Google Translate app သုံးပြီးဘာသာပြန်နည်း ၅ မျိုး


Google translate app လေးအသုံးပြုပြီး ဘာသာပြန်မယ်

google translate app ကိုစဖွင့်ပြီးဆိုရင် ဘာသာစကားများကိုရွေးချယ်ရပါတယ်။

တကယ်လို့ ဖွင့်ဖွင့်ချင်း Set up Google Translate စာသားပေါ်လာမယ်ဆိုရင် 
  • your primary language မှာ ကိုယ်ဘာသာပြန်ချင်တဲ့ ဘာသာစကား ကိုရွေးချယ်ပါ
  • ဘာသာစကား ရွေးချယ်ပြီးရင် finish လေးကိုနိုပ်လိုက်ပါ ။

Set up Google Translate စာသားမပေါ်လာဘူးဆိုရင် 

  • နောက်တစ်ဆင့်မှာတော့  သိချင်တဲ့ ဘာသာစကားတွေကို ရွေးချယ်ရမှာပါ။
translate from (ဘယ်ဘာသာက နေပြန်ဆိုမှာလဲ) ဖြစ်ပြီး  
translate to (ဘယ်ဘာသာကို ပြန်ဆိုမှာလဲ) ဖြစ်ပါတယ်။ 

နမူနာအနေနဲ့ English ကနေ Myanmar ဘာသာကို ပြန်ချင်တယ်ဆိုရင် translate from မှာ English ကို ရွေးပေးပြီး translate to မှာ Myanmar ကို ရွေးပေးပါ။

Myanmar ကနေ English ဘာသာကို ပြန်ချင်တယ်ဆိုရင် translate from မှာ Myanmar ကို ရွေးပေးပြီး translate to မှာ Englishကို ရွေးပေးပါ။

  • Google translate app မှာ မိမိ လိုချင်တဲ့ ဘာသာစကားကို translate from မှာရော translate to ကိုပါပြောင်းပေးလို့ရပါတယ်။ 
  • Detect language ဆိုတာကတော့ ကိုယ်သိချင်တာက ဘယ်ဘာသာစကားမှန်းမသိဘူးဆိုရင် Google က ရှာပေးပါတယ်။ ဘယ်ဘာသာစကားမဆို အလိုအလျောက်ဘာသာပြန်ဆိုပေးတာပါ  translate to ဖြစ်ချင်တဲ့ ဘာသာကိုတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ 
#LGTmyanmar, #BBKmyanmar
  


Google translate မှာ ဘာသာပြန်ပုံ ၅ နည်းရှိပါတယ်။  

  1. စာရိုက် 
  2. ကင်မရာ
  3. လက်ရေး 
  4. အပြန်အလှန်စကားပြောမယ်
  5. အသံ  ဖြစ်ပါတယ်။

အသုံးများဆုံးနည်းလမ်းမှာ စာရိုက်တာပဲဖြစ်ပါတယ်။ 

 Google Translate App ရယူရန် ဒီစာသားကိုနှိပ်ပါ၊

Google translate ဖြင့်စာရိုက်နည်း

နမူနာပုံစံ 

  English          ⇔    Myanmar (Burmese)
  I am hungry   ⇔    ငါဗိုက်ဆာတယ်          


အင်္ဂလိပ်လိုရိုက်ပြီးဆိုရင် ဘာသာပြန်ပြီးတဲ့အခါ အသံထွက်ပါနားထောင်လို့ ရပါတယ်။ 


Google translate ထဲမှကင်မရာဖြင့်ဘာသာပြန်နည်း



  • Google translate မှ ကင်မရာပုံလေးတွေ့ရမှာပါ နှိပ်လိုက်ပီဆိုရင် function သုံး လေး ခုပေါ်လာမှာဖြစ်ပါတယ်။ 
  • instant ဆိုတာစာကိုကင်မရာနဲ့ ချိန်လိုက်တာနဲ့ ဘာသာပြန်ပေးတယ်။ 
  • scan စာကို ဓါတ်ပုံရိုက်ပီးတော့ ဘာသာပြန်ပေးတယ်။ 
  • ဖုန်းထဲမှာရှိတဲ့ ပုံတွေကိုဘာသာပြန်ပေးတဲ့  function တွေရှိပါတယ်။
  • ကိုယ်ပြန်ဆိုမယ့် ဘာသာစကားတွေကိုတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ် ။ 


Google translate နဲ့ အပြန်အလှန်စကားပြောမယ်



  • ဘာသာစကားကိုတော့အတိအကျရွေးပေးပီးရင်တော့ အပြန်အလှန်စကားပြောလို့ရပါပြီး။
  • ကိုယ်ပြောမဲ့ဘာသာစကားရဲ့အောက်မှာမိုက်ခရိုဖုန်း သင်္ကေတလေးကို ဖိပီးအပြန်အလှန်ပြောပေးပါ။


အသံဖြင့် ဘာသာပြန်ခြင်း 



  • ဘာသာစကားကိုတော့အတိအကျရွေးပေးပြီးရင်တော့ အသံပြောလို့ရပါပြီး။
  • အသံဖြင့်မပြောခင် အောက်က မိုက်ခရိုဖုန်း သင်္ကေတလေးကို ဖိပီးအသံဖြင့်ပြောပေးပါ။ 
ယခုချိန်ထိမှာတော့ Google Translation ဘာသာပြန်ကို အသုံးပြုတဲ့အခါ ဘာသာပြန်ဆိုမှု မှားယွင်းတာတွေဖြစ်နိုင်ပေမယ့် အသုံးဝင်တဲ့ application တစ်ခုပဲ ဖြစ်ပါတယ်။






Previous Post Next Post