ထောပတ်သီး ရေညှိထမင်းလိပ် လုပ်နည်း



အရမ်းလွယ်ကူပြီး ကျန်မာ‌ရေးနဲ့ ညီညွတ်တဲ့ ထောပတ်သီး ဆူရှီလိပ် လုပ်စားကြမယ်။
ကိုယ်တိုင်လဲ လတ်လတ်ဆတ်ဆတ်စားလို့ရမှာဖြစ်သလို စီပွားဖြစ်လဲ လုပ်ရောင်းလို့ရပါတယ်။
ရေညှိဖက်မှာ များစွာသော ပရှိတင်းတွေ ပါဝင်ပါတယ်။

 #LGTMyanmar, #BBKMyanmar

ထောပတ်သီး ဆူရှီလိပ် လုပ်ရာတွင် လိုအပ်သောပစ္စည်းများ
  1. ဆူရှီလိပ်တဲ့ ဝါးပြားကတ်
  2. ရေညှိဖက်
  3. ထောပတ်သီး
  4. ဆူရှီ ထမင်း 50 ဂရမ်

ထောပတ်သီး ဆူရှီလိပ်ပုံ အဆင့်အဆင့်
  • ထောပတ်သီးကို ထိပ်ကိုဖြတ်ပြီးတော့ အလယ်ကနေ နှစ်ခြမ်းခွဲပါမယ်။  အစေ့ကို ဓါးနဲ့ပေါက်ပြီးတော့ လှည့်ပြီးတော့ ထုတ်လိုက်ပါ။ ပြီးရင်တော့ အခွံခွာပါမယ်။ ဓါးထက်ထက်လေးနဲ့ လှီးပေးရပါမယ်။ 
  • ‌ရေညှိဖက်ကိုယူပါ ပြီးနောက် ဆူရှီထမင်းကို အလယ်မှာချပြီး လိုအပ်နေသာ နေရာများကို ဖြည့်စွက်ပေးပါ။ ‌ထမင်းမကပ်ထားတဲ့ ရေညှိဖက်အသားပို 1cm ချန်ထားပေးဖို့လိုပါတယ်။
  • လှီးထားသော ထောပတ်သီးအပိုင်းများကို ထည့်ပြီးနောက် စတင်လိမ့်လို့ရပါပြီ။ 
  • ဆူရှီလိပ် ကျစ်သွားအောင် ၂ကြိမ် ၃ကြိမ် ဝါးပြားကတ်လေးနဲ့ လိပ်ပေးပါ။
  • အလယ်ကနေ အရင်ပိုင်းလိုက်ပြီး လိုချင်တဲ့ အနေအထားကို ထပ်လှီးပေးပါ။
  • ထောပတ်သီး ဆူရှီလိပ်လေးကို စားသုံးလို့ရပါပြီ။ 

Previous Post Next Post