စွန့်ပစ်တာယာမှ တာယာ၊ ဆောက်လုပ်ရေးနှင့် လောင်စာအဖြစ် သုံးနိုင်အောင်ကုန်ကြမ်းပြုလုပ်ခြင်း

 






Shredder စက်နှင့် တာယာဖြတ်တောက်ခြင်း
  1. ပထမဆုံး #တာယာ ကို အပိုင်းပိုင်းပြတ်သွားစေဖို့ သန့်စင်ခြင်းနှင့် Knifes Cutter စနစ်ပါဝင် နေတဲ့  Primary Shredder စက်ကြီးတွေနဲ့ ဖြတ်တောက်ပါတယ်။
  2. Primary Shredder စက်တွေကို အသုံးပြုပြီး ဖြတ်တောက်မယ်ဆိုရင် လိုချင်တဲ့ အရွယ်အစား အသေးဆုံးထိ ရအောင်လုပ်လို့ရပြီး safety စနစ်ပါဝင်ခြင်း အလိုလျောက် ပိတ်ပေးခြင်းနဲ့  တာယာနဲ့ စတီး အစရှိတဲ့ heavy material တွေကို ဖြတ်တောက်ပေးနိုင်တဲ့ စက်အမျိုးအစားဖြစ်ပါတယ်။
  3. တာယာဖြတ်တောက်လိုက်တဲ့ အချိန်မှာ အရွယ်အကြီးအသေး အမျိုးမျိုး ထွက်လာတဲ့အတွက် အရွယ်ပေါ်မူတည်ပြီး နောက်တစ်ကြိမ် ထပ်မံဖြတ်တောက်ဖို့ ပထမအဆင့် shredder ဆီ ပြန်ပို့ပေးရပါတယ်။တာယာဖြတ်တောက်ခြင်းမှ ရလာတဲ့ အပိုင်းအစတွေကို ဆောက်လုပ်ရေးလုပ်ငန်း နှင့် လောင်စာဆီအဖြစ်အသုံးပြုနိုင်တဲ့ အဆင့်ရောက်ရှိသွားစေဖို့ အတွက် အသေးဆုံးအရွယ်ဖြစ်တဲ့ အထိ ထပ်မံနုပ်နုပ်စင်းဖို့လိုပါတယ်။
  4. အရွယ်အစား တဖြည်းဖြည်း သေးသေးလာပြီဆိုရင်တော့ ကြိတ်စက် အောက်ခြေကို ကျလာပြီး ကုန်ချောအဖြစ် ပြန်လည်ရောင်းချရန် ဒါမှမဟုတ် TDA (ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်း ) or TDF (လောင်စာ) ဆက်လက် ပြုလုပ်နိုင်ဖို့ ကုန်ကြမ်းဖြစ်သွားပါပြီ။
#LGTmyanmar, #BBKmyanmar

Tire Derived Aggregate (TDA)

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ အထိ ပြုလုပ်တဲ့ အဆင့်ဆင့်ကို TDA လို့ ခေါ်ပါတယ်။
မြေဖို့ခြင်း၊ လမ်းခင်းခြင်း၊ အိမ်နံရံများအဖြစ်အသုံးပြုခြင်း၊ ရေနုတ်မြောင်းများတွင် အသုံးပြုခြင်းတွေ ပြုလုပ်နိုင်ပါတယ်။





Tire Derived Fuel (TDF)

စက်ရုံသုံး လောင်စာအဖြစ်အသုံးပြုနိုင်အောင်  ပြုလုပ်တဲ့ အဆင့်ဆင့်ကို TDF လို့ ခေါ်ပါတယ်။
ဘိလပ်မြေဖိုများ၊ ရေနွေးငွေ့ပေးစက်၊ ဘွိုင်လာများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ လောင်စာအဖြစ် အသုံးပြုနိုင်ပါတယ် ။




ရာဘာထဲကနေ စတီးဝါယာများ ခွဲထုတ်ခြင်း အဆင့်
  1. တာယာ အပိုင်းအစများဖြစ်တဲ့ ရာဘာထဲကနေ စတီးဝါယာများ ခွဲထုတ်ဖို့အတွက်  liberator စက် နှင့် steel reclaim စနစ် တွေကို အသုံးပြုပါတယ်။
  2. ၄ လက်မ မှ ၆ လက်မအရွယ်ရှိတဲ့ ရာဘာအပိုင်းအစတွေကို တုန်ခါစနစ် ကို အသုံးပြုပြီး သံလိုက်စနစ်နဲ့ ရာဘာကနေ စတီးတွေကို ခွဲထုတ်ပေးပါတယ်။
  3. စတီးတွေ ဖယ်ထုတ်လိုက်တဲ့အတွက် ရာဘာအရွယ်အစားနှင့် အလေးချိန် လျော့သွားပါတယ်။ ဒီအဆင့်ကနေ ရရှိလာတဲ့ စတီးတွေကို ပြန်လည်ရောင်းချပါတယ်။
  4. Pyrolysis process အတွက် သုံးဖို့ သို့မဟုတ် အရွယ်အစား ထပ်မံ သေးဖို့အတွက် နောက်ထပ် အဆင့်ဆင့် ဆက်လက်လုပ်ဆောင်နိုင် ပေးရပါတယ်။

Pyrolysis process ဆိုတာကတော့ ကာဗွန်အခြေခံထုတ်ထားတဲ့ ပစ္စည်းများကို  မြင့်မားတဲ့ အပူချိန်နဲ့  အောက်ဆီဂျင် မပါဝင်ပဲ ဓာတ်ခွဲပေးနိုင်တဲ့ စနစ်ပါ။ Pyrolysis စနစ်ကနေ အစိုင်အခဲ (မီးသွေး၊ Biochar)၊ အရည်နှင့် အရည်အဖြစ်သို့ပြောင်းလဲဖို့မလွယ်ကူသော ဓာတ်ငွေ့များ (H2၊ CH4၊ CnHm၊ CO၊ CO2 နှင့် N) တို့ ရရှိပါတယ်။

တာယာမှာ ရောပါနေတဲ့ ဖိုင်ဘာ ပါဝင်မှုကို ဖယ်ထုတ်ခြင်း  - Granulation 

ဒီအဆင့်ကနေ ရာဘာတွေကို မီလီမီတာ(mm) အသေးဆုံး အရွယ်အစားထိ ဖြစ်သွားစေပြီး ဖိုင်ဘာတွေကို ဖယ်ထုတ်တာပါ။ ဖိုင်ဘာနဲ့ တခြားပါဝင်မှုတွေကို ဖယ်ထုတ်နိုင်ဖို့ လေစုပ်စနစ်ကိုပါ အသုံးပြုပါတယ်။

နောက်ဆုံးအဆင့် ရောက်လာတဲ့အခါ ရာဘာအမှုန့်များက အမှုန့်အရွယ်အစားအလိုက် အလွှာ အထပ်ထပ်နှင့် ခွဲခြားပြီး တာယာအဖြစ် ပြန်လည်အသုံးပြုနိုင်တဲ့ 10 to 80 mesh အထိ ရရှိနိုင်ပါတယ်။ တာယာပြန်ထုတ်နိုင်တဲ့ အထိ ထုတ်မယ် ဆိုရင်တော့ ရာဘာနဲ့ စတီး လုံးဝမပါဝင်တော့တဲ့ အဆင့်ဖြစ်ရပါမယ်။

လောင်စာအတွက်ဆိုရင် ရာဘာ 25 mm ကနေ 100 mm ထိ အရွယ်အစားကို အသုံးပြုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးအတွက်ဆိုရင်တော့  100 mm မှ 400 mm ထိ အရွယ်အစားကို အသုံးပြုပါတယ်။


Previous Post Next Post