#ငရုတ် ကို မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။ ယေဘုယျအားဖြင့် (အချိုနှင့်အစပ်) ဟူ၍ (၂)မျိုး ခွဲခြားထားသည်။ ငရုတ်ကို အသီးသီးသည့်ပုံစံပေါ် မူတည်၍ မိုးထောင်သီးနှင့် အောက်ဆွဲသီးဟူ၍ နှစ်မျိုးရှိပြီး အသီးပုံစံမှာ အရှည်၊ အပု၊ အလုံး၊ အဝိုင်းဟူ၍ ပုံသဏ္ဍာန်အမျိုးမျိုး ရှိကြသည်။ ငရုတ်ကို ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ အစိမ်းနှင့်အခြောက် (၂)မျိုးလုံးအတွက် စိုက်ပျိုးကြသည်။ ငရုတ်စိမ်းသည် ဈေးနှုန်းအတက်အကျ များလေ့ရှိသော်လည်း၊ ဈေးကောင်းရလျှင် အကျိုးအမြတ်များတတ်သည်။ ... ငရုတ်ခြောက်မှာမူ အစိုနှင့်ယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လေ့ရှိပြီး အထွက်နှုန်းနည်းသဖြင့် ပုံမှန်အကျိုးအမြတ်သာ ရရှိနိုင်သည်။ ငရုတ်သည် ... အပင်သက်တမ်း ၃လခွဲမှစ၍ စတင်ခူးဆွတ်နိုင်ပြီး အပင်သက်တစ်နှစ်အထိ ခူးဆွတ်နိုင်သည်။ ဒေသနှင့် ကိုက်ညီပြီး အထွက်ကောင်းသော၊ ဈေးနှုန်းကောင်းသောမျိုးများအား ရွေးချယ်စိုက်သင့်သည်။
#LGTmyanmar, #BBKmyanmar
.
Ebook တစ်အုပ်လုံးရယူရန် download link - https://themimu.info/sites/themimu.info/files/assessment_file_attachments/Chilli_Book_Options_Final_FA_Reduced_0.pdf