲ့အမြတ်အစွန်းများတဲ့  ကြက်မဲ မွေးမြူရေး ဖြစ်ပါတယ်။

#LGTmyanmar, #BBKmyanmar

ကြက်မဲမျိုးစိတ်ကတော့  ရှားပါတဲ့မျိုးစိတ်ဖြစ်ပါတယ် ။ ကြက်မဲသည် နှုတ်သီးမှ လျှာအထိ အရာအားလုံးသည် မဲနေပါသည်။ ကြက်မဲတစ်ကောင်ကို ဒေါ်လာ ၆ ထောင် အထိ ရောင်းချနိုင်သည်။ ကြက်မဲဥတစ်လုံးလျှင် ၁၆ ဒေါ်လာအထိ ရောင်းချနိုင်သည်။  ကြက်မဲမျိုးရင်း တွေ ရှာဖွေဖို့ ခက်ခဲသည်။ ဒါပေမဲ့ ကြက်မဲးများကို မွေးမြူနိုင်ရင်တော့ ရွှေထက်တန်ဖိုးရှိပါတယ်။ ကြက်မဲမွေးမြူခြင်းသည် အချိန်ပြည့်အလုပ်ဖြစ်သည်။ ကြက်မဲများသည် အချိန်ပြည့်အစာစားကြသည်။ လူတွေက ကြက်မဲတွေကို ဘာကြောင့် မွေးမြူ ရောင်း၊ဝယ် ကြတာလဲ။ 
.

ကြက်မဲတွေက ဘာလို့ ဒီလောက်ဈေးကြီးတာလဲ။ 

ကြက်မဲမျိုးရင်း များသည် အင်ဒိုနီးရှားနိုင်ငံမှ စတင်သည်။  အခြားကြက်များတွင် အမဲရောင်အနည်းငယ်သာ ပါရှိသည်။ ကြက်မဲမျိုးရင်းစိတ်များ  အနက်ရောင်မှာ အမွှေးများ၊ နှုတ်သီးများ၊ အရိုးများနှင့် အင်္ဂါများပင် အမဲရောင်ဖြစ်ပါသည်။

အနက်ရောင် Ayam Cemani ထိပ်တန်းကြက်ကို မွေးမြူခြင်းသည် ရှားပါးပြီး တိကျသော မျိုးရိုးဗီဇ လက္ခဏာများ လိုအပ်သောကြောင့် ဂရုတစိုက် မွေးမြူရပါတယ်။ အမွေးများ၊ နှုတ်သီးများ၊ အရိုးများနှင့် အတွင်းအင်္ဂါများအပါအဝင် Ayam Cemani ၏ ထူးခြားသောအနက်ရောင်အသွင်အပြင်သည် fibromelanosis ဟုခေါ်သော မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်သည်။

ဒီမျိုးရိုး ဗီဇရဲ့ အရောင်ပါဝင်မှု ဆဲလ် များပြားမှုကြောင့် အခြားကြက်များနှင့်မတူဘဲ အနက်ရောင် သွင်ပြင် ဖြစ်ပါသည်။ 

အမေရိကန်ရှိ ကြက်မဲမွေးမြူနေသူ 


ကြက်မဲမွေးမြူရေး လုပ်မယ်ဆိုရင် ဒေါ်လာ ၁၅,၀၀၀၊ ဒေါ်လာ ၂၀,၀၀၀ ထိလိုပါတယ်။ မျိုးကောင်းမျိုးသန့် ကြက်ခြံ အစားအစား စသည်ဖြင့် အမျိုးမျိုးလိုပါတယ် ။  လိုချင်တဲ့လက္ခဏာတွေ ပါဝင်တဲ့  ကြက်မဲဖြစ်လာစေဖို့  မျိုးရိုးတူတဲ့ မိခင် ဖခင် နဲ့ မျိုးဖောက်ပေးရပါမယ်။ မျိုးရိုးဗီဇ မတူတဲ့အခါ အဖြူရောင် မွေးအတောင်တွေပါလာတာ ပါးစပ်တွေက ပန်းရောင်သန်းလာတာမျိုးဖြစ်တက်ပါတယ်။

 ကြက်မဲအများစုကို ဒေါ်လာ ၂၀၀၀ သို့မဟုတ် ဒေါ်လာ ၃၀၀၀ နဲ့ရောင်းနိုင်သည်။ စျေးပိုရသော ကြက်မဲများသည်  ပါးစပ်ပါမဲပြီး၊ အရည်အသွေးကောင်းတဲ့ ကြက်မဲတကောင်ကိုတော့ ဒေါ်လာ ၉ ထောင် မှ ဒေါ်လာ ၁ သောင်း  လောက်ရလိမ့်မယ်လို့ မွေးမြူသူ ကပြောပါတယ်။ 

မွေးမြူရေးခြံတွင် မွေးမြူထားသော ကြက်မဲများသည် အင်ဒိုနီးရှားမျိုးရင်းစိတ်ဖြစ်သော်လည်း တိုက်ရိုက်မဟုတ်ပါ ။ အစိုးရ၏ ကန့်သတ်ချက်များကြောင့် အမေရိကန်ရှိ မွေးမြူရေးသမားများသည်   ကြက်မဲ အလွယ်တကူ မမွေးမြူနိုင်ပါ။ ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကြောင့် အင်ဒိုနီးရှားပြင်ပရှိ  ကြက်မဲ အရည်အသွေးနှင့် စျေးနှုန်းတွေက နေရာ၊ ရှားပါမှု၊ မျိုးကောင်းမျိုးသန့်ပေါ်မူတည်ပြီ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

.

အင်ဒိုနီးရှားရှိ ကြက်မဲမွေးမြူရေး

အင်ဒိုနီးရှားမှာဆိုရင် တရုတ်၊ ထိုင်ဝမ်၊ ထိုင်း၊ နယ်လာလန်ကနေ  ကြက်မဲဥ ဝယ်ယူသူ အများအပြားရှိပါတယ် ။ ကြက်မဲ ဥတွေက မဲမနေပါဘူး။ အင်ဒိုနီးရှားမှာတော့ အကောင်းဆုံး ကြက်မဲတစ်ကောင်ကို ဒေါ်လာ  ၆၀၀၀ နဲ့ ရောင်းပါတယ်။ ကြက်မဲရှိနေတာက ကံကောင်းတယ်ဆိုတဲ့ အယူလဲ ရှိသလို ထူးခြားတဲ့ အဆောင်တစ်ခုအနေနဲ့ ယူဆနေကြတာလဲ ရှိပါတယ်။

နောက်ထပ် ယုံကြည်ချက်ကတော့ ပထမဆုံးဥတဲ့ ကြက်မဲဥကို စားသုံးခြင်းသည် ကလေးရရှိဖို့ အထောက်အကူ ဖြစ်စေဟု ယုံကြည်ပြီး ဇနီးရော ခင်ပွန်းပါ ကြက်ဥကို လှော် ၊ အမှုန့်ဖြစ်အောင်လုပ်ပြီး ပျားရည်နဲ့ သောက်ကြပါတယ်။

ကြက်မဲများသည် ကိုယ်ခံအားစနစ်များ အားနည်းတတ်ကြသည်။ ကြက်မဲဖျားနာလျှင် အနက်ရောင်မှေးမှိန်သွားသည်။ ကြက်မဲများကို ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းခြင်း၊အထူးသဖြင့် ကြက်မဲတို့ကို မည်သို့မွေးမြူရမည်ကို တရားဝင်လမ်းညွှန်ထားသော အချက်လက်များမရှိသောကြောင့် မွေးမြူသူ အချင်းချင်း အချက်အလက်မျှဝေပြီး မွေးမြူပါတယ်။

.

ကြက်မဲတွေကို အပတ်တိုင်း ရေချိုးရသည်။ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးရန်ဖြစ်သည်။ အပတ်တိုင်း လှောင်အိမ်များကို ဆေးဖျန်းပေးရသည်။ စိတ်ဖိစီးမှု မရှိစေဖို့ ကြက်ခြံကို ကျယ်ကျယ် ထားပေးရပါတယ်။  ကြက်မဲများကို ဗီတာမင်နှင့် ကာကွယ်ဆေးများပေးကာ ကြက်မဲများသည်ကြီးထွားလာသည်နှင့်အမျှ  အစာကို ချိန်ညှိပေးရသည်။

အစာကျွေးစနစ်

အစာကျွေးစနစ်က မွေးမြူသူတွေရဲ့ အစာကျွေးမှုပေါ်မူတည်ပါတယ်။

အမေရိကားက မွေးမြူသူတွေကတော့ -

ကြက်မဲများ အစာချေစနစ် ကောင်းမွန်စေဖို့  supplement တွေ ကျွေးတဲ့ အပြင် 

  • အထူးပြုလုပ်ထားတဲ့ Chili မှုန့်
  • ပရိုတင်း အတွက် dried solider fly larva
  • ကိုယ်ခံအားကောင်းစေဖို့ တောရှုံးပင် (Oregano)


အင်ဒိုနီးရှားက မွေးမြူရေးသမားတွေကတော့ -

အလေးချိန်တိုးလာစေဖို့ တရက်ကို နှစ်ကြိမ်ကျွေးပါတယ်။
  • ကိုယ်ခံအားကောင်းစေဖို့ နဲ့ သံကောင်ရောဂါတွေကို ကာကွယ်ဖို့ သင်္ဘောရွက်နဲ့ 
  • ကြက်ဥများများထွက်ဖို့ ပိန်းရွက်ကို ရောကျွေးခြင်းဖြင့် ပုံမှန်ဥပြီး အရည်အသွေးကောင်းတဲ့ ကြက်ဥတွေ ရပါတယ်။ 


အကောင်ဖောက်ခြင်း

  • ကြက်မဲအမများသည် တစ်နှစ်လျှင် ဥအလုံး ၁၀၀ ဝန်းကျင်လောက် ဥလေ့ရှိကြသည်။ ၄၀ ရာခိုင်နှုန်းက ဥပေါက်ပါတယ်။ တစ်ဥကို ၁၆ ဒေါ်လာခန့်ဖြင့် ရောင်းချနိုင်သည်။  ဘယ်ဥ က ပေါက်မယ်ဆိုတာ မသေချာတဲ့ အတွက် မွေးမြူရေးသမားများက ဥအများစုကို သိမ်းဆည်းရတာ ပိုကြိုက်ပါတယ်။ 
  • ပေါက်လာပေမယ့် ၇၊ ၁၀ ရက် မြောက်တဲ့ ရက်မှာ သေသွားတာလဲ ရှိပါတယ်။
  • ပိုပြီးတော့ အကုန်အကျ သက်သာစေမယ့်နည်းလမ်းကတော့ ကျန်းမာတဲ့ ကြက်ပေါက်လေးတွေ ဖြစ်လာစေဖို့ သတ်မှတ်ထားတဲ့ အပူချိန် တစ်ခုနဲ့ incubator ဥဖောက်စက် နဲ့ အနွေးဓာတ်ပေးပါတယ်။
  • ကြက်အမ တွေက နှစ်ပတ်ကနေ သုံးပတ်အတွင်း ဥထပ်ဥပါတယ်။ ဥ ဥပြီးတဲ့ အခါ ကြက်အမ ရဲ့  ခန္ဓာကိုယ် အနေအထား ပုံမှန်ဖြစ်ပြီး ဥ ဥစေဖို့  ၄ ပတ်လောက် ကြာပါတယ်။
  • ဒါကြောင့်  incubator ဥဖောက်စက် နဲ့ အနွေးဓာတ်ပေးတာက ပိုတွက်ခြေကိုက်ပါတယ်။
  • အရည်အသွေးကောင်းတဲ့ ကြက်တွေက အသက်ကြီးလာလေ အမည်းရောင် ပိုတက်လာလေ ဖြစ်ပါတယ်။ အသက် ရလ ကနေ ၈လလောက်ဆိုရင် အရောင်ရဲ့ အရည်အသွေး စုံလာပါတယ်။ တခါတရံ ကြက်ဖရဲ့ အမောက် နဲ့ မြေပေါ်မှာ ရပ်နေတဲ့ အနေအထားပေါ်မူတည်ပြီး ဈေးကွာတက်ပါတယ်
  • ကြက်ဖတွေက ကြက်အမတွေထက် ပိုဈေးကြီးပါတယ်။
  • စီးပွားရေးလုပ်ငန်းတွေမှာ ကြက်မဲက ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တဲ့ အယူရှိသလို မွေးမြူတဲ့ သူတွေအတွက် အမြတ်အစွန်းများပါတယ် 


Previous Post Next Post